အချိန်နဲ့အမျှရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်တွေကဆိုးဝါးလာနေလို့အစိမ်းရောင်တံတိုင်းလိုမျိုးစီမံကိန်းတွေကအနာဂတ်အတွက်မျှော်လင့်ချက်ပါပဲ။အာဖရိကခေါင်းဆောင်တွေရဲ့ပန်းတိုင်ကတိုက်တခုလုံးရဲ့မိုင်၅၀၀၀လောက်ကိုစိုက်ဖို့ဖြစ်ပြီးရာသီဥတုပြောင်းလဲမှုရပ်ခြင်း၊သဲကန္တာရတွေများတာကိုတားဆီးခြင်းနဲ့အဲဒီဒေသမှာနေတဲ့လူသန်းပေါင်းများစွာရဲ့ဘဝကိုပိုကောင်းစေခြင်းစတာတွေမျှော်လင့်ပါတယ်။ အစိမ်းရောင်တံတိုင်းက၁၅ရာခိုင်နှုန်းပြီးနေပြီးအရင်ကနဲ့မတူတဲ့ဘဝကိုပေးနေပါပြီ။ကျွန်ုပ်တို့ကလဲရာသီဥတုပြောင်းလဲမှုကိုတိုက်ခိုက်မှုကိုတွေ့ပြီးသင့်ကိုဒီအကြောင်းမျှဝေချင်ပါတယ်။

ပြီးခဲ့တဲ့ရာစုနှစ်ကအပင်တွေနဲ့ဖန်တီးထားတဲ့အစိမ်းရောင်တံတိုင်းတည်ဆောက်ဖို့အကြံကိုတော့အင်္ဂလိပ်သစ်တောပိုင်းလှုပ်ရှားသူဖြစ်တဲ့ရစ်ချက်စိန့်ဘာဘီဘိတ်ကာကစခဲ့တာပါ။ဒါပေမယ့်၂၀၀၇ခုနှစ်ကအထိအကောင်အထည်မပေါ်ပဲယနေ့မှပဲအစကိုတွေ့ရတာပါ။ အရမ်းဝေးတဲ့သန်း၄၀ဟက်တာရှိတဲ့ကန္တာရမြေကိုပြန်ရှင်သန်စေပြီးတနှစ်ကိုလူ၂.၅သန်းလောက်အတွက်လောက်ငစေမယ့်ကောက်ပဲသီးနှံတနှစ်တန်၅၀၀၀၀၀လောက်စိုက်ပျိုးမှာပါ။ဒိစီမံကိန်းသာအခုအတိုင်းဆက်သွားရင်အာဖရိကရဲ့ကန္တာရကလူတွေအတွက်ပြန်ရှင်သန်ဖို့နည်းကိုပေးမှာပါ။

အစိမ်းရောင်တံတိုင်းကြီးကိုဧကသန်း၁၉၂၇၄၂၁၉၇၅အထိစိုက်မှာဖြစ်ပြီးလူပေါင်း၂၃၂သန်းအတွက်ရည်ရွယ်ပါတယ်။ဒီတံတိုင်းကအာဖရိကရဲ့ကန္တာရဒေသတွေကိုပြန်ရှင်သန်စေသလိုနိုင်ငံ၁၁နိုင်ငံရဲ့ဂေဟစနစ်ကိုကူညီနိုင်မှာပါ။ လူထောင်ပေါင်းများစွာကအပင်တွေကိုစိုက်ပြီးအစိမ်းရောင်တံတိုင်းစီမံကိန်းကိုစအကောင်အထည်ဖော်ခဲ့တာပါ။ဒါကရေရှည်စီမံကိန်းဖြစ်ပြီးပြီးမြောက်ဖို့ဆယ်စုနှစ်တခုကြာမှာပါ။ဒါကလူတွေအလုပ်လဲပေးမှာဖြစ်လို့အာဖရိကကပြောင်းရွှေ့ခြင်းတွေလဲလျော့နည်းစေမှာပါ။

ပြီးသွားမယ်ဆိုရင်အစိမ်းရောင်တံတိုင်းစီမံကိန်းကအာဖရိကတိုက်ကိုအပြောင်းအလဲကောင်းတွေဖြစ်လာစေမှာပါ။:ကန္တာရရဲ့ပြဿနာတွေအတွက်အဖြေတခုဖြစ်လာပြီးရှားပါးမှုတွေလဲလျော့စေမှာပါ။ခြောက်သွေ့တဲ့ဒေသ၈၆၈၇စတုရန်းမိုင်ကိုစိုက်ပျိုးရေးနေရာအဖြစ်အသုံးပြုလာနိုင်မှာပါ။ဆာဟာရနဲ့ဆာဟယ်နေရာတွေကိုရေ၊မြေဆီလွှာ၊အင်စတဲ့ဂေဟစနစ်တွေပြန်ရှင်သန်လာစေမှာပါ။ကာဗွန်တန်ပေါင်းသန်း၂၅၀ကိုစုပ်ယူနိုင်လို့ရာသီဥတုပြောင်းလဲခြင်းနဲ့လေညစ်ညမ်းခြင်းကိုခုခံနိုင်မှာပါ။ဆင်းရဲတဲ့ဒေသတွေကိုအလုပ်အကိုင်၁၀သန်းလောင်ပေးနိုင်ပြီးနှစ်စဉ်ငတ်မွတ်မှုဒဏ်ကိုခံနေရတဲ့လူပေါင်း သန်း၂၀ကိုအစာထောက်ပံ့ပေးနိုင်မှာပါ။

အစိမ်းရောင်တံတိုင်းစီမံကိန်းကို၂၀၃၀ခုနှစ်မှာပြီးဖို့ရည်ရွယ်ပြီးလက်ရှိကန္တာရဒေသဧက၂၄၇၁၀၅၃၈၁ကိုပြန်လည်ရှင်သန်စေမှာပါ။ရည်ရွယ်ချက်ပြည့်ဖို့တနှစ်ကို၁၀သန်းဟက်တာလောက်ပြီးဖို့လိုပါတယ်။ပြီးတော့စီမံကိန်းပြီးခဲ့မယ်ဆိုရင်အစိမ်းရောင်တံတိုင်းကကမ္ဘာပေါ်ကအကြီးဆုံးရှင်သန်မှုဖြစ်လာပြီးမျိုးဆက်သစ်တွေအတွက်ပိုကောင်းတဲ့ကမ္ဘာကိုဖန်တီးပေးမှာပါ။
အကြီးဆုံးကျောက်အကာထက်၃ဆရှိတဲ့အစိမ်းရောင်တံတိုင်းက၈ခုမြောက်ကမ္ဘာ့အံ့ဖွယ်ဖြစ်လာမှာပါ။

Writer -Min Thu ( XYZ NEWS )