အမေရိကန်စစ်တပ်က F-35B တိုက်လေယာဉ်တွေဟာ လက်တွေ့စစ်မြေပြင်မှာ တိုက်ရည်စမ်းတဲ့အနေနဲ့ ပထမဆုံး တိုက်ပွဲဝင်ခဲ့ကြောင်း အမေရိကန်မရိန်းကောက်ပိုရေးရှင်းနဲ့ အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူသုံးဦးက ပြောပါတယ်။

F-35B တိုက်လေယာဉ်တွေရဲ့ ပထမဆုံး တိုက်ပွဲဝင်မှုကို အာဖဂန်နစ္စတန်က တာလီဘန်ပစ်မှတ်တွေမှာ ပူးပေါင်း လေကြောင်းထိုးစစ်ဆင်တာနဲ့ တိုက်ရည်စမ်းခဲ့တာဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ USS Essex လေယာဉ်တင်သင်္ဘောကနေ ပျံတက်လာတဲ့ ယူအက်စ်မရိန်းကော်ပိုရေးရှင်းက မူကွဲတိုက်လေယာဉ်အုပ်စုမှာ အပါအဝင် ဖြစ်ပါတယ်။

“စစ်ဆင်ရေးအတွင်းမှာ မြေပြင်ရှင်းလင်းရေးအော်ပရေးရှင်းရဲ့ ထောက်ကူပြုမှုနဲ့ F-35B တိုက်လေယာဉ်တွေဟာ လေကြောင်းထိုးစစ်ကို ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ မြေပြင်တပ်ဖွဲ့ ကွပ်ကဲရေးရုံးကတော့ ဒီတိုက်လေယာဉ်တွေရဲ့ လေကြောင်းထိုးစစ်က အောင်မြင်တယ်လို့ ယူဆထားပါတယ်။”လို့ အမေရိကန် မရိန်းတပ်က အတည်ပြုပါတယ်။

F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ သမိုင်းတစ်လျှောက်မှာ စျေးအကြီးဆုံး စစ်လက်နက်အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေ တည်ဆောက်ရေးမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆရချိန်အထိ အမျိုးမျိုးသော ကြန့်ကြာမှုတွေနဲ့ လေယာဉ်တစ်စင်း ထုတ်နိုင်ဖို့အတွက်ကို အတော်လေး ဖိဖိစီးစီး ဖန်တီးထုတ်လုပ်ရတာ ဖြစ်ပါတယ်။

လေတပ်ရဲ့ အနာဂတ်အဖြစ် ရှုမြင်ထားတဲ့ ဒီ F-35 အမျိုးအစား တိုက်လေယာဉ်တွေဟာ စွယ်စုံရတိုက်လေယာဉ်တွေဖြစ်ပြီး ဖျက်အားပြင်းစစ်လက်နက်တွေပါပဲ။ ရေဒါနဲ့ ဖမ်းမရနိုင်တဲ့ စွမ်းဆောင်ရည်၊ အသံထက် မြန်တဲ့ အလျင်နှုန်း၊ အလွန်လျင်မြန်သွက်လက်ပေါ့ပါးမှု၊ ခေတ်ဆန်းအာရုံခံနည်းပညာတို့ကို ပိုင််ဆိုင်ထားတဲ့ တိုက်လေယာဉ်မျိုးစုဖြစ်တယ်လို့ တည်ဆောက်တဲ့ စစ်လက်နက်ကုမ္ပဏီ Lockheed Martin အရ သိရပါတယ်။

F-35B ဟာလည်း F-35 တိုက်လေယာဉ်အုပ်ထဲက မျိုးကွဲလေယာဉ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားမှုပိုလာတာကတော့ F-35B တိုက်လေယာဉ်တွေဟာ ရဟတ်ယာဉ်တွေလို မျဉ်းမတ်အတိုင်း ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ အခြားတိုက်လေယာဉ်တွေထက် ပိုပြီးလည်း ပျံတက်ဖို့အတွက် ပြေးလမ်းကြောင်း တိုတိုအတွင်း ပျံတက်နိုင်တာ ဖြစ်ပါတယ်။

F-35 တိုက်လေယာဉ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကြိုက်တွေ့တဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပြီး မမြင်ရခင်ကတည်းက ချီးမွှမ်းအားရနေခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ တစ်ဖက်ရန်သူ ရေဒါတွေရဲ့ ထောက်လှမ်းမြင်နိုင်မှုအပေါ်မှာ စွမ်းဆောင်ရည် လျှော့ချထားပေမယ့်လည်း အမှန်တကယ် ရေဒါမှာ မတွေ့မြင်တဲ့ ကိုယ်ပျောက်စွမ်းရည်ကတော့ ထက်ထက်မြက်မြက် ရှိနေတဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပါတယ်။

Rf; CNN
Writer_မောင်သံဆင့် ( XYZ NEWS )

Ads