ကိုယ်ပိုင်လေယာဉ်ပေါ်မှာ ဒေါ်လာ ၂ သန်းတန်တဲ့ ညစာစားခဲ့တဲ့ စင်္ကာပူကမီလျံနာသူဌေးစုံတွဲ

စင်ကာပူက စုံတွဲတစ်တွဲဟာ ကိုယ်ပိုင်လေယာဉ်တစ်စီးပေါ်မှာ ဟင်းအမယ် ၁၈ မျိုးနဲ့ စင်ကာပူဒေါ်လာ ၂ သန်းတန် ညစာကို စားသောက်ခဲ့ကြတာကြောင့် စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

အဲဒီလောက် ဈေးကြီးတဲ့ ညစာကြောင့် ရူးနှမ်းတဲ့ အာရှသူဌေး ညစာဆိုပြီး ဒေးလီးမေးလ်က ကင်ပွန်းတပ်ကာ ဒီ ညစာဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဒင်နာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဒင်နာကို စင်ကာပူဒေါ်လာ သန်း ၅၀ တန် Bombardier Global 6000 ကိုယ်ပိုင်လေယာဉ်နဲ့ အမြင့်ပေ လေးသောင်းမှာ စားသောက်ခဲ့ကြတာပါ။

အဲဒီ ဒင်နာညစာကို ရုရှကုမ္ပဏီတစ်ခုဖြစ်တဲ့ World of Diamonds Group ရဲ့ အင်အားပါ ယူပြီး စင်ကာပူ စုံတွဲဟာ ခင်းကျင်းစားသောက်တာပါ။ ဒေးလီးမေးလ်အနေနဲ့တော့ အဆိုပါ စုံတွဲရဲ့ အမည်ကို မဖော်ပြပါ။

စုံတွဲအနေနဲ့ သုံးရက်တာ အပျော်အပါး အပန်းဖြေတာဖြစ်ပြီး အဲဒီလို အပန်းဖြေရာမှာ ဒင်နာတစ်ညကိုတော့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ စိန်စီတဲ့ တူနဲ့ကို စားသောက်ခဲ့တာပါ။
အဲဒီ တူတွေမှာ စိန်ပွင့် ၄၂ ပွင့်စီ စီခြယ်ထားတာပဲ ဖြစ်ပါတယ်။

လေးနာရီကြာ ကိုယ်ပိုင်လေယာဉ်ပေါ်မှာ ပျံသန်းရင်း စိန်စီတဲ့ တူတွေနဲ့ ဟင်းလျာတစ်မယ်ပြီး တစ်မယ် ၁၈ မျိုးအထိ တည်ခင်းစားသောက်တဲ့ ဒီ ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ နိုင်ဂျီးရီးယားမှာ နှစ်စဉ် ကလေးငယ် ၈၀၀၀ ရဲ့ အသက်ကို ကယ်တင်နိုင်တယ်လို့ ဒေးလီးမေးက ဆိုထားပါတယ်။

 

 

Rf; The Independent
Writer_ မောင်သံဆင့်(XYZ News)

Ads