ကမ္ဘာ့အလျှို့ဝှက်ဆုံး နယ်မြေဖြစ်တဲ့ Area 51 မှာ ကယ်လီဖိုးနီးယားကမ်းခြေအထိ ဆက်သွယ်ထားတဲ့ လျှို့ဝှက်မြေအောက်မြို့တော် ရှိကြောင်း လျှို့ဝှက်ချက်များ အကဲဖြတ်သူတွေအရ သိရပါတယ်။

“အရင် Area 51 မှာ လုပ်ကိုင်ဖူးတဲ့ အလုပ်သမားဟောင်းတွေက ပြောကြတယ်။ Area 51 မှာ မြေအောက်မြို့တော်ကြီး ရှိတယ်၊ ဒီ မြို့တော်ကြီးက မိုင် ၃၀၀ အထိ ရှည်လျားပြီး ကယ်လီဖိုးနီးယားကမ်းခြေအထိ ချိတ်ဆက်ထားတယ်လို့ ပြောကြတယ်။” Blake Cousins ဘလော့ဂ်ဂါက အတည်ပြုပါတယ်။

“Area 51 ဆိုတာ ပင်လယ်မှ မျောနေတဲ့ ရေခဲကျွန်းမျောကြီးရဲ့ ရေမျက်နှာပြင်က မြင်ရတဲ့ အပိုင်းလောက်ပဲ ဖြစ်တယ်။ တကယ် မမြင်ရတဲ့ အောက်ခြေမှာက မြို့တော်ကြီးအဖြစ် ဖွဲ့စည်းတည်ရှိနေတာ ဖြစ်တယ်ဆိုပြီး ဒီ ဝန်ထမ်းဟောင်းတွေက ဖွင့်ဟလာကြတယ်။”လို့ ယင်းဘလော့ဂ်က ဆိုပါတယ်။

Area 51 ဟာ နီဗားဒါးပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး အမေရိကန်လေတပ်စခန်း Edwardss Air Force Base အခြေစိုက်စခန်း တပ်ချရာ ဖြစ်ပါတယ်။ လုံခြုံရေးအထူးတင်းကြပ်တဲ့ ဒီ နယ်မြေမှာ ဂြိုဟ်သားသုတေသနတွေ လုပ်ဆောင်နေတယ်ဆိုပြီး လူအုပ်နဲ့ ဝင်စီးနင်းဖို့ အွန်လိုင်ကမ်ပိန်းတွေအထိ ဖြစ်ပွားနေပါတယ်။

အစိုးရကတော့ Area 51 ဟာ လေတပ်လေ့ကျင့်ရေးစခန်းသက်သက်သာ ဖြစ်တယ်လို့ ငြင်းဆန်ထားပေမယ့် ကမ္ဘာ့အလျှို့ဝှက်ဆုံးမှာ တစ်နေရာအဖြစ် ပါဝင်နေတဲ့ ဒီနယ်မြေနဲ့ ပတ်သက်ပြီး ကောလဟလသတင်းတွေကတော့ ပဟေဠိဖြစ်နေတော့တာ ဖြစ်ပါတယ်။

Rf; The Week
Writer_မောင်သံဆင့်( XYZ News )

Ads