၁။မြွေဟောက်သွေးကိုသောက်ရခြင်း(ယူအက်စ်ရေတပ်)

ယူအက်စ်ရေတပ်စစ်သားတွေဟာ အပူပိုင်းဇုံတောထဲမှာအသက်ရှင်နေထိုင်နိုင်ဖို့ရာအတွက် မြွေဟောက်သွေးကိုသောက်သုံးပီးလေ့ကျင့်ရပါတယ်။ ထိုင်းရေတပ်နည်းပြတွေဆီကနေ အဆိပ်ပြင်းမြွေဟောက်ကိုသတ်တဲ့နည်းလမ်းကိုသင်ယူပီးနောက် မြွေဟောက်ရဲ့သွေးကိုသောက်သုံးပီးအတွေ့အကြုံယူကြည့်ဖို့ရေတပ်စစ်သားတွေဟာအားပေးခြင်းခံရပါတယ်။ မြွေဟောက်သွေးတစ်ခုတည်းမဟုတ်ပါဘူး။ တပ်သားတွေအနေနဲ့ ဝါးထဲကပိုးကောင်တွေရော၊ မြွေဟောက်အမြီးကိုရော၊ ကြက်ကိုခေါင်းဖြတ်ပီးတော့ရော စားဖို့လိုအပ်ပါတယ်။

၂။ခေါင်းနှင့်ဘိလပ်မြေခဲများကိုခွဲရခြင်း(တောင်ကိုရီးယားနှင့်တရုတ်စစ်သားများ)

တိုင်းပြည်တစ်ပြည်ဟာ အင်အားတောင့်တင်းတဲ့စစ်တပ်တစ်ခုလိုအပ်တယ် လို့တောင်ကိုရီးယားသမ္မတကပြောခဲ့ဖူးပါတယ်။ အဲ့လိုအတွေးအခေါ်ကနေပဲ ဒီလိုလေ့ကျင့်ရေးတွေကိုအစပျိုးစေခဲ့တာဖြစ်ပါလိမ့်မယ်။ တောင်ကိုရီးယားနဲ့တရုတ်စစ်သားတွေဟာ သူတို့ခေါင်းကိုယ်သူတို့ဘိလပ်မြေခဲနဲ့ခွဲကြရပါတယ်။

၃။ရေနစ်ခံလေ့ကျင့်ရေး(ယူအက်စ်ရေတပ်)

ရေတပ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ အမြဲလိုလိုထူးဆန်းပီးလူကိုရူးသွားစေနိုင်ပါတယ်။ အဲ့လေ့ကျင့်မှုတွေထဲမှာမှ တစ်ချို့ဟာဆိုရင်အင်မတန်ကိုဆိုးဝါးပါတယ်။ လေ့ကျင့်ရေးတပ်သားတွေဟာ “ရေခဲအခြေအနေ”လို့ခေါ်တဲ့ လေ့ကျင့်ရေးကိုခံနိုင်ရည်ရှိအောင်လေ့ကျင့်ကြရပါတယ်။ “ရေခဲအခြေအနေ”ဆိုတာက လေ့ကျင့်ရေးတပ်သားတွေဟာတစ်ယောက်လက်ကိုတစ်ယောက်တွဲပီး အေးစက်နေတဲ့ရေထဲမှာ ခေါင်းပဲဖော်ပီးရေစိမ်ရတာဖြစ်ပါတယ်။ ဒါမဲ့လဲ သူ့ထက်ပိုဆိုးတဲ့လေ့ကျင့်ရေးက “ရေနစ်ခံ” လေ့ကျင့်ရေးပဲဖြစ်ပါတယ်။ လေ့ကျင့်ရေးတပ်သားတွေဟာ လက်တွေခြေတွေကိုကြိုးနဲ့တုပ်ပီး ရေထဲကိုဆင်းရပါတယ်။ မီတာ ၁၀၀ ရေမကူးခင် ရေထဲမှာ ၅ မိနစ်ငုပ်ချည်ပေါ်ချည်လုပ်ရပါတယ်။ ပီးရင်တော့ သူတို့သွားနဲ့ပစ္စည်းတစ်ခုကိုယူဖို့အတွက် ရေငုပ်ရပါတယ်။ အဲ့မှာတင်မပီးဆုံးသေးပါဘူး။ နည်းပြဖြစ်သူက လေ့ကျင့်ရေးသမားများကိုရေနစ်အောင် တိုက်ခိုက်ပါသေးတယ်။

၄။ရင်ဘတ်ကိုသေနတ်နှင့်အပစ်ခံရခြင်း(ရုရှားအထူးတပ်ဖွဲ့)

ရုရှားဖြစ်နေတဲ့အတွက်ကြောင့် ဒါဟာသိပ်တော့အံ့သြစရာကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ရုရှားအထူးတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးနည်းလမ်းတွေထဲကတစ်ခုကတော့ အချင်းချင်းသေနတ်နဲ့ပစ်တာပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးရဲ့အဓိကရည်ရွယ်ချက်ကတော့ စစ်သားတွေအပစ်ခံရတဲ့အခါ ပြင်ဆင်ပီးသားဖြစ်နေအောင်ပါ။ အပစ်ခံရတဲ့အခါ စစ်သားဟာ မြန်မြန်နဲ့တိတိကျကျပြန်ပစ်ရပါမယ်။ဒီလေ့ကျင့်ရေးမှာဆိုရင် မြေပြင်ကိုပစ်နေစဉ်မှာ ရိုးသားတဲ့ဘေးကရပ်ကြည့်သူတွေကိုတွန်းပစ်ရပီး ပစ်မှတ်ကိုသူတို့နဲ့သိပ်မကွာတဲ့နေရာကနေပစ်ရပါတယ်။ ဒါဟာလဲ အရမ်းကိုနီးကပ်နေတဲ့အခါမှာ စိတ်လှုပ်ရှားနေမှုဟာ
အာရုံစူးစိုက်မှုကိုဘယ်လောက်ထိသက်ရောက်နိုင်ကြောင်းသိအောင်ပဲဖြစ်ပါတယ်။

၅။လက်ပစ်ဗုံးပစ်ပေးတမ်းကစားနည်း(တရုတ်)

စစ်လေ့ကျင့်ရေးဆိုတာ စည်းကမ်းနဲ့သတ္တိအတွက်ပြုစုပျိုးထောင်ပေးတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့စစ်လေ့ကျင့်ရေးတွေကတော့သိပ်ကိုပြင်းထန်လှပါတယ်။ အဲ့ထဲကမှတစ်ခုကတော့ တကယ့်လက်ပစ်ဗုံးအစစ်ကိုပစ်ပေးတဲ့ကစားနည်းပါ။ တရုတ်စစ်သားတွေဟာ စက်ဝိုင်းပုံစံစုဝေးပီး တစ်ယောက်စီကိုတစ်ယောက်လက်ပစ်ဗုံးပစ်ပေးရပါတယ်။ လက်ပစ်ဗုံးမပေါက်ကွဲခင် နောက်ဆုံးစစ်သားလက်ထဲရောက်ရမှာဖြစ်ပီး အဆိုပါစစ်သားက ရလာတဲ့လက်ပစ်ဗုံးကိုကျင်းထဲကိုပစ်ထည့်ရမှာပဲဖြစ်ပါတယ်။ တကယ်လို့များစစ်သားတစ်ယောက်ဟာလက်ပစ်ဗုံးကိုလက်ထဲကလွှတ်ကျသွားတယ်လို့စဉ်းစားကြည့်ပါ။ သိပ်ကိုကြောက်စရာကောင်းလှပါတယ်။

Writer -Min Thu ( XYZ News )