၁။Mystery Of Pteranodon

ဒီဓာတ်ပုံကတော့ ၁၈၆၄ခုနှစ်အမေရိကန် ပြည်တွင်းစစ် ဖြစ်တဲ့အချိန်က စစ်သားတွေရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။
Vicksburg မြို့နားမှာ ရိုက်ခဲ့တာဖြစ်ပြီး Pteranodonလို့ခေါ်တဲ့ ပျံသန်းလို့ရတဲ့ ငှက်လိုသတ္တဝါလား၊ ဒါမှမဟုတ် မွန်းစတားလား
ဆိုတာ ဘယ်သူမှအတိအကျ အဖြေမပေးနိုင်ခဲ့ပါဘူး။

၂။ အဖွားနောက်က အဖိုးပုံ

အဖွားအိုဟာ ၁၉၉၀ခုနှစ်မှာ ဘိုးဘွားရိပ်သာကိုရွေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ မိသားစုက အဖွားကိုဓာတ်ပုံရိုက်ပေးရင်း
နောက်၌ အဖိုးအိုတစ်ယောက် ရဲ့ပုံပါလာခဲ့ပါတယ်။ သေချာအနီးကပ်ဆွဲ ကြည့်တဲ့အခါ လွန်ခဲ့ ၁၃နှစ်က ကွယ်လွန်သွားခဲ့တဲ့
သူမရဲ့ခင်ပွန်း ဖြစ်နေတာကို တွေ့ခဲ့ပါတယ်။ အပြင်မှာ ရှာကြည့်တော့လဲ လူကို မတွေ့ခဲ့ရပါဘူး။

၃။ မိသားစုဓာတ်ပုံနောက်ကဇောက်ထိုးပုံ

ကူပါမိသားစုဟာ တက်ဆက်ကနေပြီး အိမ်အသစ်ဆီေ ရွ့ပြောင်းတဲ့ နေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
အဲ့ဒီထဲက တစ်ပုံမှာတော့ ထူးဆန်းကြောက်လန့်ဖွယ်ရာတစ်ခု ပါလာခဲ့ပါတယ်။ တစ်ချို့ကတော့ ဒါဟာ အိမ်ပိုင်ရှင်ဟောင်းရဲ့
ဝိညာဉ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ဘယ်သူမှတော့ အတိအကျမသိခဲ့ကြပါဘူး။

၄။ Mystery Of Cadborosaurus

အဲ့ဒီသတ္တဝါကြီးကိုတော့ ၁၉၀၇ခုနှစ်မှာ ငါးဖမ်းသမား ၉ယောက်ဖမ်းမိခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့Cadborosaurusလို့ခေါ်တဲ့ ရေနဂါးလို့ ဆိုပါတယ်။
ဒါပေမယ့် ရေနဂါးရဲ့ အင်္ဂါတွေလည်း စုံစုံလင်လင်မပါဝင်ပါဘူး။ သိပ္ပံပညာ ရှင်တွေကလည်း အတည်ပြုပေးတာမရှိခဲ့ပါဘူး။ ဘယ်လိုသတ္တဝါလဲ ဆိုတာ တိကျတဲ့အဖြေမရှိခဲ့ပါဘူး။

၅။ ထူးဆန်းတဲ့အာကသယာဉ်မှုးပုံ

၁၉၆၄ခုနှစ် မိသားစုတစ်ခုဟာ ပျော်ပွဲစားထွက်ရင်း ရိုက်ယူခဲ့တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ဓာတ်ပုံထဲမှ ကလေးလေးရဲ့နောက်မှာ အာကာသယာဉ်မှုးတစ်ယောက်ရဲ့ ပုံလာခဲ့ပါတယ်။
ဒီဓာတ်ပုံကတော့ သတင်းစာတွေကနေ ပျံ့နှံ့သွားခဲ့ပြီး လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ တစ်ချို့ကလည်း ဓာတ်ပုံရိုက်ခဲ့တဲ့နေရာနဲ့ မနီးမဝေးမှာ UFOတစ်စင်းတွေ့ခဲ့ရတယ် လို့ဆိုပါ
တယ်။ တိကျသေချာတဲ့ ဖြေရှင်းမှုတော့ မရှိခဲ့ပါဘူး။

