၂၀၁၉ နှစ်အတွင်း ဗြိတိန်နိုင်ငံသားတွေ သောက်သုံးခဲ့တဲ့ အားဖြည့်အချိုရည်စုစုပေါင်း ၆၇၉ မီလျံ လီတာရှိပါတယ်။ အားဖြည့်အချိုတွေ ပုံမှန်သောက်သုံးတဲ့သူတွေဟာ သာမန်လူတွေထက် လေဖြတ်နိုင်ချေ ၅ ဆတိုးလာနိုင်ကြောင်းသုတေသီတွေက သတိပေးချက်ထုတ်ပြန်လိုက်ပါပြီ ။ အားဖြည့်အချိုရည်တွေဟာ Arrhythmia လို့ခေါ်တဲ့ နှလုံးခုန်မူမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် လေဖြတ်နိုင်ချေတိုးလာရတာပဲဖြစ်ပါတယ်။

“အားဖြည့်အချိုရည်မှာ ပါဝင်တဲ့ ကဖင်းဓါတ်တွေဟာ နှလုံးခုန်ခြင်းကိုမူမမှန်ဖြစ်စေပါတယ်။တစ်နေ့ကို ကော်ဖီ ခြောက်ခွက် ခုနှစ်ခွက်သောက်မယ်ဆိုရင်လည်း နှလုံးခုန်မူမှန်ဖြစ်စေနိုင်တယ်ဆိုပေမယ့် အားဖြည့်အချိုရည်တွေရဲ့ သက်ရောက်မှုက ကော်ဖီထက်ကို အများကြီးပိုပြင်းထန်ပါတယ်” လို့ The Arrhythmia Allicance ရဲ့တည်ထောင်သူ CEO Trudie Lobban က ပြောထားပါတယ်။

ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်တဲ့အသက် ၅၂ နှစ်အရွယ် Mark Horsman ဟာဆိုရင် တစ်နေ့ကို ကော်ဖီ ၈ ခွက်နဲ့ Red Bull ၃ ဘူးသောက်သုံးခဲ့တာကြောင့် နှလုံးဖောက်ပြန်တဲ့ဝေဒနာခံစားခဲ့ရပြီး သေလုနီးပါးဖြစ်သွားခဲ့ရဖူးပါတယ်။ အားဖြည့်အချိုရည် ၂၅၀ မီလီလီတာတိုင်းမှာ ကဖင်းဓါတ် ၂၀ မီလီဂရမ်ပါဝင်နေလေ့ရှိတဲ့အတွက် သာမန်ကိုလာဘူးတွေမှာပါဝင်တဲ့ ကဖင်းဓါတ်ထက် ၂ ဆပိုများနေပြီး Espresso ၆၀ မီလီမီတာမှာပါရှိတဲ့ ကဖင်းဓါတ်နဲ့တူညီတဲ့ပမာဏဖြစ်နေပါတယ်။

British Hearth Foundation မှ စီနီယာနှလုံးအထူးကု နာ့စ်မတစ်ယောက်ဖြစ်တဲ့ Julie Ward ကတော့ သင့်တင့်မျှတတဲ့ပမာဏတစ်ခုအတိုင်းသောက်သုံးမယ်ဆိုရင်တော့ခန္ဓာကိုယ်ကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ရှင်းပြထားပါတယ်။ဒါပေမယ့် တကယ်လို့ ကော်ဖီ သို့မဟုတ် အားဖြည့်အချိုရည် သောက်ပြီးနောက် နှလုံးခုန်မမူမှန်တာမျိုးခံစားရရင်တော့ ဒါတွေကိုလုံးဝဆက်မသောက်သင့်ပါဘူး လို့ သတိပေးပြောကြားခဲ့ပါတယ်။

Writer – Min Thu ( XYZ News )

Ads