(၁)ကိုယ့်ကို ငေးကြည့်ခံရတဲ့အခါ
မိန်းကလေးတော်တော်များများမှာ ကိုယ့်ကိုငေးမောကြည့်ခံရတာကို မကြိုက်သူ တော်တော်ရှားပါတယ်။ဥပမာ သင်ဟာချစ်သူနဲ့ရုပ်ရှင်ကြည့်ဖို့ လှလှလေးဝတ်ပြီး မိတ်ကပ်လှလှလေးပြင်လာတယ်ဆိုပါတော့။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လျှောက်လာတဲ့သင့်ကို ပုရိသတွေလည်ပြန်ကြည့်တာကိုသာယာနေတတ်ကြ ပါတယ်။ဒီလိုအချိန်မျိူးမှာဆို ကိုယ့်ကိုယ်ကိုအလှဆုံးဆိုပြီး ဂုဏ်ယူတတ်ကြတယ်မဟုတ်လား။ဘေးဘီဝဲယာကိုတောင် မမြင်နိုင်တော့ဘဲ သူများတွေရဲ့ အာရုံစိုက်မှုမှာ ကြိတ်ဂုဏ်ယူတတ်ကြတယ်လေ။

(၂)အခြားအမျိူးသမီးတစ်ယောက်က ကိုယ့်ကိုမနာလိုတဲ့အခါ
ကိုယ့်ဘဲဘဲကို တခြားမိန်းကလေးတစ်ယောက်က ငေးကြည့်နေတာကို မိန်းကလေးတွေမကြိုက်ကြပါဘူး။ထိုသို့သောအခါမျိူးမှာ မနာလိုစိတ်နှင့်ချစ်သူကို ကိုယ်သာပိုင်သလိုလုပ်ပြလိုတဲ့စိတ်တွေဝင်လာတတ်ပါတယ်။ဒါကြောင့် ကောင်လေးချောချော အမိုက်စားလေးတွေကို ပိုင်ဆိုင်ထားသူ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘဲကို လာ crush တဲ့တခြားမိန်းကလေးတွေက ကိုယ့်ကိုမနာလိုဖြစ်တဲ့အခါ ဂုဏ်ယူတတ်ကြပါတယ်။

(၃)ကောင်လေးတွေလာအီတဲ့အခါ
မိန်းကလေးတော်တော်များများက အီတာလောက်က အရေးမကြီးဘူး။အန္တရာယ်မရှိဘူးလို့ထင်တတ်ကြပါတယ်။ကော်ဖီဆိုင်က ကော်ဖီဖျော်တဲ့သူချောချောလေးနှင့် မျက်လုံးချင်းဆုံမိတာ၊ကျောင်းသွားဖော်သူငယ်ချင်းက လှတယ်လို့ချီးကျူးတာ၊အွန်လိုင်းပေါ်က ကောင်လေးတစ်ယောက်နဲ့စကားပြောနေတာ ကို မသိစိတ်က သာယာတတ်ကြပါတယ်။

(၄)ယောကျ်ားတွေကိုယ့်ကြောင့်ရန်ဖြစ်တာ
ရုပ်ရှင်တွေထဲကလိုပေါ့။ကိုယ့်အတွက်နဲ့ ချစ်သူက မားမားမတ်မတ်ရန်ဖြစ်ပေးတာ၊ကို်ယ့်ကို ကာကွယ်ပေးတာမျိူကို မိန်းကလေးတွေ သဘောကျကြပါတယ်။

(၅)ကိုယ့်အတွက်ဆို ငွေရေးကြေးရေးကို ပဓာနမထားဘဲ လိုချင်တာဖြည့်ဆည်းပေးတဲ့ချစ်သူ
ဆိုလိုချင်တာက ကျိကျိတက်ချမ်းသာတဲ့သူဌေးဖြစ်ဖို့၊နောက်ဆုံးပေါ်ကားကိုသင်ပိုင်ဆိုင်ဖို့ မလိုပါဘူး။သင့်လက်ထဲမှာ ၁သောင်းပဲရှိပါစေဦး။သူမလက်ရှိလိုချင်တာလေးကို ဖြည့်ဆည်းဖို့ သင်လက်မတွန့်တတ်တာမျိူးကို မိန်းကလေးတွေ အလွန်သဘောကျကြပါတယ်။နောက်ပြီး အလုပ်ကအပြန် တကူးတကလာကြိုပေးတာမျိူး ရှိတာလေးနှင့်မုန့်ဝယ်ကျွေးတာမျိူးကောပေါ့။

(၆)အလကားရတဲ့ပစည်းတွေ
ယောကျ်ား မိန်းမမရွေး အလကားရတဲ့ပစည်းတွေကို မကြိုက်တတ်တဲ့သူ ခပ်ရှားရှားရယ်ပါ။မိန်းကလေးတွေအနေနဲ့တော့ကိုယ့်အလှအပကြောင့် ဒစ်စကောင့်ရတာမျိူးတွေ ကိုယ့်ကိုသီးသန့် အလကားပေးတဲ့ဟင်းပွဲတွေကို သဘောခွေ့တတ်ကြပါတယ်။

Writer-Dr Jue ( XYZ News)