ဗီယက်နမ်နိုင်ငံတောင်ပိုင်းကုန်းမြင့်ဒေသက ဒက်နွန်ခရိုင်မှာ မိသားစုပိုင် ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဟာ ကော်ဖီထုတ်လုပ်ရာမှာ အန္တရာယ်ဖြစ်စေတဲ့ပစ္စည်း တွေ ထည့်သွင်းပြုလုပ်တာကြောင့်ဖမ်းဆီခံခဲ့ရပါတယ်။

ရဲတွေက သူ့ရဲ့ကော်ဖီလုပ်ငန်းကို ဝင်ရောက်ရှာဖွေရာမှာ ဘက်ထရီအဟောင်းတွေကထုတ်လုပ်ထားတဲ့ အမှုန့်နဲ့ အရည်တွေကိုပါ အသင့်သောက်သုံးရန်အဆင့်ရှိပြီးသား ကော်ဖီမှုန့်တန်ချိန်အများအပြား ေ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဒက်နွန်ခရိုင်ရဲက ဒီလို လူတွေကို ဒုက္ခပေးတဲ့ ညစ်ပတ်တဲ့ ကော်ဖီတွေကို ထုတ်လုပ်တဲ့လုပ်ငန်းရဲ့ပိုင်ရှင် အပါအဝင် ပါဝင်ပတ်သတ်နေသူအားလုံးကိုလဲ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီ ကော်ဖီတွေကို ဈေးပေါပေါနဲ့ရောင်းဖိုအတွက် ဖုန်မှုန့်၊ ကျောက်မှုန့်နဲ့ သုံးပြီးသားဘက်ထရီအဟောင်းတွေက ရတဲ့ အမှုန့်တွေနဲ့ ရောစပ်ပြုလုပ်ပြီး အဆင့်မမှီတဲ့ကော်ဖီစေ့တွေကို အမှုန့်ကြိတ်ပြီးပြုလုပ်တာ တာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ လွမ်က ပြောပါတယ်။

ဒီလို ညစ်ပတ်တဲ့ကော်ဖီမှုန့်လုပ်ငန်းကို ၂၀၁၈ ခုနှစ်အစပိုင်းကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ဆီက အန္တရာယ်များတဲ့ ကော်ဖီမှုန့်တွေဟာ ဈေးကွက်ထဲမှာ ၃တန်လောက်အထိ ရောင်းချပြီးပြီလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ရဲတွေဟာ ဖမ်းဆီးရမိတဲ့ ကော်ဖီမှုန့်တွေရဲ့ အန္တရာယ်ကို သိရှိနိုင်ဖို့ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပါတယ်။ ကော်ဖီမှာ အသုံးပြုထားတဲ့ ဓာတုဗေဒပစ္စည်းအားလုံးဟာ အလွန်အမင်း အဆိပ်သင့်စေတတ်တဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်ပြီး သောက်သုံးမိသူတွေကို ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးသွေးလွှတ်ကြော နဲ့ မျိုးပွားခြင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပြီး အများအပြားသောက်မိရင် အသက်သေဆုံးတဲ့ထိ ပြင်းထန်တယ်လို့ ဗီယက်နမ်အမျိုးသားတက္ကသိုလ်ရဲ့ အာဟာရဆိုင်ရာ ကျွမ်းကျင်သူပညာရှင်က ဆိုပါတယ်။

Ref : dtinews

Writer : Min Thu (XYZ News)

Ads