အယ်လ်ဆာဗေဒေါနိုင်ငံမှာ လက်နက်ကိုင်ရဲများနဲ့ စစ်သားများဟာ ၎င်းတို့ ကို စစ်လက်နက်ပစ္စည်းများအဆင့်မြှင့်တင်ပေးရန်အတွက် ဒေါ်လာ ၁၀၉ သန်း (ပေါင် ၈၅ သန်း) ချေးငွေကို သဘောတူပေးဖို့အတွက် ပါလီမန်ထဲ အတင်းအဓမ္မ ဝင်ရောက်စီးနင်း တောင်းဆိုခဲ့ကြပါတယ်။

သူတို့ဟာ သမ္မတ နာယစ် ဘူခီလီNayib Bukele က ဥပဒေပြုအမတ်များအား မိန့်ခွန်းပြောကြားတော့ မယ့်အချိန်မှာ အဆောက်အအုံထဲဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အစောပိုင်းက သူဟာ သူ့ရဲ့ချေးငွေအစီအစဉ်ကို ထောက်ပံ့ပေးဖို့ ၇ ရက်အချိန်ပေးထားခဲ့တာဖြစ်ပါတယ်။

အတိုက်အခံနိုင်ငံရေးသမားများက ပါလီမန်အတွင်းသို့ လက်နက်ကိုင်များဝင်ရောက်လာတာကို မကြုံစဖူးခြိမ်းခြောက်မှုတစ်ခုလို့ ပြောဆိုခဲ့ကြပါတယ်။

အယ်လ်ဆာဗေဒေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။ အကြမ်းဖက်မှုအများစုဟာ အလယ်အမေရိကန်တလွှားမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းများက ကျူးလွန်ကြတာဖြစ်ပါတယ်။

သမ္မတ ဘူခီလီ ဟာ ၂၀၁၉ ဇွန်လမှာ သမ္မတရာထူးကိုလက်ခံယူခဲ့ပြီး ဗဟိုအမေရိကန်နိုင်ငံမှာ ဂိုဏ်းအကြမ်းဖက်မှုနဲ့ အကျင့်ပျက်ခြစားမှုအစဉ်အလာကိုကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိခေါင်းဆောင်ဟာ ချေးငွေကို ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ ရဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့စစ်လက်နက်ပစ္စည်းကိရိယာများအဆင့်မြှင့်တင်ဖို့ အသုံးပြုလိုတာဖြစ်တယ်။ အထူးသဖြင့်တော့ ရန်ပုံငွေတွေကို ရဲကားများ၊ ယူနီဖောင်းများ၊ စောင့်ကြည့်ရေးကိရိယာများနဲ့ ဟယ်လီကော်ပတာတစ်စီးဝယ်ယူဖို့ အသုံးပြုမှာဖြစ်ပါတယ်။

သို့သော် ပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိ အမတ်အများစုဟာ အဆိုပြုထားတဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ကို ရှောင်ဖယ်နေခဲ့ကြပါတယ်။

ပါလီမန်မှာ ရှိရမယ့်အနည်းဆုံးအရေအတွက်ကို မပြည့်မှီတာကြောင့် သမ္မတက သူ့ထောက်ခံသူတွေကို လွှတ်တော်ကို လာဖို့ တိုက်တွန်းလိုက်တာလို့ ဘီဘီစီသတင်းထောက် ဝီ ဂရန့်က ပြောကြားခဲ့ပါတယ်။ အစိုးရကို လိုလားထောက်ခံတဲ့ ဆန္ဒပြသူ ၅၀၀၀၀လောက် ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ လွှတ်တော်အမတ်တွေက ဥပေဒကြမ်းကို မဆွးနွေးဘူးဆိုရင် တစ်ပတ်အတွင်း လမ်းတွေပေါ်ကို ပြန်ထွက်လာကြဖို့ သမ္မတက ပြောထားတယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ နိုင်ငံရေးအတိုက်အခံတွေကတော့ သမ္မတဟာ တိုးတိုးပြီး အာဏာရှင်ဆန်လာနေပြီး သူတို့ကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲနေကြပါတယ်။

Ref; BBC News
Writer_Aung Moe ( XYZ News )

Ads