လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့အချစ်တော် မိန်းခလေး တို့ဟာ တလင်တမယားအယူအဆနဲ့ သဝန်တိုတယ်ဆိုတဲ့ခံစားချက်ကို ဂရုမစိုက်ခြင်းအနုပညာဖြင့်တုန့်ပြန်ကာ သုံးယောက်ပေါင်းပီးမိသားစုလေးထူထောင်တော့မယ်လို့ ဆိုလာပါတယ်။

အသက် ၂၆ နှစ်နဲ့ ၂၈နှစ်အရွယ် Terry and Brittney Stroup ဇနီးမောင်နှံနဲ့ အသက် ၂၇နှစ်အရွယ် Lindsay Schoepf တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် Glendora မြို့မှာ တူတူကြီးပြင်းလာခဲ့တဲ့ ဘော်ဒါတွေဖြစ်ပါတယ်။

Brittney နဲ့ Lindsay တို့ဟာ အထက်တန်းကျောင်းမှာ အခင်ဆုံး သူငယ်ချင်းတွေဖြစ်သွားခဲ့ကာ ထိုအချိန်တုန်းက Lindsay နဲ့ Terry တို့ဟာ ရည်စားတွေပါ။ သူတို့သုံးဦးဘဝကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပီး ၂၀၁၁ လောက်မှာ Lindsay ဟာ တခြားအမျိုးသားတစ်ဦးနဲ့ လက်ဆတ်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ Lindsay မရှိချိန်မှာ Brittney နဲ့ Terry တို့လည်း တစ်ဦးအပေါ်တစ်ဦးမေတ္တာမျှခဲ့ကြပီး လက်ထပ်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် Lindsay ပြန်ရောက်လာချိန်မှာတော့ သူတို့ရဲ့ ဇာတ်လမ်း တစ်ခန်းရပ်ကို အသစ်ကပြန်စခဲ့ပါတော့တယ်။ Brittney တို့ဇနီးမောင်နှံက စတင်ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ သုံးယောက်ပေါင်းအချစ်တွေဝေမျှခဲ့ကြပါတယ်တဲ့။ ထိုအချိန်ကတည်းကစတင်ခဲ့တဲ့ သံယောဇဉ်ကြိုးကြောင့် ယခုဆုံးဖြတ်ချက်ကို ချဖြစ်တာဖြစ်ကြောင်းလည်းထုတ်ဖော်ပြောခဲ့ပါတယ်။

“ ကျွန်မတို့ သုံးယောက်က တစ်ဦးပေါ်တစ်ဦးအပြန်အလှန်စိတ်ဝင်စားကြပါတယ်။ လူရယ်လို့ဖြစ်လာရင် အချစ်တွေဝေမျှသင့်တာပေါ့။ တစ်ဦးတစ်ယောက်ထဲကိုပဲချစ်သင့်တယ်ဆိုတဲ့ယူဆချက်တွေကို ကျွန်မတို့သုံးယောက်က ဆန့်ကျင်ပါတယ်။ အချိန်တိုင်းမှာ ကျွန်မတို့သုံးယောက်အမြဲတူတူပါ” လို့ Lindsay ကပြောသွားခဲ့ပါတယ်။

“ နှစ်အနည်းငယ်အတွင်းမှာ လက်ထပ်ပွဲကျင်းပဖို့အစီအစဉ်ရှိပါတယ်။ ကျွန်မတို့လိုစုံတွဲတွေ ကမ္ဘာမှာ ဒုနဲဒေးပါ။ အစပိုင်းမှာတော့ သဝန်တိုတယ်ဆိုတဲ့စိတ်ဟာ ကျွန်မကို ထိုးနှက်ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မဒါကို လစ်လျူရှုနိုင်ခဲ့ပီလို့ Brittney ကဆိုပါတယ်။”

95 ရာခိုင်နှုန်းလောက်က ဒါကို လက်ခံကြပါတယ်။ ဘာသာရေးသမားအချို့ကတော့ ကန့်ကွက်ကြပါတယ်။ ကျွန်မတို့ ရဲ့အချစ်သင်္ကေတကိုဖော်ပြတဲ့ Tattoos ကိုယ်စီရှိကြပါတယ်။ လူတွေကတော သူတို့အမြင်နဲ့ပတ်သတ်ပီး ဝေဖန်ကြမှာပါပဲ။ ကိုယ့်ယုံကြည်ချက်အတိုင်းပဲအသက်ရှင်သွားပါ။ လို့ Lindsay ကဆိုပါတယ်။

Writer_စပွန့် ( XZY News)

Ads