တစုံတယောက်ရဲ့နာကျင်မှုကိုမိမိခံစားရသလိုမျိုးစာနာတတ်တဲ့သူတွေရှိပါတယ်။သူတို့ကအကူအညီတကယ်လိုနေတဲ့သူတွေကိုကျော်မသွားနိုင်ပါဘူး။သူ့တို့ကူညီတဲ့သူတွေကကျေးဇူးတင်တဲ့အကြည့်အပြစ်ကင်းတဲ့ပွေ့ဖက်မှုလေးတွေပြန်ပေးတတ်ပါတယ်။

BrightSideကတိရစ္ဆာန်တွေကူညီဖူးတဲ့သူတွေရဲ့ဇာတ်လမ်း၁၃ခုကိုစုစည်းထားပါတယ်။ဒီဇာတ်လမ်းတွေမှာတော့တိရစ္ဆာန်တွေကဘာဖြစ်နေလဲဆိုတာကိုသိပြီးသင့်ကိုကျေးဇူးတင်တတ်ကြောင်းဖော်ပြထားပါတယ်။ဒီခေါင်းစဉ်ရဲ့အဆုံးမှာတော့ကလေးတွေဆီကနေအချစ်နဲ့ဂရုစိုက်မှုတွေဘယ်လိုသင်ယူရမလဲဆိုတာအပိုဆောင်းအနေနဲ့ဖော်ပြထားပါတယ်။

၁။သူ့ကိုကယ်ခဲ့တဲ့မိသားစုဆီ၈နှစ်ကြာအောင်လာလည်ခဲ့တဲ့ရှဉ့်လေး

၂၀၀၉ခုနှစ်မှာဘရန်သ်လီဟာရီဆွန်နဲ့သူမရဲ့မိသားစုကဇီးကွက်တကောင်ကြောင့်ဒဏ်ရာရနေတဲ့ရှဉ့်လေးကိုကူညီခဲ့ပါတယ်။သူတို့ရှဉ့်လေးကိုဘယ်လာလို့နာမည်ပေးပြီး၅လကြာအောင်ဂရူစိုက်ပြီးကုသပေးခဲ့ပါတယ်။ထို့နောက်ရှဉ့်လေးကိုသဘာဝအတိုင်းသူ့အိမ်သို့ပြန်လွှတ်ပေးလိုက်ပါတယ်။ဒါပေမယ့်ကျေးဇူးသိတတ်တဲ့ရှဉ့်လေးကသူတို့ရဲ့ကြင်နာမှုကိုမမေ့ဘဲ၈နှစ်ကြာအောင် အိမ်ကိုနေ့တိုင်းလာလည်ပါတယ်။

၂။တော်တဲ့ခွေးလေးကသူမရဲ့စောင့်ရှောက်သူကိုကျေးဇူးတင်ကြောင်းပြတယ်

.၃။ဒီငန်းကသူ့ရဲ့ကယ်သူကိုပွေ့ဖက်တယ်

ဒီငှက်တွေကလိုက်လျောညီတွေမှုမရှိဘဲအမြဲရန်လိုနေတတ်တဲ့နေရာမှာနာမည်ကြီးပါ။ဒါပေမယ့်ရစ်ချက်ဝီးဇ်ကခြံစည်းရိုးမှာညပ်နေတဲ့ငှက်ကိုကယ်ဖို့မကြောက်ခဲ့ပါဘူး။ဒဏ်ရာနဲ့ငန်းကထိုလူကိုဖက်ပြီးသူ့လည်ပင်းမှာ၎င်းရဲ့လည်ပင်းကိုပတ်ထားပါတယ်။ဒီနည်းကငှက်တွေရဲ့ကျေးဇူးတင်နည်းလို့သူသိခဲ့ပါတယ်။

