အတိတ်တုန်းက ကမ္ဘာမြေကြီးအက်ကွဲပြီး ငရဲတံခါးတွေပွင့်လာခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးပါတယ်။ဘိုင်ဘယ်မှာ ဆိုရင် စီရင်ရာနေ့မှာ ကမ္ဘာကြီးဟာ ငရဲလိုဖြစ်လာမယ်လို့ ပြောထားတာတွေ့ရပါတယ်။

ဒီငရဲတံခါးလို့လူတွေသိကြတဲ့ ရေတွင်းပေါက်ကြီးကတော့ ရုရှားနိုင်ငံ ဆီးဗီးယားမှာတည်ရှိတာပါ ။ အနက် ၁၀ မိုင်လောက်ရှိပြီးတော့ ဒီတွင်းကိုတူးဖော်ခဲ့တဲ့သူတွေဟာ တွင်းထဲမှာ ငိုညည်းသံတွေတောင်ကြားခဲ့ရတယ်လို့သိရပါတယ်။

သတ္တုတူးဖော်ဖို့အတွက် ဒီတွင်းကြီကိုတူးဖော်ခဲ့တာဖြစ်ပေမယ့် မီသိန်းဓါတ်ငွေ့တွေထွက်လာတဲ့အတွက် ရှရှားသိပ္ပံပညာရှင်တွေဟာ ပတ်ဝန်းကျင်မထိခိုက်အောင် ဓါတ်ငွေ့ကိုမီးရှို့ပစ်ခဲ့ပါတယ်။

မီးရှို့ပစ်ခဲ့တဲ့အချိန် ၁၉၇၁ ခုနှစ်စပြီးတော့ အဆက်မပြတ်လောင်ကျွမ်းနေခဲ့တာ အခုချိန်ထိပါပဲ။ တွင်းရဲ့အောက်ခြေမှာဆိုရင် အပူချိန် ၂ ထောင်ဒီဂရီဇာရင်ဟိုက်အထိရှိကြောင်းပညာရှင်တွေက ပြောထားပါတယ်။

တစ်ချို့လူတွေကတော့ ဒါကိုယုံတမ်းတစ်ခုအနေနဲ့ပဲသတ်မှတ်ထားကြပါတယ်။ ​နောက်တွင်းတစ်ခုကတော့ ဆီဗီးယားနဲ့အနည်းငယ်လှမ်းတဲ့ နော်ဝေး နဲ့ ဖင်လန်နယ်စပ်မှ Super Deep Borehole တွင်းကြီးပါပဲ။

ဒီတွင်းကြီးရဲ့အောက်ခြေမှာဆိုရင် ထာဝရလောင်ကျွမ်းနေရတဲ့အပြစ်သားတွေရှိတယ်လို့တောင် အပြောတွေရှိပါတယ်။ ဗီဒီယိုတွေထဲက ငရဲမှထွက်ပေါ်နေတဲ့အသံတွေဟာ တကယ်ဟုတ်မဟုတ်ကိုတော့ ပညာရှင်တွေက စစ်ဆေးနေကြတုန်းပါပဲ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ကြီးရဲ့အောက်ဘက်မှာငရဲဆိုတာရှိမယ်ဆိုရင် အလွန်နက်ရှိုင်းတဲ့တွင်းတွေမှတစ်ဆင့် ကြားရတယ်ဆိုတာ ဖြစ်နိုင်ချေတော့ရှိပါတယ်။

ဗီဒီယိုကြည့်ရန် !

Writer – Min Thu ( XYZ News )

Ads