သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် ဝိုင်ဖိုင်လှိုင်းတွေကို လျပ်စစ်စွမ်းအင်ပေါင်းထည့်ပေးနိုင်ဖို့ တီထွင်နေကြပြီဖြစ်ပါတယ် ။ဝိုင်ဖိုင်ကတော့ လျပ်စစ်ဓါတ်ပြောင်းပေမယ့် အစိတ်အပိုင်းလေးကိုတော့ Rectenna လို့ခေါ်ပြီး ဒီပစ္စည်းလေးဟာ Semiconductor တွေကိုအသုံးပြုပြီး AC ကို DCအဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ် ။ MIT မှ နည်းပညာရှင်အဖွဲ့တော့ ဒီပစ္စည်းလေးဟာ လျပ်စစ်ပစ္စည်းကိရိယာ နယ်ပယ်မှာ အလွန်အသုံးဝင်တဲ့အရာတစ်ခုဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ် ။

Rectenna ဆိုတာကတော့ ဝိုင်ဖိုင်လှိုင်းတွေက သယ်ဆောင်လာတဲ့ လျပ်စစ်သံလိုက်ဓါတ်တွေကိုဖမ်းယူပေးမယ့် အင်တာနာလေးပါပဲ ။MIT မှနည်းပညာရှင်တွေဟာ Molybdenum Disulfide (MoS2) ဆိုတဲ့ ကမ္ဘာပေါ်မှာအပါးလွှာဆုံး Semiconductor ကိုအသုံးပြုပြီးတော့ Rectenna ကိုဖန်တီးထားတာပဲဖြစ်ပါတယ် ။လျပ်စစ်ကိရိယာတွေမှာ စွမ်းအင်အပြည့်အဝ အသုံးချနိုင်အောင် စနစ်တွင်းလျပ်သိုပမာဏကိုလည်း အနည်းဆုံးထိလျော့ချဖို့နည်းလမ်းရှာသွားမယ့်အကြောင်း နည်းပညာရှင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Dr.Zhang ကပြောထားပါတယ် ။

Rectenna ဟာ အလွန်ပါးလွှာပြီးတော့ တွန့်ခေါက်လို့ရတဲ့ အင်တာနာအမျိုးအစားဖြစ်တဲ့အတွက် နံရံတွေ ၊ မျက်နှာကြပ်တွေမှာ တပ်ဆင်ပြီး အိမ်သုံးလျပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်လိမ့်မယ်လို့လည်း နည်းပညာရှင်တွေကပြောထားပါတယ်။ သိပ္ပံပညာရှင်တွေ Retanna ကို စမ်းသပ်ခဲ့စဉ်အချိန်မှာတော့ ကိရိယာမှ ၄၀ မိုက်ခရိုဝပ် ထုတ်လုပ်ပေးနိုင်တာကိုတွေ့ရပါတယ် ။၄၀ မိုက်ခရိုဝပ်ဆိုတဲ့ စွမ်းအင်ဟာ ဖုန်းမျက်နှာပြင်ကို လင်းစေနိုင်လောက်တဲ့ ပမာဏရှိပါတယ် ။

ထို့အပြင် ဒီနည်းပညာကို ဆေးဘက်ဆိုင်ရာဘက်မှာလည်း အသုံးပြုသွားဖို့လုပ်ဆောင်နေပါတယ် ။အူလမ်းကြောင်း တစ်လျောက် မှန်ပြောင်းကြည့်တဲ့အခါ အရင်လို ကြိုးမြိုချစရာလိုတော့မှာမဟုတ်ပဲ ဆေးလုံးလေးမြိုချလိုက်ရုံနဲ့ အစာအိမ်လမ်းကြောင်းတစ်လျောက်ကို ကြည့်ရှုနိုင်တော့မှာပါ ။” အစာအိမ်လမ်းကြောင်းစစ်ဆေးတဲ့ ဘတ္ထရီတပ်ဆင်ထားတဲ့ ကင်မရာဆေးလုံးလေးတွေတော့ရှိပါတယ် ။

ဒါပေမယ့် အထဲမှာ လစ်သီယမ် ဘတ္ထရီထည့်ထားတဲ့အတွက် မတော်တဆပေါက်သွားခဲ့ရင်လူနာသေဆုံးသွားနိုင်ပါတယ် ။အခုတီထွင်ထားတဲ့ဆေးလုံးကတော့ ဘာဘတ္ထရီမှမလိုအပ်တဲ့အတွက် မတော်တဆထခိုက်တာမျိုးလုံးဝမဖြစ်နိုင်ပါဘူး ” လို့ ဒေါက်တာ Grajal ကပြောပြသွားခဲ့ပါတယ် ။

Writer – Min Thu ( XYZ News )

Ads