လန်ဒန်မြောက်ပိုင်း Newton Way, Edmonton မှာ နေထိုင်သူ အသက် 72 အရွယ် မိုဟာမက်ဒူဟူး လို့ အမည်ရတဲ့ အသက် 10 နှစ်မှ 13 နှစ်အရွယ် ကောင်မလေးတွေကို အသက်အရွယ်ကြီးပြီး အမြန်အပျိုဖော်ဝင်လိုလျင် မိမိနဲ့ ဆက်ဆံရမည်ဟု ဖျားယောင်းကာ ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။ ပြစ်မှုပေါင်းများစွာနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဒူဟူ ဟာ ထောင်ဒဏ် 19 နှစ်ခွဲ ချမှတ်ခံထားရပါတယ်။

တရားသူကြီး Sally က ” သင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ရင်သားနဲ့ မအင်္ဂါတို့ကို ညာပြီး ကိုင်တွယ်ခဲ့တယ်။ အခု ရုံးတော်မှာရောက်နေတဲ့ ကောင်မလေးဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ အလွန်ငယ်ရွယ်
ချိန်ပဲ … သူမဟာ မိဘနှစ်ပါး ကွဲကွာနေတဲ့အတွက် ဖခင်မေတ္တာငတ်နေသူဖြစ်တယ် … ဒါကို သင်က မစောင့်ရှောက်ပဲယုတ်မာ မိုက်ရိုင်းခဲ့တယ် …” ဟု ပြောခဲ့ပါတယ်။

မိုဟာမက်ဒူဟူ ဟာ ပြစ်မှု 24 မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး တရားရင်ဆိုင်ချိန်မှာ အာမခံပိုက်ဆံပေးသွင်းပြီး ပြင်ပမှာ နေထိုင်နေချိန်မှာတောင် အခြားကလေးငယ်တစ်ယောက်ကို ဆက်လက်ကျူးလွန်ခဲ့သည်အထိ မိုက်ရိုင်းခဲ့တယ်လို့ သိရပါတယ်။

 

မိုဟာမက်ဒူဟူး ဟာ ငွေကြေးတက်နိုင်တဲ့အတွက် အရွယ်မရောက်သေးသူ ကလေးမလေးတွေကို လက်ဆောင်အမျိုးမျိုးဝယ်ပေးကာ ရင်းနီးအောင်စည်းရုံးခဲ့ကာ အပျိုအမြန်ဖြစ်လိုလျင် ၎င်းနဲ့ဆက်ဆံရမည်ဟု ဖျားယောင်းကာ ကာမကို လိမ်လည်ရယူခဲ့ပါတယ်။

ဒါကြောင့် တရားရုံးက မိုဟာမက်ဒူဟူးကို ထောင်ဒဏ် 14နှစ်ခွဲ၊ အခြားအမှုများအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရပါတယ်။

Writer : HULK (XYZ News)

Ref : Metro