ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ အီတမိလေဆိပ်ထဲမှာ ဝန်ဆောင်မှုမြှင့်တင်တဲ့အနေနဲ့ ခရီးသည်တွေ အတွက်သာမကပဲ ခရီးသည် ခွေးကလေးတွေအတွက်ပါ အထူးအိမ်သာသန့်စင်ခန်း ထားရှိလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီနေရာဟာ လေဆိပ်ဂိတ်အပြင်ဘက်မှာ သီးခြားခြံစည်းရိုးတခုနဲ့ ကမ္ဘာ့အဆင့်မီ နားနေခန်းတခုလို ပြင်ဆင်ထားခဲ့ပြီး ကိုယ်တိုင်သန့်ရှင်းနိုင်မယ့် ရေပန်းပါ ရေချိုးကြွေဇလား၊ ရေအင်တုံတွေနဲ့ သန့်ရှင်းနိုင်မယ့် ပစ္စည်းကိရိယာအစုံအလင်ထည့်သွင်းထား တယ်လို့ ဆိုပါတယ်။

လေဆိပ်ဂိတ်အတင်အချ နေရာပြင်ပမှာ ခုလိုထားရှိခြင်းအားဖြင့် ခွေးကလေးတွေ ကိုရော သခင်တွေကိုပါ ဝန်ထုပ်ဝန်ပိုးလျော့ကျသွားစေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“လေယာဉ်မထွက်ခင်မှာ ခွေးလေးတွေနဲ့ သူတို့ရဲ့ သခင်တွေဟာ ဒီအိမ်သာသန့်စင်ခန်းကို အသုံးပြုကြလိမ့်မယ်”လို့ လေဆိပ်တာဝန်ရှိသူတဦးက ဆိုပါတယ်။

လတ်တလောမှာတော့ ဒီဝန်ဆောင်မှုကို လာမယ့်ကြာသပတေးနေ့က စတင်ကာ နေ့စဉ်မနက် ၅ နာရီခွဲကနေ ည ၁၀ နာရီထိ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဂျပန်တိုင်းမ်စ် သတင်းမှာ ဖော်ပြပါတယ်။

zawgyi

ေလဆိပ္ေတြမွာ ေခြးမ်ားအတြက္ ကမာၻ႔အဆင့္မီ အထူးအိမ္သာထားရွိေတာ့မယ့္ ဂ်ပန္ (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕ရွိ အီတမိေလဆိပ္ထဲမွာ ဝန္ေဆာင္မႈျမႇင့္တင္တဲ့အေနနဲ႔ ခရီးသည္ေတြ အတြက္သာမကပဲ ခရီးသည္ ေခြးကေလးေတြအတြက္ပါ အထူးအိမ္သာသန႔္စင္ခန္း ထားရွိလိုက္ၿပီ ျဖစ္ပါတယ္။

အဲဒီေနရာဟာ ေလဆိပ္ဂိတ္အျပင္ဘက္မွာ သီးျခားၿခံစည္း႐ိုးတခုနဲ႔ ကမာၻ႔အဆင့္မီ နားေနခန္းတခုလို ျပင္ဆင္ထားခဲ့ၿပီး ကိုယ္တိုင္သန႔္ရွင္းႏိုင္မယ့္ ေရပန္းပါ ေရခ်ိဳးေႂကြဇလား၊ ေရအင္တုံေတြနဲ႔ သန႔္ရွင္းႏိုင္မယ့္ ပစၥည္းကိရိယာအစုံအလင္ထည့္သြင္းထား တယ္လို႔ ဆိုပါတယ္။

ေလဆိပ္ဂိတ္အတင္အခ် ေနရာျပင္ပမွာ ခုလိုထားရွိျခင္းအားျဖင့္ ေခြးကေလးေတြ ကိုေရာ သခင္ေတြကိုပါ ဝန္ထုပ္ဝန္ပိုးေလ်ာ့က်သြားေစႏိုင္ဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ေလယာဥ္မထြက္ခင္မွာ ေခြးေလးေတြနဲ႔ သူတို႔ရဲ႕ သခင္ေတြဟာ ဒီအိမ္သာသန႔္စင္ခန္းကို အသုံးျပဳၾကလိမ့္မယ္”လို႔ ေလဆိပ္တာဝန္ရွိသူတဦးက ဆိုပါတယ္။

လတ္တေလာမွာေတာ့ ဒီဝန္ေဆာင္မႈကို လာမယ့္ၾကာသပေတးေန႔က စတင္ကာ ေန႔စဥ္မနက္ ၅ နာရီခြဲကေန ည ၁၀ နာရီထိ အသုံးျပဳႏိုင္ၿပီျဖစ္တယ္လို႔ ဂ်ပန္တိုင္းမ္စ္ သတင္းမွာ ေဖာ္ျပပါတယ္။