သိပ္ပံပညာရှင်တွေဟာ ဝက်ခြံ နဲ့ပတ်သတ်တဲ့ ကုထုံးသစ် တစ်ခုကိုတီထွင်လိုက်ပါပြီ ။ဒီကုထုံးကိုတော့ ဝက်ခြံရောဂါပြင်းထန်စွာခံစားနေရသူပေါင်း ၅၆၀၂ ဦးအပါအဝင် စုစုပေါင်း ၂၆၇၇၃ ဦးအပေါ်မှာ စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကုထုံးကတော ့အမွွှေးဆဲလ်တွေကို ပြုပြင်ပြောင်းလဲပြီးတော့ ဝက်ခြံတွေဖြစ်ပေါ်မလာစေအောင်တားဆီးပေးတဲ့ကုထုံးတစ်ခုပါပဲ ။

National Institute of Health Research ရဲ့ Biomedical Research Center မှ Guys နဲ့ St.Thomas တို့ကတော့ ယခုကုထုံးဟာ အရင်ကုထုံးတွေထက်စာရင်အများကြီးပိုမိုအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ပြောပြထားပါတယ်။

ဒီ သုတေသန ကို ဦးဆောင်နေသူကတော့ ဝက်ခြံ ကုသမှုကို ဆယ်စုနှစ်တစ်ခုအကြောလောက်လုပ်ဆောင်ခဲ့တဲ့ အလှပရေးရာပညာရှင်ပရော်ဖက်ဆာ Jonathan Barker ပဲဖြစ်ပါတယ်။
“အခုလိုမျိုးဝက်ခြံတွေကို မျိုးရိုးဗီဇကုထုံးနဲကုသခြင်းဟာ အရင်တုန်းက တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ ဒါဟာခြေလှမ်းသစ်တစ်ခုလို့ပြောရမှာပါ ။

ဝက်ခြံပြဿနာနဲ့ရင်ဆိုင်နေရတဲ့သူတွေအတွက်တော့ ဒီ ကုထုံ းဟာ အလွန်အရေးပါတဲ့ ကုထုံးတစ်ခုဖြစ်လာနိုင်ပါတယ်။မျက်နှာပေါ်မှာ အမာရွတ်တွေထင်မကျန်စေဖို့အတွက် ကျွန်တော်တို့ဆီမှာ စောစောစီးစီးလာကုသဖို့တော့လိုပါတယ်” လို့ ပရော်ဖက်ဆာ Jonathan Barker ကပြောထားပါတယ်။

ယခုလက်ရှိ နာမည်ကျော် ဝက်ခြံကုထုံးကတော့ isotretinoin ဆေးဖြစ်ပြီးတော့ အတော်လေးကို ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတစ်ခုပါ။ဒီဆေးကိုသုံးစွဲတဲ့အခါ ကြွက်သားနာကျင်မှု ၊ အသားအရေခြောက်သွေ့ခြင်းတွေနဲ့ ကိုယ်ဝန်ဆောင် တွေဆိုရင် ကလေးပျက်ကျနိုင်ချေရှိတဲ့အထိ ပြင်းထန်တဲ့ဆေးဝါးတစ်ခုပဲဖြစ်ပါတယ်။

Writer_ Min Thu ( XYZ NEWS )

Ads