သင့်မှာ လှပထူးချွန်ထက်မြက်ပြီး မိန်းကလေးချင်းတောင်အားကျရတဲ့ သူငယ်ချင်းမျိူးရှိပါလိမ့်မယ်။သူမအနေနဲ့ အချစ်ရေးအဆင်မပြေတာမျိူး၊အိမ်ထောင်ဖက်နဲ့အဆင်မပြေတာမျိူးကြောင့် စိတ်ညစ်နေရတဲ့အခါ သင်အံ့သြမိပါလိမ့်မယ်။အရာရာပြည့်စုံသော်လည်း သူ့ကောင်လေးနဲ့သူဘာလို့အဆင်မပြေရပါလိမ့်။ယောကျ်ားလေးတွေရင်ဖွင့်ထားတဲ့ သူတို့ချစ်သူကောင်မလေးများအပေါ် စိတ်ပျက်ရတဲ့အကြောင်းရင်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။

(၁)အမြဲစိတ်ညစ်နေတတ်သောမိန်းကလေး
မဂ္ဂဇင်းတစ်ခုရဲ့ ကာဗာမှာ ရုပ်တည်တည်နဲ့ ဆက်ဆီကျနေသော မိန်းကလေးမျိူးထက် ပြုံးရယ်နေသော မိန်းကလေးမျိူးကို ပိုသဘောကျတတ်ကြသလိုမျိူးပဲ လက်တွေ့ဘဝမှာလည်း အမြဲစိတ်ညစ် ငြီးညူနေတတ်တဲ့ ကောင်မလေးတွေထက် ချိူသာပြုံးရွင်နေသော ကောင်မလေးတွေကိုသာ ကောင်လေးတွေ ပိုရွေးချယ်ချင်ကြပါတယ်။

(၂)လက်ထပ်ဖို့အတွက် ဦးတည်လွန်းသော မိန်းကလေး
ချစ်သူစဖြစ်ဖြစ်ချင်းမှာပင် လက်ထပ်ဖို့ကိစကိုပဲ အမြဲရှေ့တန်းတင်နေသော မိန်းကလေးမျိူးကို တချိူ့သော ကောင်လေးတွေ ကြောက်ကြပါတယ်။

(၃)ပုံကြီးချဲ့တတ်သော မိန်းကလေး
ယောကျ်ားနှင့်မိန်းမကွာခြားချက်ကတော့ ယောကျ်ားတွေက စိတ်ကိုဖြောင့်ဖြောင့်ထားပြီးတွေးပေမယ့် မိန်းကလေးတွေကတော့ ဘာမဟုတ်တဲ့ကိစ်တွေကို ချဲ့ကားတွေးတတ်ကြပါတယ်။ အချိူ့သောမိန်းကလေးတွေကတော့ တော်တော်ဆိုးဆိုးကို ပုံကြီးချဲ့ ပြသနာရှာတတ်တာကြောင့် ကောင်လေးတွေ စိတ်ပျက်ရခြင်း ဖြစ်ပါတယ်။

(၄)ဖြစ်ချင်တာတွေများနေသော မိန်းကလေး
အချိူ့သောမိန်းကလေးတွေဟာ သူတို့ချစ်သူူအပေါ်ဘာပေးနိုင်မလဲဆိုတာထက် ချစ်သူဆီက ဘာတွေတောင်းဆိုရမလဲဆိုတာကိုသာ အမြဲတွေးနေတတ်ကြပါတယ်။ကြာလာတော့လည်း ဒီအချက်က အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့ကို စဉ်းစားရကျပ်စေပါတယ်။

(၅)အလှအပကိုစိတ်မဝင်စားဘဲ ဖြစ်သလိုနေသောမိန်းကလေး
အချိူ့မိန်းကလေးတွေဟာ အိမ်ထောင်သက်/ချစ်သူူသက်ကြာလာတာနှင့်အမျှ မိမိကိုယ်ကိုအလှအပပြင်ဆင်ခြင်းမရှိဘဲ ဖြစ်သလိုနေတတ်ကြပါတယ်။ အနုစိတ်ခြယ်သနေဖို့မလိုပေမယ့်လည်း သပ်သပ်ရပ်ရပ်တင့်တင့်တယ်တယ်တော့ နေထိုင်သင့်ပါတယ်။

(၆)စိတ်ကူးယဉ်လွန်းသော မိန်းကလေး
စိတ်ကူးထဲက မင်းသားလေးလို ကိုယ့်ချစ်သူကို အမြဲတောင်းဆိုနေတတ်တဲ့မိန်းကလေးများဖြစ်ပါတယ်။အမြဲ ရိုမန်းတစ်ဆန်ဖို့ အမြဲဂရုစိုက်ပေးဖို့ဆိုတာ လက်တွေ့ဘဝမှာ ခက်ခဲပါတယ်။

(၇)အမြဲတမ်းသူသာလျှင်ဆုံးဖြတ်ချင်သော မိန်းကလေး
မိမိကိုယ်ကို ထက်မြက်ပြီးမှီခိုစိတ်ကင်းတယ်လို့ သတ်မှတ်ထားသော မိန်းကလေးများရှိပါတယ်။ ထိုမိန်းကလေးအများစုဟာ မည်သည့်ကိစ္စမှာမဆို မိမိသာလျှင် ဆုံးဖြတ်ချင်ကြပြီး လက်တွဲဖော်ရဲ့ အကြံအစည်ကို အရာမသွင်းချင်ကြပါဘူး။မည်သည့်ဆက်ဆံရေးမှာမဆို နှစ်ဦးနှစ်ဖက်တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရေရှည်မှာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

Writer-Dr Jue ( XYZ News)

Ads