အမေရိကန်နိုင်ငံဟာ ရုရှပတ်လည် ပင်လယ်ရေပြင်မှာ နျူကလီးယားလက်နက်မဟုတ်တဲ့ မဟာဗျူဟာ ပစ်မှတ်တိကျတဲ့ လက်နက််တွေကို ပိုမိုတိုးမြှင့် ဖြန့်ကြက်လျက်ရှိနေတယ်လို့ ရုရှရေတပ်ဗိုလ်ချုပ်ကြီး ဗလာဒီမာကိုရိုလက်ဗ်က Krasnaya Zvezda သတင်းစာနဲ့  အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ရုရှနိုင်ငံရဲ့ နယ်စပ်အနီးမှာ ပြင်းထန်တဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ တိုက်ခိုက်ရေးပြင်ဆင်မှုတွေကို အမေရိကန်နဲ့ နေတိုးတို့က သိသိသာသာ တိုးမြှင့်လုပ်ဆောင်နေတဲ့ နောက်ခံရှိနေတဲ့ ခုအချိန်မှာ ရုရှနိုင်ငံအနေနဲ့ကတော့  နိုင်ငံတကာရေပြင်အတွင်း ရုရှရဲ့ တည််ရှိမှုကို ဆက်လက်ထိန်းသိမ်းသွားရမှာပဲ ဖြစ်ကြောင်း ကိုရိုလက်ဗ်က ဆိုပါတယ်။

အမေရိကန်နဲ့ နေတိုးအဖွဲ့တွေဟာ ရုရှပိုင်နက်နဲ့ အနီးကပ် ပင်လယ်ရေပြင်မှာ စစ်အခြေခံအဆောက်အအုံတွေ ထားရှိတာ၊ ပင်လယ်အခြေစိုက် ဒုံးကာဒိုင်းတွေ ထားရှိတာနဲ့ နျူကလီးယားစနစ်မဟုတ်တဲ့ ပစ်မှတ်တိကျ လက်နက်တွေ ထားရှိတာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်မှာ ရုရှစစ်တပ် နိုင်ငံတကာရေပြင်မှာ တည်ရှိစေပြီး ပင်လယ်နဲ့ သမုဒ္ဒရာဖက်က လာမယ့် ခြိမ်းခြောက်မှုတွေအားလုံးကို တုံ့ပြန််သွားရတော့မှာ ဖြစ်ပါတယ်လို့ ကိုရိုလက်ဗ်က ပြောပါတယ်။လက်ရှိမှာ ပင်လယ်ပြင်အတွင်း ရုရှဟာ စစ်သင်္ဘောနဲ့ အခြားရေယာဉ်စု ၁၀၀ ခန့်ကို ဖြန့်ကြက်တာဝန်ထမ်းခိုင်းထားပါတယ်။

အမေရိကန်ဟာ ခုဆိုရင် သမရိုးကျစစ်ရေး လမ်းကြောင့်ဖက် ပြန်လှည့်ပြီး အင်အားတိုးမြှင်လုပ်ဆောင်နေတယ်လို့ အစောပိုင်းသတင်းတွေက ဆိုပါတယ်။ ဘယ်လို သမရိုးကျစစ်ရေးလမ်းကြောင်းလည်းဆိုတော့ အမိန့်ပေးကွပ်ကဲရေးစင်တာ၊ စစ်ရုံးချုပ်တို့အပါအဝင် ပြိုင်ဖက််ရန်သူရဲ့ အဓိက စစ်ရေးအဆောက်အအုံတွေနဲ့ အရေးကြီးတဲ့ တိုက်ချင်းပစ်ဒုံးလွှတ်စင်တွေကို ပစ်မှတ်ထားမယ့် နျူကလီးယားမဲ့ တိုက်ခိုက်မှုပါပဲ။

အမေရိကန်ရဲ့ ဒီသမရိုးကျစစ်ရေးလမ်းကြောင်းမှာ ရေငုပ်သင်္ဘောတွေ၊ ရိုးရိုးစစ်သင်္ဘောတွေကနေပြီး ခရုဇ်ဒုံးကျည််တွေ ပစ်လွှတ်မှုအပြင် ရိုးရိုးဒုံးကျည်ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည််တွေကို ရေငုပ်သင်္ဘောတွေကနေ ပစ်လွှတ်တာတွေလည်း ပါ၀င်တာ ဖြစ်ပါတယ်။

Rf; TASS
Writer- မောင်သံဆင့် ( XYZ News )