ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရုရှား ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၈ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အလက်ပိုမြို့အနောက်ဘက် ကီဖာတာလ်ရွာက လူ ၈ ယောက်ရှိတဲ့ မိသားစုလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။

သူပုန်တွေရှိတဲ့ ကျေးလက်ဒေသတွေကို ရုရှားနဲ့ ဆီးရီးယားအစိုးရ စစ်လေယာဉ်တွေ တိုက်ခိုက်တာကြောင့် တခြားအရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရုရှား ဦးဆောင်ပြီး ဒီဇင်ဘာက စတင်တဲ့ စစ်ဆင်ရေးကြောင့် သူပုန်တွေရှိတဲ့ ကျေးလက်ဒေသတွေ အထိနာခဲ့ပါတယ်။

ရုရှားနဲ့ ဆီးရီးယားအစိုးရတွေက အရပ်သားတွေကို ဗုံးကြဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ဟာ ဂျီဟတ်စစ်သွေးကြွတွေကို တိုက်ထုတ်နေတာလို့ ပြောခဲ့ပါတယ်။

ဂျီဟတ်စစ်သွေးကြွတွေကတော့ ရုရှားနဲ့ ဆီးရီးယားအစိုးရဟာ အလက်ပိုမြို့က အရပ်သားတွေကို တိုးမြှင့်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

သူပုန်ရှင်းလင်းရေးလုပ်တဲ့ အစိုးရထိုးစစ်ကြောင့် လူတွေ သောင်းချီပြိး တူရကီနယ်စပ်ကို ထွက်ပြေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Ads