၂၀၁၈ ခုနှစ် နွေဦးရာသီနှောင်းပိုင်းကစပြီးတော့ ဆွီဒင်နိုင်ငံသားတွေဟာ သူတို့ရဲ့လက်ညိုးနဲ့လက်မကြားက အသားထဲမှာ ကွန်ပြူတာချပ်စ်လေးတွေထည့်လာကြပြီဖြစ်ပါတယ်။ ဒီချစ်ပ်လေးတွေဟာဆိုရင် ကားသော့ ၊ အိမ်သော့ ၊ ခရက်ဒစ်ကတ် ၊ ဒဲဘစ်ကဒ် အစရှိတဲ့အရာတွေအားလုံးရဲ့ကိုယ်စားအသုံးပြုနိုင်တဲ့အရာလေးတွေပဲဖြစ်ပါတယ်။ မနှစ်တုန်းက ဒီချစ်ပ်ပြားထည့်ခဲ့တဲ့သူပေါင်း ၁၀၀ လောက်သာရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ၄၀၀၀ အထိရှိလာကြောင်း Dailymail သတင်းဌာနရဲ့စစ်တမ်းအရသိရပါတယ်။

ဒီတော့ ဒီချပ်စ်ပြားလေးတွေဟာ ဘယ်လိုပုံစံမျိုးလဲ ၊ ဘာတွေလုပ်နိုင်စွမ်းရှိလဲ ။

၁- ကားသော့ ၊ အိမ်သော့ ၊ ခရက်ဒစ်ကတ် ၊ ဒဲဘစ်ကဒ် အစရှိတဲ့အရာတွေအားလုံးကိုအစားထိုးနိုင်တယ် ။
၂- ချပ်စ်ပြားရဲ့အရွယ်ဟာ ဆန်တစ်စေ့စာလောက်ပဲရှိပါတယ်။
၃- စျေးနှုန်းကတော့ ဒေါ်လာ ၁၈၀ နီးပါးကုန်ကျမှာဖြစ်ပြီး တစ်ချို့သောကုမ္ပဏီတွေမှာတော့ ဝန်ထမ်းတွေကို အခမဲ့တပ်ဆင်ပေးလေ့ရှိပါတယ်။
၄- ဒီချပ်စ်ပြားထဲမှာ GPS မပါဝင်တဲ့အတွက် လူကိုတော့ ခြေရာခံနိုင်မှာမဟုတ်ပါဘူး။
၅- ချစ်ပြားတွေဟာ သယ်ဆောင်သူရဲ့အနီးပတ်ဝန်းကျင်မှာပဲအလုပ်လုပ်တဲ့အတွက် တခြားနေရာတစ်ခုကနေအချက်အလက်တွေလှမ်းခိုးယူဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။

ကွန်ပြူတာချစ်ပြားကိုလက်ထဲဘယ်လိုထည့်လဲဆိုတဲ့ဗီဒီယိုလည်းပြသပေးထားပါတယ်။ သွေးတစ်စက်မှမထွက်တဲ့အပြင် နားဖောက်သလောက်ပဲနာကျင်မှုကိုခံစားရမှာပါ။ တစ်ချို့လူတွေကတော့ မကြာခင်အချိန်အတွင်းမှာ ဒီချစ်ပ်ပြားတွေမှာ GPS စနစ်ပါလာမယ်လို့ ယူဆထားကြပါတယ်။ ကုမ္ပဏီတွေဟာ ဒီချစ်ပြားတွေကို အသုံးပြုပြီးတော့ သူတို့ဝန်ထမ်းတွေကို စောင့်ကြည့်လာနိုင်တယ် ။

အခုလို အသားထဲချစ်ပြားထည့်သွင်းတာ တကယ်ကို အလုပ်ရှုပ်သက်သာသွားစေတဲ့နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။ သွားလေရာ ကားသော့တွေ ကဒ်တွေ ကိုင်နေဖို့မလိုတော့ပဲ လက်နဲ့ကပ်လိုက်တာနဲ့တစ်ခါထဲ အလုပ်အကုန်ပြီးသွားတော့ အလွန်အဆင်ပြေသက်သာလွန်းတာပေါ့။ တစ်ချို့ကတော့ ဒီပို့စ်ကိုဖတ်ပြီး မဖြစ်နိုင်တာတွေလုပ်နေတယ်လို့ပြောချင်ပြောနိုင်ပါတယ်။ ဒါပေမယ့် နောက် ၅ နှစ်လောက်ကြာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူးမဟုတ်လား ။

Writer – Min Thu ( XYZ News )

Ads