အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းဒေသမြောက်ပိုင်းရှိ ဟားမာ့စ်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပစ်မှတ် ၉ ခုကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟားမာ့စ်ဘက်က ရော့ကက်ဒုံးကျည် ၃ စင်းနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဒုံးကျည်တခုဟာ ဂါဇာကမ်းမြောင်နားမှာပဲ ပြုတ်ကျခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါပေမယ့် လူသေဆုံးထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ဟားမာ့စ်အဖွဲ့ဟာ အစ္စရေးရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောက်မီးသွေးနဲ့ မီးလောင်ဗုံးတွေ ပါဝင်တဲ့ စွန်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး နယ်စပ်ကနေ လွှတ်တင်နေတာဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ သတိပေးပစ်ခတ်ခဲ့သလို အဲဒီစွန်တွေကို တဲ့တဲ့ချိန်ရွယ်ပြီး ပစ်ခတ်ဖျက်ဆီးနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

—-zawgyi

ဟားမာ့စ္အဖြဲ႔ႏွင့္ ဆက္စပ္ေနသည့္ ပစ္မွတ္ ၉ ခုကို အစၥေရး​ေလတပ္ ဗုံးႀကဲ

အစၥေရးစစ္တပ္ဟာ ဂါဇာကမ္းေဒသေျမာက္ပိုင္းရွိ ဟားမာ့စ္အဖြဲ႔နဲ႔ ဆက္စပ္ေနတဲ့ ပစ္မွတ္ ၉ ခုကို ဂ်က္ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခုိက္ခဲ့ပါတယ္။

ဒါကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ဟားမာ့စ္ဘက္က ေရာ့ကက္ဒံုးက်ည္ ၃ စင္းနဲ႔ ျပန္လည္ပစ္ခတ္ခဲ့ေပမယ့္ ဒံုးက်ည္တခုဟာ ဂါဇာကမ္းေျမာင္နားမွာပဲ ျပဳတ္က်ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာပါတယ္။ ဒါေပမယ့္ လူေသဆံုးထိခိုက္မႈေတာ့ မရွိဘူးလို႔ ဆုိပါတယ္။

ဟားမာ့စ္အဖြဲ႔ဟာ အစၥေရးရဲ႕ ပိုင္ဆုိင္မႈေတြကို ဖ်က္ဆီးလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေက်ာက္မီးေသြးနဲ႔ မီးေလာင္ဗံုးေတြ ပါဝင္တဲ့ စြန္ေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္ေတြကစၿပီး နယ္စပ္ကေန လႊတ္တင္ေနတာျဖစ္ပါတယ္။

အစၥေရးဘက္ကေတာ့ ဒီလုပ္ရပ္ကို ရပ္တန္႔ဖုိ႔ သတိေပးပစ္ခတ္ခဲ့သလို အဲဒီစြန္ေတြကို တဲ့တဲ့ခ်ိန္ရြယ္ၿပီး ပစ္ခတ္ဖ်က္ဆီးေနေၾကာင္း ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Ads