ကိုယ်ဟာ အတိတ်မှာ နာကျည်းစရာတွေကြုံခဲ့ဖူးတဲ့အခါ ကိုယ့်လက်တွဲဖော်ကို သိပ်မယုံကြည်ဖြစ်လာတတ်ကြပါတယ်။ စုံတွဲတော်တော်များများကတော့ အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပေမယ့် ဒီအမျိုးသမီးကတော့ တင်းကြပ်တဲ့စည်းမျဉ်းကိုချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

သူဟာ စည်းကမ်းချက် ၂၂ ချက်ကို ရေးသားခဲ့ပြီး သူ့ချစ်သူကောင်လေးကို လက်မှတ်ထိုးစေခဲ့တာပါ ။
သူရေးသားခဲ့တဲ့ စည်းကမ်းချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

၁- ဖုန်းထဲမှာ ဘယ်ကောင်မလေး ဖုန်းနံပတ်မှမရှိရ
၂- ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်ကောင်မလေးကိုမှ follow မလုပ်ရ
၃- Keegan နဲ့အတူ ဘယ်ကိုမှမသွားရ
၄- ဟွန်ဒါကား နဲ့ တစ်ယောက်ထဲထွက်မသွားရ
၅- တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး သူငယ်ချင်းတွေနဲ့ လျောက်သွားခွင့်မပြု
၆- ဘယ်ကောင်မလေးကိုမှ မကြည့်ရ
၇- ကိုယ့်ဆီကို ကောင်မလေးတစ်ယောက်လာတာနဲ့ အဲ့ဒီနေရာကထွက်သွားရမယ်
၈- ချိန်းတွေ့ရင် အချိန်ခနလေးမဖြစ်ရ

၉- ပေါက်ကရမလုပ်ခိုင်းရ
၁၀- ဘယ်တော့မှ စိတ်မဆိုးရ
၁၁- Tyler , Noah , Deven နဲ့ Josh တို့နဲ့ဘယ်တော့မှစကားမပြောရ
၁၂- ငါမပါပဲတစ်ယောက်ထဲအရက်မသောက်ရ
၁၃- ငါနင့်ဖုန်းကိုစစ်ချင်တဲ့အချိန် စစ်မယ်
၁၄- ငါတို့အတူနေကြတဲ့အခါ အိမ်ကို ဘယ်ကောင်မလေးမှ မဖိတ်ရ
၁၅- ငါတို့အတူနေတဲ့အခါ နင့်သူငယ်ချင်းတွေကို အိမ်ကို ခနခနမခေါ်ရ
၁၆- ကောင်မလေးတစ်ယောက်နဲ့တွဲနေတာ လက်ပူးလက်ကြပ်မိရင်တော့ နင့်ကိုသတ်ပြီပဲ
၁၇- နင့်သူငယ်ချင်းတွေကြောင့် ငါ့ကိုထားခဲ့ခွင့်မရှိဘူး
၁၈- ချိန်းတွေနေတဲ့အချိန်မှာ Austin ဝင်မနှောက်ယှက်အောင်လုပ်ထား
၁၉- ၂ ပတ်တစ်ခါ တရားဝင်ချိန်းတွေ့မယ်
၂၀- ငါ ခုန်လို့ပြောရင် ဘယ်လောက်မြင့်မြင့်လဲ မင်းသမီးလေးလို့ပြန်မေးရမယ်
၂၁- အနည်းဆုံးတစ်နေ့ကို တစ်ကြိမ် ငါ့ကိုချစ်တယ်လို့ပြောရမယ်
၂၂- စာပြန်ပို့တာ ၁၀ မိနစ်ထက်မကြာစေရ

ဒီစာဟာ ဆိုရှယ်မီဒီယာပေါ်ရောက်လာတဲ့အခါမှာ Like ၁၅၀၀၀ ကျော်တောင်ရသွားခဲ့ပါတယ်။
တစ်ယောက်ကတော့ “ပြေးပေတော့” ဆိုပြီးတော့ ပို့စ်အောက်မှာ ကောမက်ပေးထားပါတယ်။

တစ်ယောက်ကလည်း “ဒါဟာ ရက်စက်တာပဲ ၊ချစ်ဖို့မကောင်းဘူး ၊ ဘယ်သူ့အတွက်မှလည်းမကောင်းပဲ ၊ အရမ်းထိန်းချုပ်လွန်းတယ်” လို့ဝေဖန်ထားပါတယ်။
နောက်တစ်ယောက်ကတော့ “သူ့ကောင်လေးက သူ့ကိုလှည့်စားဖူးတဲ့အတွက် ဒီစာဟာ ညှိနှိုင်းစာချုပ်တစ်ခုသဘော ဖြစ်နိုင်တယ်” လို့ပြောထားပါတယ်။
နောက်ပိုင်းမှာ အွန်လိုင်းသုံးစွဲသူတွေမှ ကောင်မလေးကို ပုတ်ခတ်တာတွေရှိလာတဲ့အတွက် ကောင်လေးဟာ သူ့ပို့စ်ကိုပြန်ဖျက်သွားခဲ့ပါတော့တယ်။

Writer – Min Thu ( XYZ News )