၆၊၊ လိုက်ကာနောက်က ကလေးငယ်

ဒီပုံကတော့ ၁၉၈၇ခုနှစ်မှာရိုက်ကူး ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှ ပုံပဲဖြစ်ပါတယ်။ အမှန်တကယ်
ဇာတ်ဝင်ခန်းမှာက ကလေးငယ်လေးရယ် မိန်းမကြီးနဲ့မင်းသားပဲ ပါဝင်တာပါ။ ဒါပေမယ့် ပြန်ကြည့်တဲ့အခါ လိုက်ကာနောက်မှ
ာ ကလေးတစ်ယောက်က မတ်တပ်ရပ်နေတာကိုတွေ့ခဲ့ရပါတယ်။ တစ်ချို့ကတော့ အဲ့ဒီကလေးဟာ လွန်ခဲ့တဲ့နှစ်အနည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ကလေး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်သူကမှ သေသေချာချာ မသိနိုင်ခဲ့ပါဘူး။

၇။ ထူးဆန်းတဲ့လူ

၁၉၄၀ခုနှစ်က ကနေဒါမှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ပုံထဲမှာ နေကာမျက်မှန်နဲ့ စတိုင်လ်ကျကျ
လူတစ်ယောက်ဟာ ထူးခြားနေတာတွေ့ရမှာပါ။ အဲ့ဒီခေတ်အခါမှာ သူ့လို ဝတ်စားဆင်ယင်မှုဟာ မရှိသေးပါဘူး။ ဒါဆို သူကဘယ်လိုလူလဲ။
တစ်ချို့ကတော့ အချိန်ခရီးသွားတစ်ယောက် လို့ဆိုပါတယ်။

၈။ လက်ဆောင်နာရီ

ဒါကတော့ တရုတ်ရှေးဟောင်းသုတေသနပညာရှင်က ၂၀၀၈ခုနှစ်မှာ တွေ့ရှိခဲ့တဲ့အရာပဲ ဖြစ်ပါတယ်။
ဒီနာရီဟာ လွန်ခဲ့တဲ့ နှစ်၄၀၀က နာရီလေး ဖြစ်ပြီးနောက်ဘက်မှာ Swiss တံဆိပ်ပါပါတယ်။
ဒါဆို လွန်ခဲ့တဲ့နှစ်၄၀၀ ကတည်းက Swissနာရီတွေ ထုတ်လုပ်နေခဲ့တာလား။တစ်ချို့ကတော့ ဒါဟာ အချိန်ခရီးသွားသူတစ်ယောက်ရဲ့ လက်ဆောင်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၉။ ကားနောက်ခန်းကလူ

၁၉၅၉ခုနှစ် အသုဘအခမ်းအနားတစ်ခု ဆီလာရင်းရိုက်ကူးခဲ့တဲ့ပုံပဲ ဖြစ်ပါတယ်။
တကယ်တော့ကားထဲမှာကားမောင်းသူကလွဲပြီး လူပိုမပါပါဘူး။ဒါပေမယ့်ကားနောက်ခန်းမှ လူတစ်ယောက်ပုံဟာ အလွန် သိသာထင်ရှားနေပါတယ်။
ကားမောင်းသူကတော့ ဒါဟာ သေဆုံးသွားပြီးဖြစ်တဲ့ သူ့အမေရဲ့ ပုံလို့ဆိုပါတယ်။ ဒါဆိုရင်သရဲပေါ့။

၁၀။ Freddy Jackson

၁၉၁၉ခုနှစ်က တိုက်လေယာဉ်မှူးတွေစုပြီိး ရိုက်ထားတဲ့ပုံဖြစ်ပြီး အနောက်တန်းမှာFreddy Jacksonကို သိသိသာသာမြင်နေရပါတယ်။
ဒါပေမယ့် Jacksonဟာလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပန်ကာ အက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့မနက်က သူ့ဇာပနကို
ကျင်းပအပြီးမှာ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ ကြတာ ဖြစ်ပါတယ်။ဒါဆို Jacksonဟာဘယ်နားကနေ ရောက်လာတာလဲ။

Source~Internet
Writer~Thu Rein ( XYZ News )