သင်သိတဲ့လူများလေလေ မိတ်ဆွေ(ရန်သူ)တွေလည်းများလာလေလေပါပဲ။ဒါကြောင့်လည်းအရေးပါတဲ့လူတွေက အရေးတကြီးကာကွယ်စောင့်ရှောက်မှုလိုအပ်ကြပါတယ်။အခုပြောသွားမှာကတော့ကမ္ဘာပေါ်က ကာကွယ်စောင့်ရှောက်ခြင်းအခံရဆုံးလူဆယ်ယောက်အကြောင်းဖြစ်ပါတယ်။

၁-Vladimir Putin

သြဇာတိက္ကမအပြည့်ရှိတဲ့အပြုံးနဲ့ အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့လုပ်ဆောင်တတ်တဲ့ Vladimirက ကာကွယ်မှုလိုတယ်ဆိုတာမယုံနိုင်စရာပါပဲ။ဒါပေမယ့်သူ့မှာ တကယ်ပဲ ယူနီဖောင်းမဝတ်ထားနဲ့သက်တော်စောင့် အယောက် နှစ်ထောင်ကနေ သုံးထောင်အထိရှိတဲ့ သမ္မတအဆင့်လုံခြုံရေးတွေရှိပါတယ်။

၂-Donald Trump

သြဇာတိက္ကမအပြည့်ရှိတဲ့အပြုံးနဲ့ လုပ်စရာရှိတာလုပ်သွားတတ်တဲ့ Donald Trumpဟာ USA အလှမယ်နဲ့ စကြဝဠာအလှမယ်တို့ကိုပိုင်ဆိုင်ထားတဲ့အပြင်ကို “The Apprentice” ရဲ့ထုတ်လုပ်ရေးသမားတစ်ယောက်၊ “The Simpsons”တို့မှာ သရုပ်ဆောင်ခဲ့သူတစ်ဦးအဖြစ်နာမည်ကြီးပါတယ်။အဲ့လိုလူဖြစ်တဲ့ Donald ကလည်း သူ့မှာရန်သူရှိပါတယ်။ ဒါပေမယ့်သူ့လုံခြုံရေးတွေကတော့ တစ်နှစ်လစာ ၂.၂ဘီလီယံဒေါ်လာနဲ့ခန့်ထားတာဖြစ်လို့ သူ့လည်းပဲ ကာကွယ်စောင့်ရှောက်မှုကောင်းကောင်းရတယ်လို့ပြောလို့ရပါတယ်။

၃-Kim Jong Un

မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်အဖြစ်နဲ့နာမည်ကြီးတော့ Dennis Rodmanနဲ့လည်း အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ Kim Jong Usကတော့(Forbes မဂ္ဂဇင်းအရ)၂၀၁၃မှာ ကမ္ဘာပေါ်က၄၆ယောက်မြောက်အာဏာအရှိဆုံးလူသားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့လုံခြုံရေးအဖွဲ့ကလည်း စျေးအကြီးဆုံးထဲကတစ်ခုအပါအဝင်ဖြစ်ပြီး “Guard Command”လို့လူသိကြတဲ့ လူအယောက်ပေါင်း ၁၀၀၀၀၀ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။ အဲ့အဖွဲ့ထဲက အတော်ဆုံးလူကိုပဲ သူ့ရဲ့ လုံခြံုရေးအနေနဲ့ရွေးချယ်ပါတယ်။

၄-Kim Kardashian

နာမည်ကြီးရတဲ့အကြောင်းကတော့….အင်း နာမည်ကြီးပါတယ်။Kim ကလူမှုကွန်ရက်မှာ followerအများကြီးရှိတဲ့အတွက်ကြောင့် ရာဇဝတ်သားတွေအတွက် လွယ်ကူတဲ့ပစ်မှတ်ဖြစ်နေပါတယ်။ ၂၀၁၆ခုနှစ်တုန်းကလည်းပဲရစ်က သီးသန့်နေအိမ်မှာ လုယက်တိုက်ခိုက်ခံရပါတယ်။သူခိုးတွေက ဒေါ်လာ ၆၀၀၀၀၀၀တန်ဖိုးရှိတဲ့ ရတနာတွေထွက်ပြေးသွားတဲ့အတွက်ကြောင့် အခုချိန်မှာ သူ့မှာလည်းတင်းကျပ်တဲ့လုံခြုံရေးအဖွဲ့ရှိတာက အံ့သြစရာမရှိပါဘူး။

၅-Beyonce နဲ့ Jay Z

နာမည်ကြီးအဆိုတော်၊ သီချင်းရေးသူနဲ့ သရုပ်ဆောင်ဖြစ်တဲ့ Beyonce နဲ့ Jay Zတို့ကတော့ “Put a ring on it!”သီချင်းနဲ့ လူသိအများဆုံးလူသားတွေထဲကအပါအဝင်ဖြစ်လာပါတယ်။သူတို့မှာ ကလေးသုံးယောက်ရှိတဲ့အတွက်ကြောင့် အချိန်မလပ်လုံခြံုရေးလိုအပ်ပါတယ်။ သူတို့က သူတို့ရဲ့ ဒေါ်လာ ၈၈၀၀၀၀၀၀ တန်တဲ့ အိမ်တော်ကြီးမှာ လုံခြံုရေးကိုမြှင့်တင်လိုက်ပြီးတော့ လုံခြံုရေးတွေအတွက်အပိုအခန်းတွေဆောက်ထားပြီးတော့ ကျည်ကာပြတင်းပေါက်တွေလည်းတပ်ဆင်ထားပါတယ်။

