၁။ကားလက်ကိုင်ကအကြွေစေ့

ကားတံခါးဖွင့်ဖို့ပရိယာယ်၁ခုကတော့အကြွေစေ့အကူအညီနဲ့ပါသူခိုးကကားလက်ကိုင်မှာအကြွေစေ့ထည့်ထားမယ်ဆိုရင်ကားပိုင်ရှင်ကကားတံခါးပိတ်တဲ့အခါကားlock ကျသွားတယ်လို့အသံမျိုးကြားရပေမဲ့တကယ်တော့အကြွေစေ့ကြောင့်ကားကပွင့်နေပါတယ်ဒါကြောင့်ကားlock မချရင်မှာကားကိုအရင်တစ်ချက်ကြည့်သင့်တယ်။

၂။OBD port မှဖျက်ဝင်ခြင်း

1996ကတည်းကကားတွေအားလုံးမှာOBD ports ကိုတပ်ဆင်ထားကြတယ်OBD port မှတစ်ဆင့်ကားကွန်ပြူတာထဲဝင်လို့ရတယ်၊OBD နဲ့ချိတ်ဆတ်ထားတဲ့equipment ရဲ့အကူအညီနဲ့ကားတံခါးဖွင့်လို့ရတယ်OBD port ကိုကာကွယ်ဖို့နည်းလမ်းကတော့ကားမှာပါတဲ့port connector ကိုပုံစံပြောင်း၍သော်လည်းကောင်းOBD ဝါယာကြိူးတွေရှိတဲ့နေရာကိုပြောင်း၍သော်လည်းကောင်းသူခိုးအသုံးမပြူနိုင်အောင်ပြုလုပ်လို့ရပါတယ်။

၃။ရေသန့်ဘူးအလွတ်

သူခိုးကကားတာရာကြားထဲမှာကားပိုင်ရှင်မသိအောင်ဘူးအလွတ်ထည့်ထားမယ်။ ဆိုရင်ကားမောင်းလိုက်တဲ့အခါကြောက်စရာကောင်းတဲ့အသံကျယ်ကြီးထွက်လာပါလိမ့်မယ်ကားပိုင်ရှင်ကကားစက်ပိတ်ဖို့၊သော့ဖြုတ်ဖို့နဲ့အဖိုးတန်ပစ္စည်းမယူမိဘဲကားပေါ်ကဆင်းကြည့်ရင်အဲဒီအချိန်မှာကားကိုခိုးသွားနိုင်တယ်။

၄။ကားalarm မြည်စေမယ်

ဒီနည်းလမ်းကိုခြံထဲမှာကားရပ်တဲ့အခါသုံးကြတယ်သူခိုးကကားကိုပစ္စည်းတစ်ခုခုနဲ့ပစ်လိုက်ရင်ကားကဘာမှတော့မဖြစ်ပေမဲ့ကားalarm တော့ထမည်မယ်သူခိုးကကားကိုခိုးလို့မရရင်တောင်ကားအစိတ်အပိုင်းတစ်ချို့တော့ခိုးလို့ရတယ်။

၅။အမျိုးသမီးတွေရဲ့ပိုက်ဆံအိတ်

လူအများစုကကားမောင်းတဲ့အခါကားတံခါးကိုlock ချလေ့မရှိပေမဲ့ပိုက်ဆံအိတ်တွေစာရွက်စာတမ်းတွေကိုတော့ထိုင်ခုံဘေးမှာယူထားလေ့ရှိတယ်မီးပွိုင့်မိလို့ကားရပ်နေတဲ့အချိန်ဆိုသူခိုးကတံခါးဖွင့်ပြီးအိတ်ကိုလာလုမယ်။ဒါဆိုကားပိုင်ရှင်ကကားပေါ်ကဆင်းပြီးသူခိုးနောက်လိုက်မယ်အဲဒီအချိန်မှာကားကိုခိုးမယ်။ တကယ်လို့သူခိုးရဲ့အစီအစဉ်အတိုင်းမဖြစ်ရင်လည်းသူခိုးကလုယူသွားတဲ့ပစ္စည်းကိုတော့ရမယ်။သူဖုန်းစားတွေလည်းအဲလိုလုပ်တတ်ပါတယ်သင့်ကိုကားပေါ်ကဆင်းအောင်အမျိုးမျိုးလုပ်မယ်ပြီးရင်သူ့တို့အဖော်တွေနဲ့ကားကိုခိုးရင်ခိုးမခိုးရင်အခြားအဖိုးတန်ပစ္စည်းတွေကိုယူမယ်။

Writer – Min Thu ( XYZ NEWS )

Ads