တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရဗ်စ်ရောဂါပိုးသစ်ကြောင့် သေဆုံးသူ ၁၇ ဦးရှိနေပြီဖြစ်ပြီး ဝူဟန်မြို့၏အစားအသောက်စျေးတွင်ရောင်းချသောလင်းနို့များနှင့်မြွေများမှ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်နိုင်သည်တယ်လို့လဲသိရပါတယ် ။

ဝူဟန်မြို့မှ အစားအသောက်စျေးဟာ ငှက်၊ ယုန်၊ လင်းနို့နှင့်မြွေကဲ့သို့သော တိရစ္ဆာန်အရှင်များကို ရောင်းချလေ့ရှိပြီး ကိုရိုနာဗိုင်းရဗ်စ် ရောဂါပိုး အဆိုပါတိရစ္ဆာန်များဆီမှ ပြန့်ပွားလာတာဖြစ်နိုင်တယ်လို ့သုံံးသပ်ထားတာဖြစ်ပါတယ်။ စျေးထဲတွင် မြွေနှင့်လင်းနို့လှောင်အိမ်များကို ကပ်လျက်ထားရာမှ ရောဂါပိုးများပေါင်းစပ်ကာ ရောဂါပိုးအသစ်ဖြစ်ပေါ်လာသည်ဟု ပညာရှင်များက ယူဆနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့ဖြစ်ပွားမှု ရပ်တန့်ဖို့ လုပ်ဆောင်ချက်တစ်ရပ်အဖြစ် လူဦးရေ ၁၁ သန်း ရှိရာ ဝူဟန်မြို့က အများပြည်သူ သွားလာရေးတွေကို ယာယီရပ်ထားတော့မှာ ဖြစ်ပါတယ်။

တရုတ် လနှစ်သစ်ကူးပွဲတော် ရောက်ရှိနေတဲ့ ကာလအတွင်းမှာ ပြည်သူ သန်းပေါင်းများစွာက ခရီးသွားလာနေကြရာ သီတင်းပတ်အတွင်း ဝူဟန် မြို့က နေထိုင်သူတွေကတော့ မြို့ကနေ မထွက်ခွာဖို့ အကြံပြုထားခံရပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်တဲ့ ဒီ ရောဂါပိုးသစ်ဟာ နိုင်ငံတွင်းက အခြားဒေသတွေဆီပါ ရောက်ရှိပျံ့နှံ့နေရုံမက အမေရိကန်နိုင်ငံအပါအဝင် အခြား နိုင်ငံတွေမှာလည်း ကူးစက်ဖြစ်ပွားနေပါတယ်။

2019-nCoV လို့ လက်ရှိမှာ သိထားတဲ့ ဒီ ဗိုင်းရပ်စ်ပိုးဟာ ယခင်က လူတွေမှာ မကူးစက်တဲ့ ကိုရိုနာမျိုးနွယ်ဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တွေက တစ်ကမ္ဘာလုံးမှာ လူပေါင်း ၈၀၀ နီးပါး သေဆုံးခဲ့ရတဲ့ SARS ရောဂါပိုးဟာလည်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။

အခု ဖြစ်ပွားပျံ့နှံ့နေတဲ့ လက်ရှိ ရောဂါပိုးသစ်ကြောင့် သေဆုံးမှု အများစုဟာ ဝူဟန်မြို့ပတ်လည် ဟူဘေးပြည်နယ်အတွင်းကပဲ ဖြစ်ပါတယ်။

ဒီ ဗိုင်းရပ်စ်ပိုးသစ်နဲ့ ပတ်သက်ပြီး ဂျီနီဗာမှာ စည်းဝေးခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ်ကော်မတီက တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာသေးမှာ မဟုတ်ကြောင်း ပြောပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တီဒရိုက အခု ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ ပိုမိုရရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ သတ်မှတ်တာဟာ အမြင့်ဆုံး သတိပေးချက်အဆင့်ဖြစ်ပြီး WHO ကပဲ သတ်မှတ်နိုင်တာ ဖြစ်ပြီး ဇီကာနဲ့ အီဘိုလာဗိုင်းရပ်စ်တွေ ဖြစ်ပွားချိန်က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ဖူးပါတယ်။

Rf; BBC
Writer_ မောင်သံဆင့်(XYZ News)

Ads