ဆားဝက်ခြံ (blackheads)ဆိုတာ ဘာလဲ?ဆားဝက်ခြံဆိုတာဟာ အဆီများ,အရေပြားဆဲလ်သေများ,ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ဝင်ရောက်ပိတ်ဆိုြ့ခင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာတစ်ခုဖြစ်ပါသည်။

-ဆားဝက်ခြံများသည် မျကိနှာပေါ်တွင်သာမက ကျောဘက်,နားရွက်နှင့် ချွေးပေါက်ရှိသောအခြားနေရာများပေါ်တွင်လဲ ဖြစ်ပေါ်နိူင်ပါတယ်။

-skin care အမျိူးမျိူးအသုံးပြုပေမယ့် ဆားဝက်ခြံတွေရှိနေသေးတယ်ဆိုသူတွေအတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့အောက်ပါနည်းလမ်းတွေကို စမ်းသပ်ကြည့်နိုင်ပါတယ်နော်။

(1)သံပရာသီး
သံပုရာသီးအရည်ဟာ ချွေးပေါက်တွေကို သိသာစွာ ကျဉ်းစေတဲ့အပြင် အသားအရေကိုသဘာဝအတိူင်း သန့်စင်ပေးနိုင်ပါတယ်။ဝက်ခြံပိုးတွေကို သေစေတဲ့အပြင် ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ သံပုရာသီးကိုအသုံးပြုနိုင်ပါတယ်။အသုံးပြုပုံကတော့ သံပုရာသီးကိုအရည်ညှစ်ကာ မျကိနှာပေါ်တွင် သုတ်လိမ်းပြီး တစ်ညလုံးထားပါ။မိုးလင်းတဲ့အခါ ရေကြက်သီးနွေးဖြင့်ဆေးကြောပါ။ လိမ်းတဲ့အချိန် ပူတာမျိူး,ဓာတ်မတည့်တာမျိူးရှိပါက ချက်ချင်းရေပြန်ဆင်းရပါမယ်။ တစ်ခုသတိပြုဖို့က သံပုရာသီးက သင့်အသားအရည်ကို နေလောင်ဒဏ်ပိုခံရစေလို့ နေပူထဲသွားတဲ့အခါ နေလောင်ခံခရင်မ်ကိုအသုံးပြုပေးရပါမယ်။

(2)သံပုရာနှင့်ပျားရည်
သဘာဝကြေးညော်ချွတ်ဆေးဖြစ်ပါတယ်။အရမ်းအဆီပြန်တတ်တဲ့အသားအရေအတွက် ပျားရည်အစား ဒိန်ချဉ်သုံးနိုင်ပါတယ်။သံပုရာရည်ကို ပျားရည်လက်ဖက်စားဇွန်း၁ဇွန်းရောပြီး လိမ်းပေးပါ။ ၁၀မိနစ်ကြာလျှင် ရေပြန်ဆေးပါ။

(3)ကွေကာအုတ်
ကွေကာအုတ်ဟာ မျက်နှာပေါ်က အဆီမှန်သမျှကိုတိုက်ထုတ်ပေးနိူင်တဲ့ သဘာဝဆေးတစ်ခုပါပဲ။ကွေကာ၁ခွက်စာကို ပြုတ်ပြီးနောက် အအေးခံထားပါ။ထို့နောက် ပျားရည်အနည်းငယ်ထည့်ပြီး မျက်နှာပေါ်တွင် လိမ်းပေးပါ။၁၀မိနစ်ကြာသောအခါ ရေပြန်ဆေးချဖို့မမေ့နဲ့နော်။မှန်မှန်လိမ်းပေးပါက ရလဒ်မြန်မြန်ရတာတွေ့ရပါတယ်။ ပျားရည်မသုံးချင်းပါက ဒိန်ချဉ်စားပွဲတင်ဇွန်း၃ဇွန်းနဲ့သံပုရာရည်စားပွဲတင်ဇွန်း၂ဇွန်းရောပြီးလိမ်းနိုင်ပါတယ်။၁၀မိနစ်ပဲထားပြီးရေဆေးပါ၊ တစ်ပတ်ကို၂ကြိမ်ထက်ပိုမလုပ်သင့်ပါဘူး။

(4)ကြက်ဥအကာ
ကြက်ဥတစ်လုံးကိုခွဲကာ အကာကိုယူပြီး အမြှုပ်ထွက်အောင်ခေါက်ပါ။မျက်နှာပေါ်တွင်၁၅မိနစ်ခန့်ထားပြီး ရေဆေးပါ။ ကြက်ဥအကာဟာ အဆီတွေကိုစုပ်ယူနိူင်ပေမယ့် အသားခြောက်စေလို့ တစ်ပတ်၁ခါသာ ပြုလုပ်သင့်ပါတယ်။

(5)သခွားသီး
သခွားသီးတစ်လုံးကို အခွံနွှာကာ မွှေစက်ထဲ ထည့်မွှေပါ။ ရလာသော ခပ်ပျစ်ပျစ်အနေအထားကို မျက်နှာပေါ်တွင်လိမ်းပါ။၁၀မိနစ်ထားပြီးနောက် ရေဆေးပါ။

(6)အာလူး
အာလူးကိုအခွံခွားပြီး ခြေထားပါ။ ရေအနည်းငယ်ရောပြီး မျက်နှာပေါ်တွင် ၁၀မိနစ်ခန့်ထားပြီး ရေဆေးချပါ။

(7)ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ အသားအရေလှပဖို့အတွက် လိုအပ်တဲ့ဗီတာမင်တွေပါသော အသီးတစ်မျိူးဖြစ်ပါတယ်။အဆီပြန်မှုကိုလျှော့ချပေးပါတယ်။အကွင်းလိူက်လှီးပြီး မျက်နှာပေါ်ကပ်နိုင်သလို အရည်ညှစ်ကာ ပျားရည်နဲ့ရောပြီး လိမ်းလို့ရပါတယ်

(8)ရှားစောင်းလက်ပတ်
အရေပြားပေါ်က ပိုးမွှားတွေကိုသေစေပါတယ်။အသားအရေကို ကြည်လင်တင်းရင်းစေပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကိုခြစ်ကာ မျက်နှာပေါ်တွင် လိမ်းပေးထားပါ။

ကဲ.. ကျွန်မတို့ မီးဖိုချောင်ထဲက အလွယ်တကူရနိူင်တဲ့ ပစ္စည်းလေးတွေက ဘယ်လောက် အစွမ်းထက်လဲ သိပြီမလား။ အခုပဲ လက်တွေ့အသုံးချကြည့်နော်။

Dr Jue (XYZ News)

Ads