၄။စောင့်ရှောက်သူကိုကျေးဇူးတင်ကြောင်းပြတယ်

၅။ကျေးဇူးသိတတ်တဲ့ဒရယ်လေးကအိမ်ကိုနေ့တိုင်းလာတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမိသားစုတခုကဒရယ်တကောင်ကိုမုဆိုးတယောက်ထံမှကယ်ဖူးပါတယ်။အခုဆိုရင်ထိုဒရယ်ကသူ့ကျေးဇူးသိမှုကိုပြဖို့လာလည်ပါတယ်။၎င်းကအရမ်းအေးဆေးပါတယ်။ပြတင်းပေါက်နားကိုလာပြီးအိမ်သားအကုန်နိုးအောင်စောင့်ပါတယ်။ဒီဒရယ်ကပေါင်မုန့်အရမ်းကြိုက်လို့မြို့ထဲကပေါင်မုန့်ရောင်းသူကအလကားပေးပါတယ်။ထိုပေါင်မုန့်ကိုချစ်ဖို့ကောင်းအောင်ဘယ်လိုစားနေလဲဆိုတာတွေ့ရမှာပါ။

၆။မာဗင်ကိုတိရစ္ဆာန်စောင့်ရှောက်ရေးကနေကယ်ခဲ့ပြီးအခုဆိုပျော်ရွှင်နေပါပြီ

၇။ဒီဒရယ်ကကျွန်ုပ်အိမ်ကိုလာပြီးနွေးတဲ့နေရာကိုယူပြီးနောက် ကျေးဇူးတင်သွားတယ်။

အမ်စကိုလီလို့ခေါ်တဲ့ကောင်မလေးကရင်ခွင်မဲ့တဲ့တိရစ္ဆာန်တွေအတွက်တကယ့်အမေပါပဲ။တခါကမုန်တိုင်းဖြစ်နေတုန်းသူမကအပြင်ထွက်ပြီးဒရယ်တွေကိုကြည့်ခဲ့ပါတယ်။ထို့နောက်ဒရယ်ကလေးလေးသုံးကောင်နဲ့အတူသူမအိမ်ထဲသို့အနောက်တံခါးကနေခိုးဝင်လာတာတွေ့ခဲ့ပါတယ်။ပြီးတော့၎င်းတို့ကကြမ်းပြင်မှာသက်တောင့်သက်သာလှဲနေပါတယ်။ကလေးမလေးကနှင်မထုတ်ရက်တာကြောင့်ရာသီဥတုကောင်းတဲ့အထိသူမအိမ်ထဲမှာပေးနေခဲ့ပြီးတုန့်ပြန်မှုအနေနဲ့အနမ်းတွေအများကြီးရခဲ့ပါတယ်။
ပြီးတော့ဒီကလေးရဲ့နာမည်ကဂျွန်ပါ။ကောင်မလေးသူ့ကိုတွေ့တဲ့အချိန်မှာအရမ်းအားနည်းနေပြီးအာဟာရပြတ်နေပါတယ်။အခုဆိုဂျွန်ကကျန်းမာပြီးပျော်ရွှင်နေပါပြီ။

၈။ဒီသားပိုက်ကောင်ကသူ့ကိုကယ်တဲ့သူတွေကိုဆယ်နှစ်လုံးပွေ့ဖက်ပါတယ်

အဗီဂေးကိုကယ်ပြီးအဲလေစ့်ကယ်ဆယ်ရေးမှာထားခဲ့တာပါ။နေ့တိုင်းသူမကလူတွေရဲ့ကြင်နာမှုကိုမမေ့ကြောင်းဖက်ပြီးပြသခဲ့ပါတယ်။

ဒီကလေးလေးကကငယ်သေးပေမယ့်သူ့ခံစားချက်ကိုဖော်ပြတတ်နေပါပြီ။

၉။ဘယ်သူ့ကိုမှအနားကပ်မခံတဲ့ခွေးလေးကဒီကလေးနဲ့မှာနူးညံ့သွားပါတယ်

နိုရာကတော့သူ့သခင်ရဲ့နှိပ်စက်မှုခံရပြီးအသက်ရှင်လွတ်လာတဲ့ခွေးလေးပါ။ သူ့သခင်တွေကအရမ်းဆိုးလို့နိုရာကလူတွေအားလုံးကိုကြောက်နေပါတယ်။သူယုံတဲ့တဦးတည်းသောသူက၁နှစ်သားအရွယ်အာချီဆိုတဲ့ကောင်လေးပါ။သူ့ရဲ့မိသားစုကနိုရာ့ကိုတိရစ္ဆာန်စောင့်ရှောက်ရေးကခေါ်လာပြီးအခုဆိုနှစ်ယောက်ကိုခွဲလို့တောင်မရတော့ပါဘူး။
ဒီချစ်စရာမိသားစုလေးမှာကလေးသုံးယောက်ကြောင်သုံးကောင်နဲ့ခွေးလဲလေးကောင်ရှိပါတယ်။

