ကျွနု်ပ်တို့ ရန်ဖြစ်တဲ့အခါမှာ တဖက်သားကို စကားနဲ့သော်လည်းကောင်း အပြုအမူတစ်ခုနဲ့သော်လည်းကောင်း နာကျင်အောင်ပြုလုပ်တတ်ကြပါတယ်။ဒါဟာ limitတစ်ခုထက် ကျော်လွန်သွားပါက ပြင်ဆင်မရတဲ့နောင်တကိုရစေပါတယ်။ဒါကြောင့်မို့ ချစ်သူနဲ့ရန်ဖြစ်ရင် ဘာတွေရှောင်သင့်လဲဆိုတာသိထားသင့်ပါတယ်။

(1)ရန်ဖြစ်ရာမှာ မိသားစုတွေ မပါပါစေနဲ့

ရန်ဖြစ်ခြင်းဟာ သင်နဲ့သူ ၂ယောက်ကြားမှာ စတင်တာဖြစ်လို့ မိဘ သို့ မောင်နှမ များကို တိုင်တောခြင်း၊ ပါဝင်စေခြင်း ပြုလုပ်ခြင်းဟာ ပုံမှန်ရန်ဖြစ်ခြင်းကနေ ပဋိပက္ခအကြီးကြီးကိုဖြစ်စေပါတယ်။သင်တို့၂ဦး ပြန်အဆင်ပြေသွားလျှင်တောင်မှ မိသားစုဝင်တွေကအမှတ်ထားပြီး နောင်အခါအဖုအထစ်များ ဖြစ်စေပါတယ်။

(2)အကြမ်းဖက်ခြင်း

ရန်ဖြစ်စဉ်မှာ ဒေါသတကြီးအော်ဟစ်တာ၊လက်ပါတာစတာတွေဟာ သင်ချစ်တဲ့သူအပေါ် သေရာပါဒဏ်ရာ ဖြစ်စေတတ်ပါတယ်။သူမ သင့်အပေါ်ထားတဲ့ ခံစားချက်များကိုသေဆုံးစေပါတယ်။ကိုယ်ချစ်လို့ရွေးချယ်ထားသူကို နာကျင်အော့င်မလုပ်သင့်ပါဘူး။လူများရဲ့ အထင်သေးမှုကိုရစေပါတယ်။

(3)ကိစ္စတိုင်းကိုရောထွေးရနိရှာခြင်း

သင်တို့ရန်ဖြစ်ရခြင်းအကြောင်းက အိမ်အလုပ်တွေကူမလုပ်ပေးလိူ့ဆိုပါက ထိုကိစ္စကိုပဲ ဦးတည်ပြောဆိုပါ။ ယခင်က ပြဿနာများကိုပါ ဆွဲထည့်နေပါက သူ့အနေနဲ့စိတ်ပျက်လာမှပါ။ဒီလောက် တောင်းဆိုမှုတွေများနေတဲ့ဆက်ဆံရေးကို ရှေ့ဆက်သင့်လားဆိုတဲ့ အတွေးဝင်လာနိူင်ပါတယ်။

(4)ကွာရှင်းဖို့ပြောခြင်း

ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စကြောင့် ရန်ဖြစ်ရာကနေ ကွာရှင်းဖို့ထိတောင်းဆိုပါက တဖက်သားကို အကြီးအကျယ်စော်ကားမိသလိုဖြစ်ပါတယ်။ပြင်းထန်စွာနာကျင်စေပါတယ်။ခဏခဏပြောဆိုပါက တကယ်ဖြစ်လာတတ်ပါတယ်။ကိုယ်တကယ်ချစ်မြတ်နိုးသူကို အနိုင်ပိုင်းလိုစိတ်နဲ့ ကွာရှင်းဖို့မတောင်းဆိုလိုက်ပါနဲ့။

(5)ရန်ဖြစ်စဉ် အိမ်ကထွက်သွားခြင်း

ဒါဟာ သင့်ချစ်သူနဲ့ တမိုးအောက်မှာ မနေလိုကြောင်း ပြသရာရောက်ပါတယ်။ သင့်အနေနဲ့ ကလေးဆန်လွန်းရာကျပါတယ်။ ထွက်မသွားပဲ၂ဦးစလုံး စိတ်ပြေစဉ်မှာ မျက်နှာချင်းဆိုင်ဆွေးနွေးရပါမယ်။

(6)ကုတင်ခွဲအိပ်ခြင်း

ရန်ဖြစ်ထားတယ်ဆိုပြီး တစ်နေရာစီအိပ်လိုက်ခြင်းထက် တကုတင်တည်းအိပ်တာ ပဋိပက္ခကိုပြေစေပါတယ်။အိပ်ရာဝင်စဉ်မှာ တကုတင်တည်း ကျောခိုင်းအိပ်ပေမယ့် မိုးလင်းတဲ့အခါ တစ်ယောက်လက်မောင်းထဲတစ်ယောက်နိုးထလာနိုင်ပါတယ်။

(7)လူကြားထဲရန်ဖြစ်ခြင်း

လူကြားထဲရန်ဖြစ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦး မလေးစားရာရောက်သလို ပတ်ဝန်းကျင်ကလူတွေကိုပါ မလေးစားသလိုဖြစ်ပါတယ်။ သင်တို့ကြားက ပြဿနာကို လူကြားထဲချပြလို့ ပြီးမှာမဟုတ်တဲ့အပြင် ပိုကြီးလာစေမှာပါ။

Writer_Dr Jue ( XYZ News)