စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ဖုန်းအသုံးပြုမှုတစ်ရက်ကို ပျမ်းမျှ ၄ နာရီခန့်ရှိပါတယ်။ ဒါပေမယ့် အကျင့်တစ်ခုအရ အသုံးပြုနေကြလုပ်ဆောင်ချက်တွေပဲ အသုံးပြုကြပြီး အခြား အသုံးဝင်တဲ့ လုုပ်ဆောင်ချက်တွေကို ပစ်ပယ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဖုန်းတီထွင် ဖန်တီးသူတွေကတော့ ကျွန်တော်တို့ဖုန်းတွေမှာအဆင့်မြင့် လုပ်ဆောင်ချက်တွေကိုထည့််သွင်းပေးထားပါတယ်။ ဒီထဲကအချို့ကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကားမောင်းရင်း နေရာအခြေအနေကြည့်မယ်

သင်က ရာသီဥတု ဆိုးရွားပြီး သင်မသိ်တဲ့့နေရာတစ်ခုမှာ ကားမောင်းနေရရင်တော့ Hudway ဆိုတာကို Install လုပ်ပြီးအသုံးပြုလိုက်ပါ။ ဒါဆိုရင်တော့ဘယ်နေရာမှာလဲ ဘယ်လိုမောင်းနှင်သင့်သလဲဆိုတာကို သင့်အားပြောပြပေးသွားမှာဖြစ်ပါတယ်။

၂။ သင့်ဖုန်းက code တွေ ဖတ်နိုင်တယ်။

QR code တို့လို code မျိုးတွေအပြင် စျေးဆိုင်ကြီးတွေက ပစ္စည်းတွေမှာ ပါတဲ့ code တွေကိုပါသင့်ဖုန်းကဖတ်နိုင်ပြီး သင့်ကိုအချက်အလက်တွေ ပေးစွမ်းနိုင်မှာပါ။ သင်က USPS,UPS,FedEx စနစ်တွေနဲ့ဆိုင်တဲ့ barcodes တွေကိုလည်း scan ဖတ်နို်င်တာမို့ ကောင်းမွန်လှပါတယ်နော်။

၃။ တယ်လီစကုတ်လိုလည်း အသုံးပြုနိုင်တယ်။

ဒါကတော့ ကျွန်တော်တို့ သတိမပြုမိတဲ့ လွယ်ကူတဲ့အရာတစ်ခုပါ။ သင့်ဖုန်းကင်မရာကို တယ်လီစကုတ်တည့်တည့်ချိန်ပြီး ရိုက်ကူးရင်တော့ အမိုက်စားပုံတွေကိုရရှိမှာဖြစ်ပါတယ်။

၄။ သွေးခုန်နှုန်းစမ်းကြမယ်

Instant Heart Rate ဆိုတဲ့ဆော့ဝဲလ်ကိုထည့်ပေးထားခြင်းဖြင့် သင့်ဖုန်းကင်မရာပေါ်လက်တင်ကာ သင့်သွေးခုန်နှုန်းကို တိုင်းတာန်ိုင်တယ်လို့သိရပါတယ်။ ဒါအပြင် နှလုံးခုန်နှုန်းကိုပါစမ်းသပ်နိုင်တယ်လို့သိရပါတယ်။

၅။ သင့် ပုံရိပ်ဆိုးတွေကိုပြန်ကြည့်နိုင်မယ်

အရင်က သင့်ရဲ့ဖျက်ထားတဲ့ အရာတွေ ဓာတ်ပုံတွေကို ပြန်လည် ရှာဖွေနိုင်တဲ့ software ကို ခေါင်းစဉ်က ဆိုလိုတာပါနော်။ ဒါကလည်း ဖုန်းတွေရဲ့ကောင်းမွန်တဲ့ အရည်အချင်းတစ်ရပ်ပါနော်။

၆။ သင့်ဖုန်းကင်မရာ မှတ်မိတဲ့အရာတွေ

Amazon’s Flow တို့လို App တွေထည့်ပေးထားခြင်းဖြင့် အရာဝတ္ထုတွေ နေရာတွေ စာတွေကိုတောင်မှ သင့်ဖုန်း ကင်မရာက မှတ်မိနေမှာဖြစ်ပါတယ်။ What The Font ဆိုတဲ့ App ထည့်ထားရင်တော့ font ပုံစံကိုပါပြောပြပေးနိုင်မှာဖြစ်ပါတယ်။

၇။ ဗီဒီယိုရိုက်ရင်း ဓာတ်ပုံပါရိုက်နိုင်တယ်

ဒါကတော့ အိုင်ဖုန်းတွေမှာသာ ပါ၀င်သေးတဲ့ စနစ်တစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်နှစ်ခုကိုတပြိုင်နက်လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးထားပါတယ်။

၈။ ကင်မရာကိုပေတံအဖြစ်လည်းသုံးနိုင်တယ်

Ruler App ထည့်သွင်းထားဖို့တော့လိုမှာဖြစ်ပြီး အသုံးဝင်တဲ့ အရာတစ်ခုပါ။

၉။ ကင်မရာ ဒီဇိုင်းပြောင်းမယ်

ဖုန်းနဲ့ တွဲဖက်အသုံးပြုန်ိုင်တဲ့ ဒီကင်မရာအသေးစားလေးဟာ အလွန်အသုံးဝင်ပါတယ်။ သင့်ဖုန်းကင်မရာကို အပူချိန်တိုင်းတဲ့ အနေအထားကိုပြောင်းလဲပေးနိုင်လို့ပါပဲ။

၁၀။ မှန်ဘီလူးလိုသုံးမယ်

သင့်ဖုန်းကင်မရာရှေ့မှန်ဘီလူးအသေးလေးတွဲဖက်ထည့်ထားခြင်းဖြင့် သေးငယ်တဲ့ ကမ္ဘာတစ်ခုကို ကင်မရာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ထပ်ဆောင်းပြောချင်တာကတော့့ သင့်ဖုန်းသက်တမ်းကြာရှည်ခံနိုင်ဖိ်ု့ဖြစ်ပါတယ်။ သင့်ဖုန်း အားသွင်းပေါက်မှာ ဖုန်မှုန့်တွေကပ်နေတတ်ပြီး လေအပြည့်ပါတဲ့ ဆေးထိုးအပ်နဲ့သန့်စင်ပေးခြင်းဖြင့် သင့်ဖုန်းသက်တမ်းကိုကြာရှည်ခံစေမှာဖြစ်ပါတယ်။

၁၁။ *#06# ကို နှိပ်လိုက်မယ်ဆိုရင်တော့ သင့်ဖုန်းနဲ့ပတ်သတ်တဲ့ Device Imfo တွေပေါ်လာမှာဖြစ်ပါတယ် ။

Note_မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး တစ်ချို့လုပ်ဆောင်ချက်တွေ အသုံးပြုလို့မရတာမျိုးဖြစ်နိုင်ပါတယ် ။

Writer – Min Thu ( XYZ News )

Ads