အသည်းကွဲနေတဲ့သူအများစုဟာ သူတို့ရဲ့နာကျင်မှုတွေကို ကုစားဖို့အတွက် အချစ်သစ်တစ်ခုအမြန်ဆုံးရှာဖွေတတ်ကြပါတယ် ။
ဒါပေမယ့် စိတ်ပညာရှင်တွေကတော့ အချိန်အတိုင်းအတာတစ်ခုထိ တစ်ယောက်ထဲနေပြီးတော့ အချစ်သစ်တစ်ခုစဖို့ ဆုံးဖြတ်သင့်တယ်လို့ပြောထားပါတယ်။
ဒါဆို ဘယ်လိုအခြေအနေရောက်မှ အချစ်သစ်တစ်ခုပြန်စသင့်သလဲ ။

အတိတ်ကိုတွေးပြီး ပူဆွေးမနေတော့အခါ..
အတွေးထဲမှာ အဆက်ဟောင်းနဲ့ခံစားခဲ့ဖူးတဲ့ ပျော်စရာတွေ ၊ ဝမ်းနည်းစရာတွေကို တွေးတွေးပြီး ခံစားမနေတော့အချိန်မျိုးမှာမှ အချစ်သစ်တစ်ခုစတင်သင့်ပါတယ် ။

တစ်ယောက်ထဲနေရတဲ့အခါ အထီးကျန်သလိုမခံစားရတော့အခါ..
လက်တွဲဖော်မရှိတဲ့အခါမျိုးမှာ တစ်ယောက်ထဲနေရတာဟာဘယ်လိုမှမဖြစ်ပေမယ့် ချစ်သူရှိလာတဲ့အခါ အိမ်မှာ သူ့ကိုထိုင်စောင့်မနေနိုင်တာမျိုး ၊ သူ့ဆီက ဖုန်းကိုမျှော်နေတာမျိုးတွေဖြစ်လာပါလိမ့်မယ်။ဒီလိုမျိုးတစ်ယောက်ထဲအထီးကျန်သလိုခံစားနေရတဲ့အခါမျိုးမှာ ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့အရာတွေကိုလုပ်ရင် တစ်ယောက်ထဲနေရတဲ့အချိန်တွေကို ကုန်ဆုံးလိုက်ပါ ။

ကိုယ်ပိုင် ဝါသနာ နဲ့ သူငယ်ချင်းတွေရှိလာတဲ့အခါ…
များသောအားဖြင့် ကိုယ့်ချစ်သူရဲ့ဝါသနာဟာ ကိုယ့်ဝါသနာတစ်ခုလိုဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာတော့ ကိုယ့်ရဲ့ဝါသနာအစစ်အမှန်မဟုတ်ပါဘူး ။ ဒီတော့ ကိုယ့်ရဲ့ဝါသနာအစစ်အမှန်ကို ဖော်ထုတ်ပြီး ကိုယ့်ရဲ့ဝါသနာအတိုင်း လုပ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ ။ထို့အပြင် ကိုယ်နဲ့အတူ ခံစားမှုတွေကို ဝေမျှနိုင်တဲ့သူငယ်ချင်းတွေလည်းရှိပါစေ ။

သူများစုံတွဲတွေကိုမြင်ရင် မငိုမိတော့တဲ့အခါ..
အသည်းကွဲနေတဲ့အချိန်မှာ သူများစုံတွဲတွေကိုမြင်ရင် ခံစားချက်တွေပြင်းပြလာပြီး ငိုကြွေးမိလေ့ရှိကြပါတယ်။ပျော်ရွှင်နေတဲ့သူတွေအပေါ် မနာလိုမဖြစ်တော့အခါမှာမှ နောက်ထပ်အချစ်တစ်ခု စတင်သင့်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ငိုကြွေးနေတာဟာ ကိုယ့်အပေါ်ရက်စက်သွားတဲ့သူအပေါ် မပြတ်နိုင်သေးတဲ့စိတ်တစ်ခုရှိနေသေးလို့ပါပဲ။

ကိုယ်တိုင်လိုလိုလားလားချိန်းတွေ့ချင်စိတ်ရှိတဲ့အခါ…
သင့်ခေါင်းထဲမှာ နောက်ထပ်တစ်ယောက်က သင့်ကိုစိတ်ဒုက္ခပေးသွားနိုင်မလားဆိုပြီး စိတ်ပူနေတဲ့အတွေးရှိနေသ၍ အချစ်သစ်တစ်ခုမစသင့်ပါဘူး။ထို့အပြင်ကိုယ်နဲ့တွဲမယ့်သူဟာ ကိုယ့်အပေါ်ဘယ်လိုမျိုးဆက်ဆံနိုင်လဲဆိုတာကိုလည်း သေသေချာချာလေ့လာထားသင့်ပါတယ်။

Writer – Min Thu ( XYZ News )