လေ့လာချက်များစွာအရ ပျော်ရွင်သော ဆက်ဆံရေး၊အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော စုံတွဲများအနေနဲ့ ပိုမိုဝိတ်တက်ကြောင်းသိရပြီး ထိုအတွက် သက်သေပြချက်များလဲ ရှိပါတယ်။

-အမေရိကန်နိုင်ငံ North Carolina တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့က စုံတွဲပေါင်း၈၀၀၀ကျော်ကို ကိုယ်အလေးချိန်တိုင်းပြီး လေ့လာရာမှာ လက်ထပ်ပြီးအမျိူးသမီးတစ်ယောက်သည် လက်ထပ်ပြီး ၅နှစ်ကနေ၆နှစ်အတွင်း ၂၄ပေါင်အထိ ၀ိတ်တက်နိုင်ပါတယ်။

ထို့ပြင် လက်မထပ်သေးပေမယ့် ချစ်သူနဲ့အတူနေသောအမျိူးသမီးများဟာ ၂၂ပေါင်တက်နိုင်ပြီး အမျိူးသားနဲ့အတူမနေပဲ ရိုးရိုးသာ တွဲသွားတွဲလာလုပ်သူများအနေနဲ့၁၃ပေါင်သာ ၀ိတ်တက်ကြောင်းတွေ့ရှိပါတယ်။

-ရည်းစားရှိသောအမျိူးသားများအနေနဲ့လဲ single ဘဝကထက် ၀ိတ်က်လာတာကိုတွေ့ရပါတယ်။အတူနေချစ်သူရှိသူအမျိူးသားများဟာ မရှိသူအမျိူးသားများထက် ၂၅ပေါင်ပိုမိုဝိတ်တက်တာတွေ့ရပါတယ်။

-လေ့လာချက်ကို အချူပ်ဆိုရသော် သာယာသောဆက်ဆံရေးရှိခြင်းနဲ့ ၀ဖြိုးခြင်းဟာ အမှန်ပဲဆက်စပ်မှုရှိနေတာတွေ့ရမှာပါ။ ကာလကြာရှည် သာယာသော ဆက်ဆံရေးရှိသူများအနေနဲ့ ၀ဖြိုးလာသော်လည်း ဆေးလိပ်အရက်သောက်သုံးသောစုံတွဲတွေအနေနဲ့တော့ ကိုယ်အလေးချိန်ကျတတ်ကြောင်းတွေ့ရှိရပါတယ်။

လက်ထပ်ပြီးစ စုံတွဲများ

-အမေရိကန်နိုင်ငံ National Instistute of Health ရဲ့လေ့လာချက်အနေနဲ့ လက်ထပ်ပြီးစ ကြင်စဦးမောင်နှံများတွင် ၀ဖြိုးခြင်းကတော့ ပျော်ရွင်ခြင်းကြောင့်ဖြစ်နိုင်သလို ၀မ်းနည်းခြင်းကြောင့်လဲ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါဟာ လက်ထပ်ပြီး၄နှစ်ကြာသောစုံတွဲများကို လေ့လာခဲ့ခြင်းဖြစ်ပြီး သုူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ဖိစီးမှုကို တိုင်းတာခဲ့တာ ဖြစ်ပါတယ်။

-အချူပ်အားဖြင့် ပျော်ရွင်သောအိမ်ထောင်ရေးပိုင်ဆိုင်သူတွေဟာ တစ်ခြားတစ်ယောက်ထပ်ရှာဖို့မလိုတာကြောင့် ၀ိတ်တက်လာကြပြီး ၀ိတ်တက်ခြင်းကြောင့်လဲ အထူးတလည်စိတ်ညစ်ခြင်းမရှိကြပါဘူး။ဒါပေမယ့်သာယာသောအိမ်ထောင်ရေးကိုမပိုင်ဆိုင်သူများအနေနဲ့တော့ စိတ်ဖိစီးမှုကြောင့်လဲ ၀လာတာရှိသလို ပိန်သွားသူများလဲရှိပါတယ်။

၀ခြင်းက ကူးစက်စေတယ်

-England ဂျာနယ်တစ်ခုရဲ့လေ့လာချက်အရ စုံတွဲတွေဟာ တစ်ယောက်ဝရင်နောက်တစ်ယောက်ပါ လိုက်ဝလာတာတွေ့ရပါတယ်။ဒါဟာ တစ်ယောက်နဲ့တစ်ယောက်နေ့စဉ်တွေ့ရာကနေ အမူအကျင့်တွေကူးသွားတာနဲ့ဆိုင်ပါတယ်။ ပြောင်းပြန်အားဖြင့် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေသော စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်မျက်နှာချင်းမဆိုင်တာမို့ အကျင့်တွေကူးစက်ဖို့ ခဲယဉ်းပါတယ်။

-ဒါကြောင့် ချစ်ခင်ပျော်ရွင်သောစုံတွဲတွေအနေနဲ့လဲ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်သောအစာစားပုံနဲ့ ကျန်းမာရေးလိုက်စားပုံများကို မျှဝေဖို့လိုအပ်ပါတယ်။ဒါမှသာ အဝလွန်ခြင်းကိုကာကွယ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်ကာ အတူတကွ သက်တမ်းရှည်ရှည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Writer-Dr Jue ( XYZ News )

Ads