တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် မနေ့ကတစ်ရက်ထဲမှာ လူ ၁၂၀ ကျော်ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၈၃ ယောက်အထိရှိလာပြီလို့ အာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာလဲ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပထမဆုံးအကြိမ်အဖြစ် အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သွာတယ်လို့သိရပါတယ်။

အခုလိုတရုတ်နိုင်ငံမှာ သေဆုံးသူအရေအတွက်နဲ့ကူးစက်ခံရသူအရေအတွက်မြင့်တက်လာတာဟာ ရောဂါစစ်ဆေးမူပုံစံကိုပြောင်းလဲလိုက်တာကြောင့်ဖြစ်တယ်လို့သိရပြီးအခုအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၆၅၂၁၇ ဦး ရှိလာပြီး ၅၉၆၁မှႏ ဦးကုသပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

အခုလို တစ်ရက်ထဲမှာ အရေအတွက် မြင့်တက်သွားလာရတဲ့အကြောင်းအရင်းကတော့ အရင်ကဆေးရုံ ၊  ဆေးခန်းတွေမှာ စစ်ဆေးကုသထားသူတွေ၊ သံသယလူနာစာရင်းထဲက တိုးလာသူတွေကိုပါ ထည့်သွင်းတွက်ချက်တဲ့စနစ်ကို တရုတ်ကပြောင်းလဲကျင့်သုံးလိုက်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဗဟုချက်မဖြစ်တဲ့ တရုတ်နိုင်ငံက  ဟူဘေးပြည်နယ်တစ်ခုထဲမှာတင် ကူးစက်ခံရမှုပေါင်း ၅သောင်းနီးပါး (၄၈၂၀၆)ကို အတည်ပြုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုထက် ပိုမိုဆိုးဝါးတဲ့ လူသားတွေရဲ့ နံပါတ်တစ်ရန်သူ အဖြစ် သတ်မှတ်ပြီး ရင်ဆိုင်ဖြေရှင်းကြဖို့ သတိပေးထားပါတယ်။

Ref ; BBC News
Writer_HULK