တစ်နှစ်ကို ပင်လယ်ထဲ ပစ်နေတဲ့ ပလတ်စတစ်တွေဟာ တန်ချိန်ပေါင်း ၃၃၅ သန်းနီးပါးရှိနေပြီး ဒါဟာလွန်ခဲ့တဲ့ နှစ် ၅၀ ကထက် ၅ ဆလောက်များပြားတဲ့ ပမာဏပဲဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် ပင်လယ်ထဲမှာ ပလတ်စတစ်စပေါင်း ၅ တြီလျံတန်လောက်ရှိနေပြီပဲဖြစ်ပါတယ်။ The Ocean Savior လို့နာမည်ပေးထားတဲ့ ပလတ်စတစ်ရှင်းလင်းရေးသင်္ဘောဟာဆိုရင်တော့ တစ်နေ့ကို ပလတ်စတစ် ၅ တန်ဖျက်ဆီးပစ်ပြီးတော့ လောင်စာအဖြစ်ပြောင်းလဲသုံးစွဲသွားမှာပဲဖြစ်ပါတယ်။

ပလတ်စတစ်တွေကိုတော့ သင်္ဘောပေါ်မှာပါရှိတဲ့ နည်းပညာမြင့် စက်ကိရိယာတွေနဲ့ လေထုညစ်ညမ်းမှုအနည်းဆုံးအတိုင်းအတာတစ်ခုထိရောက်အောင် စစ်ထုတ်ဖျက်ဆီးသွားမှာပဲဖြစ်ပါတယ်။ သင်္ဘောရဲ့ဘေးဘက်မှာလည်း ပလတ်စတစ်တွေကို ဖမ်းဖို့အတွက် အရှည် ၇၀ မီတာရှိတဲ့ ပိုက်အကွေးနှစ်ခုလည်းပါရှိပါတယ်။ The YachtMarket မှ သင်္ဘော ပရောဂျက်ကိုစတင်ခဲ့သူ Richard Roberts ကတော့ သူဟာ Blue Planet ဇာတ်ကားကိုကြည့်ရင်း ဒီစိတ်ကူးရခဲ့တာလို့ပြောပြခဲ့ပါတယ်။

သင်္ဘောဒီဇိုင်းကိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား သင်္ဘောဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Ricky Smith က ဆွဲသားခဲ့တာပဲဖြစ်ပါတယ်။ ပရောဂျက်ကိုဦးဆောင်နေသူ Dr Andrew Baglin က ပရောဂျက်အကြောင်းအခုလိုပဲရှင်းလင်းပြောကြားခဲ့ပါတယ်။

“နေ့စဉ်နဲ့အမျှ ပင်လယ်ထဲက ပလတ်စတစ်တွေဆယ်ယူတဲ့နေရာမှာ တွက်ချက်ရတာမျိုးတွေရှိတယ် ။ ဆိပ်ကမ်း နဲ့ အကွာအဝေး ၊ သင်္ဘောရဲ့အကျယ်အဝန်း နဲ့ လောင်စာချက်လုပ်ရမယ့်နေရာ အစရှိတာတွေကို တွက်ချက်ရပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ကျွန်တော်တို့အထူးသတိပြုပြီးလုပ်ဆောင်နေပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ဒီတစ်ပတ်အတွင်းမှာတော့ ပလတ်စတစ်သိမ်းဆည်းရေးသင်္ဘောကြီးဟာ ပလတ်စတစ်စပေါင်း ၁.၈ တြီလျံ ရှိနေတဲ့ ပစိဖိတ်ပင်လယ်ထဲသွားပြီး ပလတ်စတစ်စ ၁သိန်းနီးပါးဆယ်ယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Writer – Min Thu ( XYZ News )

Ads