ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့် ေြ မာက်ကိုရီးယားမှ ကုန်သွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးကို သီးသန့်ခွဲခြားနေထိုင်နေစေသည့်ကာလအတွင်း အများသုံးရေချိုးကန်သို့ သွားရောက်ခဲ့သည့်အတွက် မြောက်ကိုရီးယားအာဏာပိုင်များက ချက်ခြင်းဖမ်းဆီးပြီး ပစ်ခတ် ကာ ကွပ်မျက်လိုက်ကြောင်း တောင်ကိုရီးယားမီဒီယာ၏ ဖော်ပြလိုက်ပါတယ်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန်အတွက် မြောက်ကိုရီးယားတွင် ခေါင်းဆောင် ကင်မ်ဂျျုံအန်က တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ကျင့်သုံးနေပါတယ်။

အဆိုပါကုန်သွယ်ရေးအရာရှိမှာ အများပြည်သူသုံးရေချိုးကန်သို့သွားရောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို အများပြည်သူကြားသို့ ပြန့်ပွားစေမည့် အန္တရာယ်ကိုဖန်တီးခဲ့သည့်အတွက် ချက်ခြင်းဖမ်းဆီးကာပစ်သတ်လိုက်သည်ဟု တောင်ကိုရီးယားမီဒီယာ၏ ဖော်ပြလိုက်ပါတယ်။

မြောက်ကိုရီးယားကမူ အဆိုပါသတင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှ အတည်ပြုထုတ်ပြန်ခြင်း မရှိပေ။

နောက်ထပ်သတင်းတွေအရာ မြောက်ကိုရီးယားနိုင်ငံသားတွေ အခုလို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန်မှာ တရုတ်နိုင်ငံသို့ သွားရောက်ခွင့်ပိတ်ပင်ထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသူအရေအတွက်ဟာ မနေ့ကတစ်ရက်ထဲမှာ ၂၄၂ ဦးအထိစံချိန်တင်မြင့်တက်သွားတယ်လို့ တရုတ်အာဏာပိုင်တွေရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ အခုလိုစံချိန်တင်မြင့်တက်လာတာကြောင့် ကိုရိုနာဗိုင်းရဗ်စ်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၃၆၃ ဦးရှိပြီး ကူးစက်ခံရသူ ၆၀၀၁၇ ဦးရှိလာပြီး လို့သိရပါတယ်။

Ref: Metro
Writer : XYZ News

Ads