ကားတစ်စီး သို့မဟုတ် ကားထဲမှာရှိတဲ့ ပစ္စည်းတွေကို စက္ကန့် ၂၀ အတွင်း ခိုးယူနိုင်တယ်ဆိုတာကို သင်သိရဲ့လား။အခု ရဲဘက်မှာ အလုပ်လုပ်နေတဲ့ ကားသူခိုးဟောင်းတစ်ယောက်ပြောပြခဲ့တဲ့ ကားသူခိုးတွေရန်ကညကာကွယ်နည်းတွေကို လေ့လာကြည့်ပါဦး ။

၁- အဖိုးတန်ပစ္စည်းတွေကို ကားနောက်ဖုံးထဲထည့်ထားပါ။

Open car trunk

ကားသူခိုးတွေဟာ ဘယ်တော့မှ ကားနောက်ဖုံးကို ဖွင့်ကြည့်ကြလေ့မရှိပါဘူး။

၂- ကားရပ်တဲ့အခါ လင်းလင်းထင်းထင်းနေရာမှာ ရပ်ပါ။

ကားသူခိုးတွေဟာ လင်းထိန်နေတဲ့ ကားပါကင်လိုနေရာမျိုးမှာရပ်ထားတဲ့ကားတွေကို လုံးဝခိုးလေ့မရှိပါဘူး။

၃- ကားရေဒီယိုအဖုံးကို ဖြုတ်ထားပါ။

များသောအားဖြင့် ကားသူခိုးတွေဟာ ကားရေဒီယိုကို အဓိကထားခိုးယူတဲ့အတွက် သူတို့အမြင်မှာ ရေဒီယိုမရှိဘူးလို့ ထင်သွားခဲ့ရင် သင့်ကားကို ဖောက်ထွင်းဖို့ နောက်တစ်ကြိမ်ပြန်စဉ်းစားပါလိမ့်မယ်။

၄- တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ထိုင်ခုံအောက်မှာ ဖွက်ထားခဲ့ပါ။

ကားသူခိုးတွေဟာ အလျင်စလို အလုပ်လုပ်ရတာကြောင့် ထိုင်ခုံအောက်ကို ရှာဖို့ လုံးဝကို စဉ်းစားမိမှာမဟုတ်ပါဘူး။

၅- တန်ဖိုးကြီးကားတွေ ဖြစ်ခဲ့ရင် နေကာမှန်မျိုးတပ်ထားသင့်ပါတယ်။

နေကာမှန်ကြောင့် ကားထဲမှာ လူရှိမရှိ မမြင်နိုင်တဲ့အတွက် သင့်ကားကို ခိုးဖို့ ကြိုးစားမှာမဟုတ်ပါဘူး။

၆- ကားမှာ GPS ခြေရာခံစက်တပ်ထားပါ။

တကယ်လို့ ကားအခိုးခံရရင်တောင်မှ GPS ကုမ္ပဏီဟာ အခိုးခံရတဲ့ကားကို နာရီပိုင်းအတွင်း ပြန်ရှာပေးနိုင်ပါလိမ့်မယ် ။

၇- ကားထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံးမထားခဲ့ပါနဲ ။

တကယ်လို့ ကားဖောက်ထွင်းသူတွေက ကားထဲမှာ သင်နေထိုင်တဲ့ အိမ် ဘယ်မှာလဲဆိုတာသိသွားရင် သင်မရှိတဲ့အချိန် သင့်အိမ်ကို ဝင်ဖောက်ကြပါလိမ့်မယ်။

Writer – Min Thu ( XYZ NEWS )

Ads