၁၀။ကယ်ထားတဲ့ကျားသစ်တကောင်

ဘရာဇီးစစ်တပ်ကအသက်ရှင်ဖို့တောင်ခက်တဲ့ဒီကျားသစ်လေးကိုအမေဇုန်မိုးသစ်တောကနေကယ်ထားတာပါ။ ၎င်းကိုသူတို့နဲ့အတူခေါ်လာပြီးလိုအပ်တဲ့ကုသမှုတွေလုပ်ပေးခဲ့ပါတယ်။ဒီကျားသစ်ကအရိုင်းဆန်တဲ့ပုံနဲ့မနေဘူးတာကြောင့်သာအစိုးရကစစ်သားတွေကိုခေါ်ထားဖို့ခွင့်ပြုခဲ့တာပါ။

၁၁။ဒီကြောင်ကတခြားတိရစ္ဆာန်တွေကိုကူညီတယ်။

ရက်ဒီမန်ဆာလို့ခေါ်တဲ့ကြောင်တကောင်ကလေပြွန်ရောင်ရမ်းခြင်းကြောင့်အလွန်ဆိုးဝါးတဲ့အခြေအနေနဲ့တိရစ္ဆာန်စောင့်ရှောက်ရေးကိုရောက်တုန်းက၂လသားပဲရှိပါသေးတယ်။ထိုအချိန်ကစပြီး၎င်းသည်နေမကောင်းတဲ့တခြားတိရစ္ဆာန်တွေကိုဂရုတစိုက်ကူညီပြီးလက်ထောက်ကောင်းဖြစ်လာပါတော့တယ်။

၁၂။ဒီခွေးလေးကိုမီးထဲကကယ်ခဲ့ပြီးအခုဆို ကျန်းမာနေပါပြီ။

ဂျိိတ်ဆိုတာကစပါးကျီမီးလောင်ရာမှာပါသွားပြီးကိုယ်ရဲ့ရ၅ရာခိုင်နှုန်းလောက်လောင်ကျွမ်းခဲ့တာပါ။သူ့ကိုမီးထဲကကယ်န်ုင်ခဲ့ပေမယ့်သူ့သခင်ကဆေးခန်းမှာပစ်သွားခဲ့ပါတယ်။ခွေးလေးကိုကယ်ခဲ့တဲ့မီးသတ်သမားဝီလီယံလင်ဒါကသူ့ကိုမထားခဲ့နိုင်လို့အိမ်ကိုခေါ်ခဲ့ပါတယ်။အခုဆ်ုဂျိတ်ကချစ်တတ်တဲ့သခင်နဲ့မီးသတ်သမားတံဆိပ်တောင်ရနေပါပြီ။

၁၃။ကယ်တင်ခံရတဲ့ဆတ်ကောင်ကသူ့ရဲ့ကယ်သူနဲ့နေ့တိုင်းလာဆော့ပါတယ်။

​ဘောနပ်​စ်​….

သင့်ကလေးတွေကအအေးထဲကနေကြောင်တကောင်ခေါ်လာရင်သူတို့ရဲ့မုန့်ကိုအိမ်ရာမဲ့ခွေးလေးကိုကျွေးလိုက်ရင်မဆူပါနဲ့။ဒီလိုအပြုအမူတွေက ကလေးမှာနှလုံးသားလှလှရှိတယ်လို့ဖော်ပြနေတာပါ။ဒီလိုလူတွေကိုကမ႓ာကြီးအတွက်ကျေးဇူးတင်လိုက်ပါ။

Writer -Min Thu ( XYZ News )

Ads