BBC သတင်းမှာ ဖော်ပြထားတဲ့ Coronavirus: Five things you need to know ဆောင်းပါကို XYZ News ပရိတ်သတ်တွေအတွက် ဆီလျော်အောင်ဘာပြန်ပြီး တင်ပြပေးလိုက်ပါရပါတယ်။
ကိုရိုနာဗိုင်းရပ် ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လူပြောသူပြောတွေက မျိုးစုံ ပြန့်နှံ့နေပါတယ်။ တကယ် သိထားသင့်တဲ့ အချက် ငါးချက်ကို ဖော်ပြလိုက်ပါတယ်။

Mask တွေက အသုံးမဝင်

Mask တွေ တပ်ဆင်ထားတဲ့ လူတွေကို မြင်နိုင်တွေ့နိုင်နေပေမယ့် ဒါဟာ အကန့်အသတ်နဲ့ပဲ အလုပ်ဖြစ်နိုင်တာပါ။ နှာခေါင်းနဲ့ ပါးစပ်ကို ကာကွယ်ပေးပေမယ့် မျက်လုံးတွေကို မကာကွယ်နိုင်သလို ရေရှည်လည်း တပ်ထားနိုင်တာ မဟုတ်ပါ။

ကိုယ်ကိုကို ကာကွယ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အဆိုကတော့ – နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်ထားပါ၊ – လက်ကို မကြာခဏ ဆေးပေးပါ၊ – နှာချေသူ၊ ချောင်းဆိုးနေသူနဲ့ အနည်းဆုံး တစ်မီတာ အကွာမှာ နေပါ။ ကြက်သွန်ဖြူစားပါ၊ ပလုပ်ကျင်းပါ၊ ဆားပြုတ်ရည်နဲ့ နှာခေါင်းကို ဆေးပါ၊ နှာခေါင်းအောက်မှာ နှမ်းဆီ သုတ်လိမ်းပါ။

တိရစ္ဆာန်တွေကနေ ကိုရိုနာ မကူးစက်နိုင်

အိမ်မွေးတိရစ္ဆာန်တွေကနေ ကိုရိုနာကူးစက်တဲ့ သက်သေ မတွေ့ကြောင်း WHO က ပြောပါတယ်။
ဒါပေမယ့် တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ ဆေးတာကတော့ အကောင်းဆုံးပါပဲ။

အခိုက်မသင့်မှ သေဆုံးနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချောင်းဆိုးတာ၊ အပူချိန်မြင့်တာ စတဲ့ လက္ခဏာတွေ ပြပြီး ကူးစက်ဖြစ်ပွားပေမယ့် တော်တော်များများက ပြန်လည်နာလန်ထူလာကြပါတယ်။
ဒါပေမယ့် အချို့သူတွေမှာတော့ နမိုးနီးယားဖြစ်တာ၊ အသက်ရှုရခက်တာတွေလို ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်ပြီး အဆုတ်ရောင်နာကြောင့် သေဆုံးသူကတော့ နည်းပါးတဲ့ ပမာဏပဲ ရှိပါတယ်။

ဒါဟာဆိုရင် ဆောင်းတွင်းတိုင်း ကြုံရမြဲဖြစ်တဲ့ တုပ်ကွေးနဲ့ နှိုင်းယှဉ်မယ်ဆို ဗြိတိန်မှာ နှစ်စဉ် တုပ်ကွေးကြောင့် လူ ၆၀၀ ကျော် ပျမ်းမျှသေဆုံးနေတာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပျောက်ကင်းဆေး မရှိသေး

ဒီ ဗိုင်းရပ်စ်သစ်အတွက် အဓိကကုသပျောက်ကင်းတဲ့ ဆေး မရှိသေးပါ။ ကုသဖို့ နည်းလမ်းရွေးချယ်စရာတွေ ရှိပေမယ့် တော်တော်များများကတော့ သူ့ ကိုယ်ခံအားနဲ့ ပြန်လည်နာလန်ထူလာတာ ဖြစ်ပါတယ်။

တရုတ်က အစားအစာတွေ စားဖို့အတွက် ဘေးကင်း

လူမှုမီဒီယာတွေမှာ စိုးရိမ်ထိတ်လန့်နေပေမယ့် တရုတ်ကလာတဲ့ အစားအစာနဲ့ ဘီယာတွေ စားသောက်တာကို ရှောင်ကြဉ်ဖို့တော့ မလိုပါ။ တရုတ်က အထုပ်အပိုးတွေ၊ စာတွေ လက်ခံတာဟာ ဘေးကင်းပါတယ်လို့ WHO က ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အဲဒီလို အထုပ်အပိုးတွေမှာ ရေရှည်မရှင်သန်နိုင်ပါ။ ခွက်ယောက်ပန်းကန်တွေနဲ့ တံခါးလက်ကိုင်လို အရာတွေမှာလည်း ရေရှည်ရှင်သန်နိုင်တဲ့ ဗိုင်းရပ်စ် မဟုတ်ပါ။

Rf; BBC
Writer_ မောင်သံဆင့် ( XYZ News )

Ads