ဒီတခါမှာတော့ xyz news ပရိသတ်ကြီးကို ထူးထုူးခြားခြားသတင်းတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်။ဒါကတော့ အသုဘအခမ်းအနားတွေမှာ အခကြေးငွေနဲ့ လိုက်ငိုပေးနေတဲ့ အမျိုးသမီးအဖွဲ့ အကြောင်းပါ။ The Funeral Contractors Association လို့အမည်ရတဲ့ ဂါနာနိုင်ငံက အမျိုးသမီးအဖွဲ့ကတော့ လူတစ်ယောက် သေဆုံးပြီဆိုရင် သူမတို့ အဖွဲ့ကို သတ်မျတ်ထားတဲ့ အခကြေးငွေ ပေးရုံနဲ့ လှိုက်လှိုက်လှဲလှဲ မျက်ရည်တွင်တွင်ကျအောင် ငိုပြပေးမှာဖြစ်ပြီး၊ သေဆုံးသူအတွက် မိသားစုတွေကိုယ်စား ဝမ်းနည်းပူဆွေးကြောင်းကို သက်သေပြပေးမယ့်အဖွဲ့လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ ဈာပန မျက်နှာပန်းလှဖို့အတွက် အဆိုအငိုအပြောအသော စုံလင်စွာနဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့ပါ။ တကယ်လို့ လူအလွန်အမုန်းခံရသူတစ်ယောက် ဖြစ်နေရင်တောင် အဲဒီလူ သေဆုံးသွားတဲ့အခါမှာ ငိုတဲ့သူတောင် မရှိဘူးဆိုတာ မဖြစ်စေရဘူးလို့ ယင်းအမျိုးသမီးအဖွဲ့က အာမခံပါတယ်တဲ့။

သူတို့အဖွဲ့ကို ဦးဆောင်သူကတော့ Ami Dokli ဖြစ်ပြီး၊ သူမတို့ကို ငှားရမ်းလာပါက သေဆုံးသူ ဖြူတာမည်းတာ၊ ပုတာရှည်တာ၊ ပိန်တာဝတာ၊ ဆိုးတာကောင်းတာ သူမတို့အဖွဲ့က စိတ်မဝင်စားကြောင်း၊ ဒါပေမယ့် ငှားပြီးဆိုတာနဲ့ အားရပါးရ အူလှိုက်သည်းလှိုက်၊ ပဋာမြေလူး၊ ဆပ်ပြာသည်လင်ပျောက် စတဲ့ပုံစံအမျိုးမျိုးနဲ့ ငိုပေးဖို့အတွက်တော့ သေချာပါတယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ အခြေအနေနဲ့၊ ငိုပေးရမယ့် ကြာချိန်ပေါ်မူတည်ပြီး တောင်းခံပါတယ်။ ငိုကြောရှည်လေ ပိုက်ဆံရလေအဖွဲ့ ဖြစ်ပါတယ်။ အခုတလောမှာတော့ Ami ဦးဆောင်တဲ့ The Funeral Contractors Association အဖွဲ့ဟာ အတော်လေးနာမည်ရနေပြီး လုပ်ရကိုင်ရလည်း အတော်လေး ပွဲချီဆက်လာပြီလို့ သူမက ဆိုပါတယ်။

Writer : Minthu (XYZ News)
source : metro.co.uk

Ads