ရုရှားဟာ ခရိုင်းမီးယားဒေသမှာ S-400 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ရုရှားလေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ အမြင့်နဲ့ အမြန်နှုန်းကို ထည့်တွက်စရာမလိုဘဲ ဝေဟင်ကာကွယ်ရေး လုပ်ဆောင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။

သူက အဲဒီဒုံးကျည်စနစ်ဟာ အမြင့် ကီလိုမီတာ ၃၀ မှာ အမြန်နှုန်း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ခရိုင်းမီးယားကျွန်းဆွယ်ကနေ ယူကရိန်း ရေတပ်သင်္ဘော ၃ စီးကို ရုရှားက ဖမ်းဆီးခဲ့ပြီးနောက်မှာ အခုလို ဒုံးကျည်စနစ်သစ်တွေကို ဖြန့်ကြက်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားဟာ ခရိုင်းမီးယားဒေသကို ယူကရိန်းဆီကနေ သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖေ်ာပြထားပါတယ်။

႐ုရွားဟာ ခ႐ိုင္းမီးယားေဒသမွာ S-400 ေဝဟင္ပစ္ဒုံးက်ည္စနစ္ေတြကို ျဖန႔္ၾကက္ခဲ့ပါတယ္။ ႐ုရွားေလတပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးက ျဖန႔္ၾကက္ထားတဲ့ ဒုံးက်ည္ေတြဟာ ပစ္မွတ္ရဲ႕ အျမင့္နဲ႔ အျမန္ႏႈန္းကို ထည့္တြက္စရာမလိုဘဲ ေဝဟင္ကာကြယ္ေရး လုပ္ေဆာင္ႏိုင္တယ္လို႔ ရွင္းျပခဲ့ပါတယ္။

သူက အဲဒီဒုံးက်ည္စနစ္ဟာ အျမင့္ ကီလိုမီတာ ၃၀ မွာ အျမန္ႏႈန္း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ႔ လႈပ္ရွားေနတဲ့ ပစ္မွတ္ေတြကို ထိမွန္ေအာင္ ပစ္ခတ္ႏိုင္တယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

ခ႐ိုင္းမီးယားကြၽန္းဆြယ္ကေန ယူကရိန္း ေရတပ္သေဘၤာ ၃ စီးကို ႐ုရွားက ဖမ္းဆီးခဲ့ၿပီးေနာက္မွာ အခုလို ဒုံးက်ည္စနစ္သစ္ေတြကို ျဖန႔္ၾကက္ခဲ့တာလည္း ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္က ႐ုရွားဟာ ခ႐ိုင္းမီးယားေဒသကို ယူကရိန္းဆီကေန သိမ္းပိုက္ခဲ့တာျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖ္ာျပထားပါတယ္။