အမေရိကန်နိုင်ငံ Memphis မြို့မှာနေထိုင်တဲ့ Jackson Oswalt ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Nuclear Fusion Reactor ကိုသူ့ရဲ့ စမ်းသပ်ခန်းထဲမှာအောင်မြင်စွာတည်ထွင်နိုင်ခဲ့ပါတယ် ။ ဒီစက်ကိုတော့ လေစုပ်စက် ၊ ပန့် ၊ ပြွန်တွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ဒါတွေအားလုံးကို သူ့မိဘတွေက ဒေါ်လာ ၁ သောင်းအကုန်အကျခံပြီး ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ် ။

သူ့တီထွင်ထားတဲ့စက်ဟာ အက်တမ်နှစ်ခုကိုပေါင်းစည်းပြီး အက်တမ်ရဲ့အတွင်းပိုင်းက စွမ်းအင်ကိုထုတ်နိုင်လောက်တဲ့အထိ တတ်နိုင်စွမ်းရှိပါတယ် ။ ဒီစက်ကိုတီထွင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်အားလုံးကို အွန်လိုင်းပေါ်ကပဲ လေ့လာခဲ့တာဖြစ်ပြီး ဇနရဝါရီလ ၁၉ ရက်နေ့ အသက် ၁၃ နှစ်မပြည့်ခင် နာရီပိုင်းအလိုမှာတီထွင်ပြီးစီးခဲ့တာပဲဖြစ်ပါတယ် ။ယခင် Nuclear Fusion Reactor အငယ်ဆုံးတီထွင်ဖန်တီးရှင်ဆုကို ပိုင်ဆိုင်ထားတဲ့သူကတော့ Taylor Winson ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာတီထွင်ခဲ့တာပဲဖြစ်ပါတယ် ။

“သူများတွေ Nuclear Fusion Reactor နဲ့ ဘာလုပ်ကြလဲဆိုတာကို ကျွန်တော်အရင်ဆုံးလေ့လာခဲ့တာပါ ။အဲ့ဒီနောက်တော့ ဘယ်လိုဆင်ရမလဲဆိုတာ ကျွန်တော် သင်ယူခဲ့တယ် ။ လုအပ်တဲ့ ပစ္စည်းတွေကိုတော့ eBay ပေါ်ကမှာယူခဲ့ပြီး eBay ပေါ်မှာမရနိုင်တဲ့ပစ္စည်းတွေကိုတော့ ကျွန်တော်ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်” လို့ သူကပြောပါတယ် ။သူ့ရဲ့စက်ဟာ Deuterium Gas ( ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်) ကို လေဟာနယ်ထဲမှာ ဗို့အား ၅ သောင်းပေးပြီးတော့ ပေါင်းစည်းပေးနိုင်ပါတယ် ။

ဒီနည်းလမ်းဟာ နေလုံးကြီးရဲ့ စွမ်းအင်ထွက်ပေါ်တဲ့ နည်းလမ်းနဲ့အတူတူပါပဲ ။ သူရဲ့နည်းလမ်းဟာ ထွက်ရှိတဲ့စွမ်းအင်ထက် ထည့်သွင်းရတဲ့စွမ်းအင်က ပိုများနေသေးကြောင်းလည်း Jackson ကပြောပြထားပါတယ် ။ ဓါတ်ပေါင်းဖိုအတွက် စွမ်းအင်ကို လျပ်စစ်စွမ်းအင်ကနေရယူနေရသေးတာကြောင့် ကျွန်တော် ဘီလျံနာမဖြစ်နိုင်သေးတာလို့လည်း Jackson ကပြောပါသေးတယ်။

Open Source Fusor Research Consortium ဆိုတဲ့အွန်လိုင်းဖိုရမ်တစ်ခုဟာ လူငယ်သိပ္ပံပညာရှင်တွေ စုဝေးရာနေရာတစ်ခုဖြစ်ပါတယ် ။ Jackson ဟာ သူ့ရဲ့ ဓါတ်ပေါင်းဖိုအတွက် အိုင်ဒီယာကို ဒီဖိုရမ်မှ ရခဲ့တာပဲဖြစ်ပါတယ် ။ Jackson ရဲ့အဖေ Chris ကလည်း သူ့သားလုပ်ချင်တဲ့ကိစ္စကို လုပ်ဖို့ခွင့်ပြုခဲ့ပေမယ့် သူအန္တရာယ်မဖြစ်အောင်တော့ အမြဲတစေစောင့်ကြည့်နေခဲ့ကြောင်း အင်တာဗျူးမှာဖြေကြားခဲ့ပါတယ် ။

Jackson ရဲ့အဖေဟာ သူ့သားကို ရေဒီယိုသတ္တိကြွမှု နဲ့ ဗို့အားမြင့်လျပ်စစ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း သင်ကြားပေးခဲ့ပါသေးတယ် ။ဒီတော့ ၁၂ နှစ်သားအရွယ်လေးကတော့ အက်တမ်ဓါတ်ပေါင်းဖိုတစ်ခုကိုထွင်ပြသွားခဲပြီ ။ ဒီစာကိုဖတ်နေတဲ့လူငယ်လေးတွေရော ဘာတွေတီထွင်ဖို့စိတ်ဝင်စားကြလဲ ။သင့်အတွေးထဲမှာ ရှိနေတဲ့ အိုင်ဒီယာလေးတွေကို ရှဲခဲ့ပါဦး ။

Writer _ Min Thu ( XYZ NEWS )

Ads