အမေရိကန်ပိုင်လော့တစ်ဦးကြောင့် အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတစ်ရပ်ဟာ လူသိရှင်ကြား ဖြစ်သွားပြီလို့ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အမေရိကန်လေတပ် တိုက်လေယာဉ် ဦးပိုင်းပိုင်လော့ခန်းကနေ ရိုက်ယူမိတဲ့ ဗီဒီယိုဖိုင်မှာ မြေထဲပင်လယ်အတွင်းက လေယာဉ်တင်သင်္ဘောပေါ် အခြားလေယာဉ်တစ်စီး ဆင်းသက်တာကို ရိုက်ယူမိပါတယ်။

ဒါပေမယ့် လေယာဉ်ဟာ ပြေးလမ်းေပေါ် နှေးကွေးစွာ မောင်းနှင်နေပြီး စစ်လေယာဉ်တွေကို ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေထဲက တစ်စီးကတော့ အခြားလေယာဉ်တွေနဲ့ လုံးဝ ကွဲပြားခြားနားနေပြီး လေတပ်မှာ ယခင်က အသုံးပြုခြင်းမရှိ၊ တွေ့မြင်ဖူးခြင်းမရှိတဲ့ လေယာဉ်ဒီဇိုင်းပုံစံနဲ့ ဖြစ်နေပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ ယူကျု့ပေါ်ရောက်ခဲ့ပြီး ကြည့်ရှုသူပေါင်း ငါးသိန်းကျော်ထက်မနည်း ရှိခဲ့ပါတယ်။

ယူကျု့အသုံးပြုသူတွေကတော့ လျှို့ဝှက်စီမံကိန်းတစ်ရပ် ပေါက်ကြားသွားတာပဲလို့ ထင်မြင်ချက်ပေးကြပါတယ်။

“ကျွန်တော်ထင်တယ်။ ဒီလေယာဉ်ဟာ TR-3B လေယာဉ်ဖြစ်မယ်။ မြေအောက်စီမံကိန်းယာဉ်တွေထဲက နောက်ဆုံးထုတ် တစ်ခုဖြစ်နိုင်တယ်။”လို့ တစ်ဦးသောသူက အတည်ပြုပါတယ်။
“ဒါဟာ လျှို့ဝှက်ပရိုဂရမ်တွေက ထုတ်လုပ်တဲ့ လျှို့ဝှက်နည်းပညာ နောက်မျိုးဆက်ပဲ။”လို့ ဆိုပါတယ်။

အခြားသူတစ်ဦးကလည်း ဒါဟာ TR-3B ဖြစ်တယ်လို့ ဆိုပါတယ်။

TR-3B လေယာဉ်တွေရဲ့ အရှည်ကောက်ဟာ TR-3B Black Manta ဖြစ်ပြီး အမေရိကန်လေတပ်ရဲ့ ထောက်လှမ်းရေးလေယာဉ်တွေအဖြစ် အမည်ရထားပြီး မြေအောက်လျှို့ဝှက်စီမံကိန်းကနေ တီထွင်ထုတ်လုပ်နေတဲ့ အသံထက်မြန်တဲ့ ကိုယ်ပျောက်တိုက် လေယာဉ်ဖြစ်တယ်လို့ ထင်ေကြေးတွေ ရှိနေပါတယ်။

Rf; Business Insider uk
Writer_မောင်သံဆင့် ( XYZ News )