Avangard လို့နာမည်ပေးထားတဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်ကို မကြာခင်အချိန်အတွင်းမှာ Red Banner Missile Division ကနေထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ ဒီဒုံးကျည်ဟာ သာမန်ဒုံးကျည်တွေထက် အဆ ၂၀ မြန်ဆန်ပြီးတော့ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ပေါက်ကွဲတဲ့အခါ ဥက္ကာခဲဝင်တိုက်သလိုမျိုးသက်ရောက်မှုဖြစ်စေမှာပဲဖြစ်ပါတယ်။ ရုရှားသမ္မတကတော့ ဒီဒုံးကျည်ဟာ မည်သည့်ဒုံးခွင်းစနစ်ကိုမဆို ကျော်ဖြတ်နိုင်တယ်လို့အခိုင်အမာပြောကြားထားပါတယ်။

၂၀၁၉ ခုနှစ်မှာ စစ်ဘက်ဆိုင်ရာဘက်မှာစတင်အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ရုရှားကာကွယ်ရေးဌာနမှ TASS သတင်းဌာနက ကိုပြောပြသွားပါတယ်။ ဒုံးကျည်မှာဆိုရင် ဟီရိုရှီးမားမြို့ကိုကြဲချခဲ့တဲ့ အနုမြူဗုံးထက် ပေါက်ကွဲဆ အဆ ၁၀၀ မြင့်မားလွန်းတဲ့ ၂ မက်ဂါတန် နူကလိယာထိပ်ဖူးတပ်ဆင်ထားပါတယ်။ လန်ဒန်မြို့ပေါ်သာဒီဗုံးကျသွားခဲ့မယ်ဆိုရင် တစ်မိုင်လောက်အချင်းရှိတဲ့မီးလုံးကြီးပေါ်ထွက်လာပြီးတော့ လူသန်းချီအသက်ဆုံးရှုံးရပါလိမ့်မယ်။

Avangard ဒုံးကျည်မှာတော့ ရော့ကတ်အပိုင်းနဲ့ ဂလိုက်ဒါအပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းပါရှိပါတယ်။ ဂလက်ဒါအပိုင်းကတော့ ဒုံးကျည်ကို လေထုအပြင်ဘက်အထိ ယူဆောင်သွားဖို့အတွက် တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ ရှရှားရဲ့နာမည်ကျော် Satan 2 ဒုံးကတော့ Avangard ထိပ်ဖူး ၂၄ ခုအထိယူဆောင်သွားနိုင်ပြီး ဗြိတိန်လို ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံကို အမှုန့်ခြေပစ်လိုက်နိုင်စွမ်းရှိပါတယ်။

အလွန်မြန်ဆန်လွန်းတဲ့အရှိန်နဲ့ကမ္ဘာ့အပြင်ဘက်ကနေပြေးဝင်လာမှာဖြစ်ပြီး ဦးတည်ရာကိုပြောင်းလဲနိုင်စွမ်းရှိတာကြောင့် ဘယ်ဒုံးခွင်းစနစ်ကမှ မဖျက်ဆီးနိုင်ကြောင်းလည်းသိထားရပါတယ်။

ဒီလက်နက်ကိုတော့ ဆိုဗီယက်ရဲ့ T15 တော်ပီဒိုကို စံထားပြီး ထုတ်လုပ်ခဲ့တာပါ ။ T-15 တော်ပီဒိုဟာဆိုရင် နယူးရောက်လို့မြို့ကြီးတစ်ခုလုံးကို မြေပုံပေါ်မှာပျောက်ကွယ်သွားစေနိုင်စွမ်းရှိတဲ့ တော်ပီဒိုပဲဖြစ်ပါတယ်။

Writer – Min Thu ( XYZ NEWS )

Ads