အော်တိုဂီယာကားတွေဟာ လူသစ်တွေအတွက်တော့ကောင်းချီးတစ်ခုပါပဲ။လွယ်တယ်၊ မြန်တယ်၊ ဘာမှစိတ်မရှုပ်ရဘူး။ဒါမဲ့လဲ အချို့အရာတွေကို အသုံးပြုတဲ့နည်းလမ်းမှားတဲ့အခါမှာဆိုရင် ဝမ်းနည်းစရာတွေဖြစ်လာနိုင်ပါတယ်။ လွယ်တယ်လို့ထင်ရပေမဲ့ အချို့အကျင့်ဆိုးလေးတွေက သင့်ကိုဒုက္ခဖြစ်စေနိုင်ပါတယ်။

ကားပျက်စီးယိုယွင်းသွားတဲ့အခါမှာလဲအစားထိုးဖို့ပစ္စည်းတွေကို သင်ကိုယ်တိုင်ရှာဖွေရတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သတိထားပီးရှောင်ရှားသင့်တဲ့အချက်လေးတွေကို တင်ပြလိုက်ရပါတယ်။

၁။သင်ဟာ ကားပေါ်မှာပဲအချိန်အကြာကြီးထိုင်နေမယ်ဆိုရင် ဂီယာကို ဒီ(Drive) မှာမထားခဲ့ပါနဲ့

ဒီတိုင်း ကားပေါ်မှာအချိန်အကြာကြီးထိုင်ပဲထိုင်နေမယ့်ဟာကို ဂီယာကို “ဒီ” မှာထားထားမယ်ဆိုရင် အပူလွန်ကဲမှုဖြစ်ပီးသင့်ကားကိုထိခိုက်စေနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် ကားကိုစက်သတ်ထားတာပဲဖြစ်ဖြစ် ပါကင်ဂီယာမှာထားတာပဲဖြစ်ဖြစ်ပြုလုပ်ထားတာကသင့်ရောသင့်ကားအတွက်ပါဘေးကင်းစေမှာပါ။

၂။ပါကင်ဘရိတ်ဆွဲဖို့မမေ့ပါနဲ့

ပါကင်ဘရိတ်ဆွဲဖို့မေ့တာကလဲ အင်မတန်ကိုမှကြီးမားတဲ့အမှားတစ်ခုပါ။ ကားစမောင်းတဲ့သူတွေသိထားရမှာက ပါကင်ဘရိတ်ကိုသာမဆွဲထားရင် အသေးအဖွားလေးကအစဒုက္ခရောက်နိုင်တယ်ဆိုတာကိုပါ။

၃။တောင်ပေါ်ကဆင်းတဲ့အခါ “N” ဂီယာမထိုးထားပါနဲ့

တောင်ပေါ်အဆင်းကိုမောင်းတဲ့အခါ “N”ဂီယာထိုးထားတာက ဂတ်စ်ချွေတာရာရောက်တယ်လို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ အဲ့လိုလုပ်ထားခြင်းဟာသိပ်ကိုအန္တရာယ်များပါတယ်။ ကားကိုထိန်းချုပ်နိုင်စွမ်းကိုလဲ လျော့ကျစေပီး ကားဂီယာတွေကိုလဲပျက်စီးစေနိုင်ပါတယ်။

၄။မီးပွိုင့်မိနေတဲ့အခါမှာလဲ “N”ဂီယာမှာမထားပါနဲ့

မြို့ကြီးပြကြီးမှာနေတဲ့ဘယ်သူမဆိုမီးပွိုင့်မိပီးကားပိတ်တာကိုတွေ့ကြုံရမှာဖြစ်ပါတယ်။ အချိန်ကုန် လူပင်ပန်းစေတဲ့အရာတစ်ခုဆိုလဲမမှားပါဘူး။ ဒါမဲ့လဲ အဲ့လိုဆိုပီး “N”ဂီယာကိုသုံးတာက မှားသွားနိုင်ပါတယ်။ သင်လောင်စာကုန်သက်သာမယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်။ ” N”ဂီယာမှာထားခြင်းအားဖြင့် သင့်ရဲ့ကားကိုထိန်းချုပ်နိုင်စွမ်းကိုလဲလျော့စေပီး မြန်မြန်ဆန်ဆန် မကိုင်တွယ်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

၅။ကားအပြည့်အဝမရပ်သေးတဲ့အချိန်မှာပါကင် ဂီယာမထိုးပါနဲ့

ကားအပြည့်အဝမရပ်တန့်သေးတဲ့အချိန်မှာပါကင်ဂီယာသွားထိုးတာဟာ အော်တိုဂီယာစနစ် မှာအသုံးပြုထားတဲ့ လော့ခ်ပင် လေးကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပါကင်ထိုးရမယ့်နေရရှာတွေ့တဲ့အခါ အလျင်မလိုပါနဲ့။ ကားကိုအရင်ရပ်ပါ။ ပီးတော့မှ ပါကင်ဂီယာထိုးပါ။

၆။ဂီယာထဲကိုရေမဝင်ပါစေနဲ့

အရည်တွေကိုသတိထားပေးပါ။ နဲနဲပဲဖြစ်ဖြစ်ရေဝင်သွားရင်တောင်ပျက်စီးဆုံးရှုံးမှုများနိုင်ပါတယ်။

၇။ဂတ်စ်နည်းနေရင် နည်းနေတဲ့အခြေအနေအတိုင်းမထားပါနဲ့

သင့်ကားရဲ့လောင်စာကန် မှာ လောင်စာဟာ အမြဲ ၄ ပုံ ၁ ထက်မနည်းရှိသင့်ပါတယ်။ အဲ့အတွက် အကြောင်းရင်းတွေလဲရှိပါတယ်။ ပထမတစ်ခုကတော့သင့်ရဲ့လောင်စာအချက်ပြဟာ အမြဲမမှန်နိူင်ပါဘူး။ ဒါကြောင့်သင်ထင်ထားထက်စောပီးလောင်စာကုန်သွားတာမျိုးလဲဖြစ်နိုင်ပါတယ်။ အဲ့အပြင် လောင်စာဟာချောဆီပိုင်းနဲ့ဆက်စပ်နေတာဖြစ်လို့လောင်စာဆီနည်းနေရင် ချောဆီပိုင်းကိုပါဒုက္ခရောက်စေနိုင်ပါတယ်။

၈။ကားရွေ့လျားနေတာမရပ်သေးဘူးဆိုရင် “D” ကနေ “R” ကိုချက်ချင်းကြီးမပြောင်းလိုက်ပါနဲ့

ဒီလိုပြုလုပ်ခြင်းဟာ ဘေးမကင်းတဲ့အပြင် သင့်အော်တိုဂီယာတွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရငမဆုံး ရပ်လိုက်ပါ။ ရပ်သွားတာသေချာပီဆိုမှကျန်တာဆက်လုပ်ပါ။

၉။အော်တိုကားမှာ ခြေထောက်တစ်ဖက်ပဲသုံးပါ။

အော်တိုကားတွေမှာ ခြေထောက်တစ်ဖက်ပဲသုံးတာပိုပီးကောင်းပါတယ်။ ခြေထောက် ၂ ဖက်သုံးမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ခြေနင်းပြား ၂ ခုလုံးကိုနင်းမိနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်တစ်ဖက်ကိုပဲသုံးပီးမောင်းတတ်အောင်ကျင့်ထားသင့်ပါတယ်။

Writer -Min Thu ( XYZ NEWS )

Ads