၁။ New Jersy မြို့

ဤ မြို့ က လူဦးရေ အင်မတန် ထူထပ်ပြီး ပြေးပေါက်မရှိသော နေရာ တစ်ခုဖြစ်လာနိုင်ပြီး virusပြန့်ပွားမှု အမြန်ဆုံး နေရာ တစ်ခုလည်းဖြစ်လာပါလိမ့်မယ် ။ထို့ကြောင့် ဒီ နေရာက လုံးဝ မပုန်းသင့်သော နေရာ တစ်ခုဆို မမှားနိုင်ပါဘူး။

၂။ အားကစားပစ္စည်းအရောင်းဆိုင်

အားကစားပစ္စည်းအရောင်းဆိုင် က ကပ်ဘေး ကျရောက်ချိန်တွင် လူ အများစု ပထမဆုံးတွေးမိသော ပုန်းခို ရန်နေရာ ဖြစ်ပါလိမ့်မယ်။​အကြောင်းကတော့ မိမိကိုယ်ကိုကာကွယ်နိုင်သောပစ္စည်းများရှိနေခြင်းကြောင့်ပါ ။ကံဆိုးစွာပင် သင့်လို အတွေးကိုလူအများကလည်းတွေးမိပါလိမ့်မယ်။​ဒါ​ကြောင်​့ဒီ​နေရာမှာ တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင်​ပါတယ်​။

၃။ကစားကွင်း

ကစားကွင်းထဲမှာက တော့ ပုန်းခိုစရာနေရာအများအပြားမရှိသည့်အပြင် ထိုနေရာ မှာ virus စတင်ဖြစ်ပေါ်လာပါက ချက်ချင်း လူအများကို ကူးစက် စေပါလိမ့်မယ်။အဲ့​​နေရာမှာသင်ရှိနေပါက ကံဆိုးမှုပင်ဖြစ်ပါလိမ့်မည်။

၄။ဦးနှောက်ပြတိုက်

ကမ္ဘာပေါ်ရှိ ပြတိုက််များတွင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ၏ အကျိုးသက်ရောက်မှု ကိုပြသရန် လူ့ ဦးနှောက် အစစ်များကိုထားလေ့ရှိပါတယ် ။ထို့ကြောင့် အဲ့နေရာ က zombieများအတွက် သကြားလုံးဆိုင်လိုဖြစ်နေပါလိမ့်မယ်​။ ထိုနေရာတွင်လုံးဝ လုံးဝ ပုန်းခိုရန် မသင့်ပါဘူး။

၅။ ဆေးရုံ

ဤ အခြေအနေမျိုးတွင်ဆေးရုံမှာပုန်းခိုခြင်းက အဆိုးတက အဆိုးဝါးဆုံးအကြံဖြစ်ပါလိမ့်မည်။ ဆေးရုံရှိလူနာများက zombieများလည်းဖြစ်နေနိုင်သလို လူအများက ဆေးဝါးစုဆောင်းရန် ရောက်နှင့်ပြီးဖြစ်နိုင်သောကြောင့် လူ အုပ်ထဲမှာ ပိတ်မိနေနိုင်ပါတယ်။

၆။လယ်ကွင်း

လယ်ကွင်းထဲတွင် ပုန်းခြင်းက အကြံကောင်းလည်းဖြစ်နိုင်သလို တော်တော်ဆိုးဝါးတဲ့ အကြံလည်းဖြစ်နိုင်ပါတယ် ။လယ်ကွင်းထဲမှ အစားအစာ များကို မှီတင်းနေနိုင်ခွင့်ရခြင်းက ကောင်းသော အချက်ဖြစ်ပြီး မြေပြန့်နေရာဖြစ်ခြင်းကြောင့် ပုန်းခိုရန်နေရာ ရှားပါးခြင်းက အဆိုးပင်ဖြစ်ပါတယ်။

၇။ ရေဆိုးမြောင်း

ရေဆိုးမြောင်းတွေက မကောင်းသော အငွေ့အသက် အနံ့ဆိုးများ ကြွက်များရှိသော နေရာ ဖြစ်သောကြောင့် သင့်ကျန်းမာရေးကိုထိခိုက်စေပါလိမ့်မယ်​။ နေရောင်မမြင်ရတာကြာပါက ရူးလည်းရူးသွားနိုင်ပါတယ်။ zombieများဝင်ရောက်လာပါက ပြေးရန်မြေ မရှိလည်း ဖြစ်စေပါတယ်​။

Writer – Min Thu ( XYZ News )

Ads