ဂျပန်နိုင်ငံက နှစ် ၄၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းဟာ ငယ်ရွယ်တဲ့ ၀တ်ပြုဆုတောင်းသူတွေကို ဆွဲဆောင်နိုင်ဖို့ လူလုပ်အသိဉာဏ် (AI) ပါ မနုဿစက်ရုံတစ်ရုပ်ကိုတီထွင်ထားပါတယ်။

Meet Android Kannon ဆိုတဲ့ အဲဒီ စက်ရုပ်ဟာ ဗုဒ္ဓဘာသာဝင် စက်ရုပ်ဆိုပြီး ညွှန်းဆိုခံရကာ ဘာသာစကားမျိုးစုံနဲ့ ဗုဒ္ဓဒေသနာတော်တွေကို ရွတ်ဖတ်နိုင်ပါတယ်။

ကျိုတိုက ကိုဒိုင်ဂျီဘုရားကျောင်းနဲ့ အိုဆာကာတက္ကသိုလ် အသိဉာဏ်ရှိ စက်ရုပ်ပညာ ပါမောက္ခ ဟီရိုရှီတတတို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁သန်းနီးပါ အကုန််ခံလို့ အခု စက်ရုပ်ကို တီထွင်ထားတာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ ဗုဒ္ဓဒေသနာတွေ ရွတ်ဖတ်မှုကို မေန့ကက ပထမဆုံး ပြုလုပ်ခဲ့ပါတအယ်။

မနုဿစက်ရုပ် Kannon ဟာ အမြင့် ရ၇ လက်မနဲ့ အလေးချိန် ၁၂ ပေါင် ရှိပါတယ်။ ခေါင်း၊ လည်တိုင်၊ ပုခုံးနဲ့ လက််တွေကို ဆီလီကွန်အလွှာဖုံးလွှမ်းထားရာ အရေပြားအတိုင်းပဲ ဖြစ််ပါတယ်။|

၀ဲဘက်မျက်လုံးအိမ်မှာ ကင်မရာပါရှိပြီး မျက်လုံးချင်း ဆက်သွယ်မှုနဲ့ အရာဝတ္ထုတွေကို ကြည့်ရှုမှု လုပ်နိုင်စွမ်းပါတယ်။
လူလုပ်အသိဉာဏ်ပါ ဘုန်းကြီးစက်ရုပ်လို့လည်း ခေါ်ကြပြီး ဒီ စက်ရုပ်ဟာ တရုတ်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နိုင်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီကနေ့ ခေတ်လူတွေမှာ ဗုဒ္ဓဘာသာတရားတော်တွေ နှလုံးသားထဲ ကိန်းအောင်းနိုင်ဖို့ အခု စက်ရုပ်က ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။”လို့ ဘုရားကျောင်းမှ ကျောင်းထိုင်ကိုယ်တော် တန်ရှိုဂိုတိုက ပြောခဲ့ပါတယ်။

Video

Rf; Geek
Writer_မောင်သံဆင့် ( XYZ News )

Ads