တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် မနေ့ကတစ်ရက်ထဲမှာ လူ ၁၂၀ ကျော်ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၈၃ ယောက်အထိရှိလာပြီလို့ အာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အခုလိုတရုတ်နိုင်ငံမှာ သေဆုံးသူအရေအတွက်နဲ့ကူးစက်ခံရသူအရေအတွက်မြင့်တက်လာတာဟာ ရောဂါစစ်ဆေးမူပုံစံကိုပြောင်းလဲလိုက်တာကြောင့်ဖြစ်တယ်လို့သိရပြီးအခုအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၆၅၂၁၇ ဦး ရှိလာပြီး ၅၉၆၁ ဦးကုသပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

အခုလိုအခြေအနေတွေဆိုးရွားနေတဲ့ အချိန်မှာဘဲ တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုးလေ့လာ တိုက်ဖျက်ရေးမှာ ပါဝင်ကူညီမယ့် အမေရိကန်နိုင်ငံက ဆေးသိပ္ပံပညာရှင်အဖွဲ့ကို ပြည်ဝင်ခွင့်ပေးဖို့ငြင်းဆန်နေတယ်လို့သိရပါတယ်။

အခုလိုတရုတ်ဘက်က ပြည်၀င်ခွင့်ပေးဖို့ငြင်းဆိုနေတာကို အမေရိကန်အစိုးရက အင်မတန် စိတ်ပျက်မိကြောင်း မနေ့က တရား၀င်ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အိမ်ဖြူတော် အကြံပေးအရာရှိ လယ်ရီ ကဒ်လို ကပြောပါတယ်။ အမေရိကန်အပြင် ဟောင်ကောင်ကလဲ တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရဗ်စ်နဲ့ပတ်သတ်တဲ့ သတင်းကို အပြည့်အ၀မထုတ်ပြန်ဘူးဆိုပြီး လွန်ခဲ့တဲ့အပတ်က ဝေဖန်ခဲ့ဘူးပါတယ်။

လွန်ခဲ့တဲ့ အပတ်က သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ ဆက်သွယ်ပြောကြားစဉ်ကတော့ အမေရိကန်အစိုးရရဲ့ ကိုရိုနာဗိုင်းရဗ်စ်နဲ့ပတ်သတ်ပြီးပေးမယ့် အကူအညီကိုတရုတ်သမ္မတက လက်ခံမယ်လို့ ဂတိပြု ပြောကြားခဲ့သေးတယ်လိုသိရပါတယ်။

ဂျပန်နိုင်ငံမှာလဲ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပထမဆုံးအကြိမ်အဖြစ် အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သွာတယ်လို့သိရပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ ဟောင်ကောင် ၊ ဖိလစ်ပိုင်တို့နောက် ကိုရိုနာဗိုင်းရဗ်စ်ကြောင့် တရုတ်ပြည်ပြင်ပမှာ တတိယမြောက်လူသေဆုံးမူရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါပြီ ။

Ref; AFP
Writer_HULK ( XYZ News )