၆-Queen Elizabeth II

တကယ့်အာဏာတွေမရှိပေမယ့်လည်း Elizabethဘုရင်မကတော့ လူသိများကျော်ကြားတဲ့လူဖြစ်တဲ့အတွက်ကြောင့် မကောင်းတဲ့လူတွေအတွက် ပစ်မှတ်တစ်ခုဖြစ်လာပါတယ်။သူ့လုံခြုံရေးစနစ်ထဲမှာ Britishရဲဌာနတွေနဲ့ British စစ်တပ်တို့ပါဝင်တဲ့အတွက်ကြောင့်မှင်သက်ဖို့အကောင်းဆုံးလုံခြံုရေးတစ်ခုလို့ပြောလို့ရပါတယ်။

၇-Justin Bieber

Justin ကတော့ အရမ်း အရမ်း …. ကိုနာမည်ကြီးတဲ့ ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်း အိန္ဒိယမှာ သူ့လုံခြံုရေးအတွက်တောင်းဆိုချက်တွေကလည်းအရမ်း အရမ်းကိုကြီးမားလွန်းပါတယ်။ သူ့တောင်းဆိုချက်ထဲမှာတော့ စောင့်ကြပ်လိုက်ပါတဲ့ ဇိမ်ခံ Sedan ကားဆယ်စီး၊လေအိတ်ဘတ်စ်ကားကြီး ၂စီး၊တစ်ကိုယ်တာသုံးဖို့အတွက် Rolls Royce၊သူ့ကိုယ်ပိုင် လုံခြုံရေးအသင်းကလူ၈ယောက်အပါအဝင Maharashtra ရဲဌာနက Z အဆင့် လုံခြံုရေးတို့လည်းပါပါတယ်။

၈-ပုပ်ရဟန်းမင်းကြီး

ဗာတီကန်စီးတီးမှာတော့ ဆင်းရဲမှုတွေ၊မတရားမှုနဲ့ ရာဇဝတ်မှုတွေကိုတိုက်ခိုက်ရင်းအချိန်ကုန်ဆုံးနေတဲ့ သူ့ရဲ့ ပုပ်ရဟန်းမင်းအိမ်တော်မှာနေတဲ့ သူရဲကောင်းတစ်ယောက်ရှိပါတယ်။ပုပ်ရဟန်းမင်းသွားလေရာမှာလိုက်ပါတတ်တဲ့ ပုပ်ရဟန်းမင်းအတွက်သက်တော်စောင့်တွေလည်းရှိတဲ့အတွက်ကြောင့် မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါနော်။

၉-Joaquin (El Chapo)Guzman

ဒီ Narco ရဲ့ လုံခြုုံရေးကတင်းကျပ်လွန်းတဲ့အတွက်ကြောင့်သူ့ကိုဖမ်းဖို့ဆိုတာမဖြစ်နိုင်ခဲ့ဘူး။ဒါပေမယ့်လည်း ၁၉၉၃ခုနှစ် Guatemalaမှာအဖမ်းခံရပြီးတော့ အဲ့အချိန်ကစပြီးတော့ သူကခဏခဏလွတ်လာတဲ့အတွက်ကြောင့်သူ့လုံခြံုရေးကိုမြှင့်တင်ခဲ့ပါတယ်။သူက Mexicoမှာ အနှစ်၂၀ထောင်ကျခဲ့ပြီးတော့ ၂၀၀၁ခုနှစ်မှာ အစောင့်နှစ်ယောက်ကိုလာဘ်ထိုးပြီးလွတ်မြောက်ခဲ့ပါတယ်။သူ့ကို၂၀၁၄ခုနှစ်မှာ Mexicoမှာ ထပ်အဖမ်းခံရပြီးတော့ ၂၀၁၅မှာ သူ့အကျဉ်းခန်းအောက်မှာ ၁.၅ကီလိုမီတာရှည်တဲ့တူးမြောင်းကိုသုံးပြီးလွတ်မြောက်ခဲ့ပါတယ်။၂၀၁၆မှာထပ်အဖမ်းခံရပြီးတော့ USကိုလွှဲပြောင်းပေးလိုက်ပြီးတော့ သူ့တရားခွင်ကိုစောင့်နေပါတယ်။သူ့ကိုလွတ်ရက်မရှိပဲ တစ်သက်တစ်ကျွန်းအမိန့်ချမယ်လို့ထင်ကြပါတယ်။သူသာနောက်တစ်ခေါက်ထပ်မထွက်ပြေးသွားဘူးဆိုရင်ပေါ့။

၁၀-Bill Gates

အချမ်းသာဆုံးထဲကတစ်ယောက်ဖြစ်တဲ့ Bill မှာလည်း တစ်ချိန်တုန်းက မုန့်နဲ့ပစ်ပေါက်ခံရတဲ့အထိ ဖြစ်သွားလောက်အောင်ရန်သူတွေရှိပါတယ်။ အဲ့ဒါကြောင့်လည်း သူကလုံခြုံရေးကဘယ်လောက်အရေးကြီးလဲဆိုတာကိုသိနေတာပါ။ သူ့ရဲ့ ဒေါ်လာ ၁၅၀၀၀၀၀၀၀ အိမ်တော်ကြီးမှာ အစီအစဉ်တကျရှိတဲ့ကင်မရာတွေ အာရုံခံစနစ်တွေအများကြီးရှိနေပြီးတော့ အားလုံးနောက်ဆုံးပေါ်ဖြစ်ပါစေလို့မျှော်လင့်ရတာပါပဲ။

Writer -Min Thu ( XYZ News )