ဖေဖော်ဝါရီ ၁၄ ရက် မှာ လူတစ်ရာကျော်ထပ်မံ သေဆုံးခဲ့လို့ တရုတ်မှာ သေဆုံးသူ စုစုပေါင်း ၁၅၂၁ ဦး အထိရှိလာပါပြီ။ ကူးစက်ခံထားရသူကလည်း ၆၇၀၀၀ ကျော်လာပြီလို့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။ အခုလိုသေဆုံးသူတွေထဲမှာ ကျန်းမာရေး၀န်ထမ်း ၆ ဦးလဲပါ၀င်ပြီး ၁၇၀၀ ကျော်ကတော့ ရောဂါကူးစက်ခံထားရတယ်လို့သိရပါတယ်။

တရုတ်မှာ ဗိုင်းရပ်စ် ကူးစက်မှု အဓိက ဖြစ်နေတဲ့ ဟူဘေးပြည်နယ်မှာ အခု ရက်ပိုင်းအတွင်း သေဆုံးသူ ရုတ်တရက် များပြားသွားလာနေပေမယ်် ဗိုင်းရပ်စ်ရဲ့ ကူးစက်သေဆုံးမှု ပုံစံ သိသိသာသာ မပြောင်းသွားဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်မှု သိပ်မမြင့်မားဘူးလို့ ပြောကြားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနဲ့ ပြင်းထန်နှုန်း ပုံစံတွေမှာ သိသိသာသာ အပြောင်းအလဲမရှိဘူးလို့လည်း WHO က ထုတ်ပြန်ထားပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်မှုအကြောင်းကို ဒီဇင်ဘာ ၃၀ ရက်မှာ စတင် သတိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်း ဖေဖော်ဝါရီ ၇ ရက်မှာ သေဆုံးခဲ့ပြီးနောက် ပြည်သူတွေက အစိုးရကို အပြစ်တင်ခဲ့ကြသလို ကျန်းမာရေး၀န်ထမ်းတွေကိုလဲ စာနာသနားနေကြတယ်လို့သိရပါတယ်။

Ref; BBC News
Writer_HULK ( XYZ News )

Ads