ယခုခေတ်မှာ လူတွေဟာ ပလပ်စတစ်ပစ္စည်းတွေကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ အသုံးပြုပြီးလို့ စွန့်ပစ်လိုက်တဲ့ ပလပ်စတစ်တွေဟာ ဆွေးမြေ့ပျက်ဆီးဖို့အလွန်ခက်ခဲပါတယ်။ ကမ္ဘာ့မြေကြီးကို ညစ်ညမ်းစေရုံသာမကရေထုကိုလည်း ညစ်ညမ်းစေပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို အမေရိကန်နိုင်ငံReed Collegeမှ ဇီဝဗေဒ ကျောင်းသူလေး Morgan Vagueက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ယခုလူတွေအသုံးပြုနေတဲ့ ရေဘူး၊အိတ်၊ နေ့စဉ်သုံးပစ္စည်း စတဲ့အရာတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Polyethylene Terephthalate (PET) လို့ခေါ်တဲ့ ပလက်စတစ်ကို စားသုံးပစ်နိုင်တဲ့ ဘတ်တီးရီးယားကို ကျောင်းသူလေးက ရှာဖွေတွေ့ရှိခဲ့ပါတယ်၊၊ ဒါဟာကမ္ဘာကြီးက လိုအပ်နေတဲ့ အဖြေတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။

“ပလက်စတစ်တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စတင်လေ့လာကတည်းကကျွန်မတို့ကမ္ဘာမြေကြီး အတွက် တကယ့်ကိုအရေးကြီးတဲ့ အဖြေတစ်ခုလိုအပ်နေပြီဆိုတာ ကျွန်မ သဘောပေါက် လိုက်တယ်” လို့ Ms Morgan Vagueက The Independentကိုပြောပါတယ်။

နှစ်စဉ် ကမ္ဘာ ပေါ်မှာ ပလပ်စတစ်တန်ပေါင်း များစွာစွန့်ပစ်နေကြပါတယ်။ ပလပ်စတစ်တန်ပေါင်း သန်း၃၀၀ခန့် နှစ်စဉ်စွန်ပစ်နေကြပါတယ်။ အဲ့ဒီအထဲကမှ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ရီဆိုင်ကယ် ပြန်လုပ်နိုင်ကြပါတယ်။ စွန့်ပစ်ပလပ်စတစ်တွေဟာ ကမ္ဘာ့မြေပြင်ကိုသာမက ပင်လယ်၊သမုဒ္ဒရာတွေကိုလည်း ညစ်ညမ်းစေပါတယ်။ စောစောစီးစီးသာ အမြန်မဖြေရှင်းနိုင်ဘူး ဆိုရင် နောက်ထပ်နှစ်အနည် အတွင်းမှာ ကြီးမားတဲ့ကမ္ဘာ့ပြဿနာကြီး တစ်ခုဖြစ်လာမှာပါ။ ကျောင်းသူေ လးရဲ့ တွေ့ရှိမှုကတော့ အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်။

ဘတ်တီးရီးယားတွေဟာ အရာတော်တော််များများကို ပြုလုပ်နိုင်တာ စတင်လေ့လာကတည်းက သူမသတိထားမိခဲ့ပါတယ်။ ဒီလိုနဲ့ ပလပ်စတစ်တွေကိုစာသုံးပစ်နိုင်တဲ့ ဘတ်တီးရီးယား ကိုရှာဖွေဖို့ စိတ်အားထက်သန်ခဲ့ပါတော့တယ်။ သူမရဲ့မွေးရပ်မြေHoustonမြို့ရဲ့ မြေပြင်နဲ့ရေပြင်တွေထဲမှာ ဘတ်တီးရီးယား ရှာဖွေရေးတွေစတင်လုပ်ဆောင် ခဲ့ပါတော့တယ်။ သူမတွေ့ရှိခဲ့ ဘတ်တီးရီးယားတွေထဲမှ ပထမဆုံး မျိုးစိပ် ၂၀ကိုရွေးထုတ်လိုက်တယ်။ အဲ့ဒီထဲက သုံးခုကို ရွေးထုတ်ပြီးေ ရဘူးခွံက ပလပ်စတစ်နဲ့ စမ်းသပ်တဲ့အခါ မှာတော့ မျိုးစိပ်တစ်ခုဟာ ပလပ်စတစ်ကို စားသုံးပစ်နိုင်တာတွေ့ရှိခဲ့ပါတယ်။

ယခုသူမတွေ့ရှိခဲ့တဲ့ ဘတ်တီးရီးယား ဟာ Polyethylene Terephthalate (PET)ကိုသာ စာသုံးပစ်နိုင်တာပါ။ တခြားပလပ်စတစ်အမျိုးအစားတွေကိုပါ စားသုံးပစ်နိုင်ဖို့အတွက် စမ်းသပ်လေ့လာမှုတွေများစွာလုပ်ရဦးမယ်လို့ သူမရဲ့ Thesisကို ကြီးကြပ်ပေးတဲ့Jay Melliesက ဆိုပါတယ်။အရင်ကလည်း ဒီလိုရှာဖွေတွေ့ရှိမှုမျိုးရှိခဲ့ဖူးပါတယ်။ ရှာဖွေတွေ့ရှိရုံနဲ့ မလုံလောက်ပါဘူး။ ပလပ်စတစ်အများအပြားကို ဖျက်ဆီးနိုင်လောက်တဲ့ပအာဏအထိ ထုတ်လုပ်နိုင်ဖို့ ဘတ်တီးရီးယားတွေကို လေ့လာစမ်းသပ်မှု အများကြီး လုပ်ဖို့လိုပါသေးတယ်။

“Morgan Vagueရဲ့ တွေ့ရှိမှုဟာ ကမ္ဘာကြီးရဲ့ပလပ်စတစ်ပြဿနာ အားလုံးကိုဖြေရှင်းနိုင်မယ့်အဖြေတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ်အဲ့ဒီအဖြေအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု
တော့ ဖြစ်လာမှာပါ”လို့ ကြီးကြပ်သူ Jay Melliesကပြောသွားခဲ့ပါတယ်။

Ref;The Independent
Writer~Thu Rein ( XYZ NEWS )

Ads