အသက်(49)နှစ်အရွယ်ရှိ အဲဗက်လီ ဟာ မြည်းကို လိင်ဆက်ဆံခဲ့လို့ အဖမ်းခံထားရပြီး ထောင်ကျခံရဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံ၊ အာကန်ဆက်ပြည်နယ်မှာနေထိုင်တဲ့ အဲဗက်လီ မြည်းကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တာကို မွေးမြူရေးခြံထဲမှာ တပ်ဆင်ထားတဲ့ CCTVကင်မရာက ဖမ်းမိခဲ့ပြီး ခြံပိုင်ရှင်တွေက စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

ခြံပိုင်ရှင်ဖြစ်တဲ့ ဂျိူးဝှက်တကာ ဟာ အဆိုပါလိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်စဉ်ကို CCTVကင်မရာမှာတွေ့ခဲ့ပြီ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ကာ အဲဗက်လီ ကို ဖမ်းခိုင်းခဲ့တာဖြစ်ပါတယ်။

CCTVဖော်ပြချက်အရ အဲဗက်လီ ဟာ မြည်းကို သူ့အနားကပ်လာပြီး လန့်မပြေးအောင်လို့ မုန်လာဥနဲ့မြားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဲဗက်လီ ဟာ ဖမ်းခံရချင်းချင်းမှာတော့ သူ့အနေနဲ့ လိင်ကိစ္စပြုလုပ်ခဲ့တာမဟုတ်ဘဲ မြည်းတွေကို မုန်လာဥကျွေးခဲ့တာလို့ လိမ်လည်ထွက်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဗက်လီ ဟာ တရားရုံးမှာ မြည်းကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ် တယ်လို့ ထွက်ဆိုခဲ့တာကြောင့် အမှုရင်ဆိုင်ရတော့မှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ခဲ့ပါက ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်ခံရမှာဖြစ်ပါတယ်။

တရားစွဲတဲ့ ခြံပိုင်ရှင် Joyce Whitakerက “ဒီအဖြစ်အပျက်ဟာ CCTVမှာ စမြင်တော့ အော့ကလီချင်စရာကောင်းလောက်အောင် ခံစားခဲ့ရပါတယ်။ တရားခံဟာ ဒီအနီးအနားမှာပဲရှိမယ်လို့ ထင်ခဲ့ပြီး ရဲကိုခေါ်ကာ ကျွန်မတို့ ဖမ်းခိုင်းခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

Writer : HULK (XYZ News)

Ref: Metro


ခြံပိုင်ရှင်ဖြစ်တဲ့ ဂျိုးဝှက်တကာ ဟာ အဆိုပါလိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်စဉ်ကို CCTVကင်မရာမှာတွေ့ခဲ့ပြီ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ကာ အဲဗက်လီ ကို ဖမ်းခိုင်းခဲ့တာဖြစ်ပါတယ်။

