ဒီအစိမ်းရောင်မီးလုံးကြီးဟာ ရုရှားသိပ္ပံပညာရှင်တွေကို အတော်လေးခေါင်းခြောက်စေခဲ့ပါတယ်။ ဆီးဗီးယားတောင်ဘက် Akademgorodok မြို့မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ ဒီနေရာမှာရှိနေတဲ့သုတေသနလုပ်ငန်းတွေဟာ သမ္မတ ပူတင်ရဲ့အထူးလျို့ဝှက်လက်နက်တွေဖန်တီးတဲ့ စမ်းသပ်ခန်းတွေဖြစ်တယ်လို့ လူတွေပြောနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီအစိမ်းရောင်မီးလုံးကြီးကိုတော့ အင်္ဂါနေ့မနက်ခင်းက ကားကင်မရာမှရိုက်ကူးရရှိခဲ့တာပဲဖြစ်ပါတယ်။

Russia Today သတင်းဌာနကတော့ ဒီဖြစ်စဉ်ကို ဥက္ကာခဲကြွေကျတဲ့ဖြစ်စဉ်အဖြစ်ကြေငြာခဲ့ပေမယ့် ရုရှားနိုင်ငံအတွင်းမှာတော့ ဒါဟာ ရုရှားနိုင်ငံရဲ့လျို့ဝှက်လက်နက်တွေထဲကတစ်ခုကိုစမ်းသပ်နေတာဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေပျံ့နှံ့ခဲ့ပါတယ်။တစ်ချို့ကလည်း ဒီအစိမ်းရောင်မီးဟာ UFO တစ်စီးမှအလင်းရောင်ဖြစ်တယ်လို့ယူဆထားကြပါတယ်။ ဒါပေမယ့် မြေပြင်မှ မီးခိုးတန်းမတွေ့ရတဲ့အတွက် လက်နက်တစ်ခုစမ်းသပ်တာမဖြစ်နိုင်ပါဘူး ။

ထို့အပြင် ရော့ကတ်စမ်းသပ်မှုပြုလုပ်ဖို့ ကြေငြာထားတာမျိုးလည်းမရှိတဲ့အတွက် ဒီမီးလုံးဟာ လေထုထဲမှာ ဥက္ကာခဲလောင်ကျွမ်းသွားလို့ထွက်ပေါ်လာတဲ့ မီးရောင်ဖြစ်နိုင်ပါတယ်။ဆီးဗီးယားနိုင်ငံတစ်ဝိုက်မှာ UFO တွေ့ရတယ်လို့ သတင်းပို့တာမျိုးတွေတော့ ရှိခဲ့ဖူးပါတယ်။ Akademgorodok ဟာ ရုရှား စစ်ဘက်ဆိုင်ရာနဲ့ အာကာသဆိုင်ရာ သုတေသန စခန်းတွေရဲ့အခြေစိုက်မြို့တစ်ခုဖြစ်ပါတယ်။

ဆယ်ချီတဲ့ သုတေသနဓါတ်ခွဲခန်းတွေတည်ရှိပြီး ကမ္ဘာ့ အဆိုးရွားဆုံး ဗိုင်းရပ်တွေ နဲ့ ရောဂါပိုးတွေကို သိမ်းဆည်းထားရာနေရာတစ်ခုဆိုလည်းမမှားပါဘူး။ရုရှားကတော့ ဒီဇီဝသုတေသနလုပ်ငန်းကို Vector လို့ခေါ်ပါတယ် ။ဇီဝလက်နက်တွေဟာ သာမန်စစ်လက်နက်တွေထက်ပိုကြောက်စရာကောင်းပြီး သေဆုံးနိုင်ချေအမြင့်မားဆုံး စစ်ဘက်ဆိုင်ရာလက်နက်တွေပါပဲ ။

Writer – Min Thu ( XYZ News )

Ads