၁- Ushiku Daibutsu

၁၉၉၃ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တဲ့ ဂျပန်နိုင်ငံ Ushiku က ဗုဒ္ဓရုပ်ပွားတော်ဟာ ဉာဏ်တော် ပေ ၃၉၀ ရှိပါတယ်။လာရောက်လည်ပတ်သူတွေဟာ အမြင့်ပေ ၂၇၉ ပေအထိ ဓါတ်လှေကားနဲ့တက်နိုင်ပါတယ်။ရုပ်ပွားတော်ကိုတော့ Ushiku ARCADIA လို့လူသိများကြပြီး “True Pure Land School” ဘုရားကျောင်းကိုတည်ဆောက်ခဲ့သူ Shinran ကိုအသိအမှတ်ပြုတဲ့အနေနဲတည်ဆောက်ခဲ့တဲ့ရုပ်ပွားတော်ကြီးပါ။ ဒီရုပ်ပွားတော်ဟာ ၂၀၁၈ ခုနှစ်အထိ ကမ္ဘာပေါ်မှာတတိယအမြင့်ဆုံး ရုပ်ထုအဖြစ်ရပ်တည်နေဆဲပါ။

၂- Laykyn Sekkya

မြန်မာနိုင်ငံ ၊ မုံရွာမြို့အနီးအနားက ခက်တခန်တောင် ရွာမှာတည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်ပြီး ဉာဏ်တော် ၃၈၁ ပေ ရှိပါတယ်။၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး အချိန်၁၂ နှစ်ကြာအောင်တည်ဆောက်ခဲ့ရတဲ့ ရုပ်ပွားတော်တစ်ဆူပါပဲ။မဟာဗောဓိတစ်ထောင်လို့လူတွေသိကြပြီး ရုပ်ပွားတော်အကြောင်းအပြည့်အစုံကိုတော့ မြန်မာဝီကီပီးဒီယားမှာဖော်ပြထားပါတယ်။

၃- နွေဦးရာသီ ဗုဒ္ဓဘုရားကျောင်း

တရုန်နိုင်ငံ ဟန်နန်နယ် လူရှန်မြို့ ဇိုကန်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကတော့ ကမ္ဘာပေါ်မှာအမြင့်ဆုံး ရုပ်ထုပါပဲ။ဒီရုပ်ပွားတော်ကိုတော့ ၁၉၉၇ နှစ်ကဆောက်လုပ်ခဲ့ပြီးအချိန် ၁၁ နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ပါတယ်။ရုပ်ပွားတော်ရဲ့ ဉာဏ်တော်အမြင့် ပေ ၄၂၀ ရှိပြီး အောက်ဘက်က ကြာပလ္လင်အပါအဝင်ဆိုရင် စုစုပေါင်း အမြင့် ၅၀၂ ပေရှိပါတယ်။


၂၀၀ခုနှစ်မှာတော့ လူတွေရဲ့အမြင်မှာ ပိုမိုမြင့်မားစေဖို့အတွက် တောင်ကုန်းကို ပလ္လင်အဖြစ်ဆက်လက်ပုံသွင်းဆောက်လုပ်ခဲ့ရာ ရုပ်ပွားတော်ရဲ့အမြင့်ဟာ စုစုပေါင်း ၆၈၂ ပေအထိရှိသွားခဲ့ပါတယ်။ ရုပ်ပွားတော်ကိုတော့ ဒေါ်လာ ၅၅ သန်းအကုန်အကျခံဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ တကယ့်အနုပညာလက်ရာမြောက်ရုပ်ထုတစ်ခုဆိုလည်းမမှားပါဘူး။

Writer – Min Thu ( XYZ Times )

Ads